ကိန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ထက် သာလွန်နေတဲ့ မာတီနယ်လီရဲ့ တိုက်စစ်နေရာနဲ့ပတ်သက်ပြီး သဘောတူခဲ့ကြတဲ့ ဂန်းနားဂန္တဝင်များ coyg

ကိန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ထက် သာလွန်နေတဲ့ မာတီနယ်လီရဲ့ တိုက်စစ်နေရာနဲ့ပတ်သက်ပြီး သဘောတူခဲ့ကြတဲ့ ဂန်းနားဂန္တဝင်များ

အာဆင်နယ်ကြယ်ပွင့် ဂါဘရီယဲလ် မာတီနယ်လီဟာ တိုက်စစ်မှူးနေရာမှာ ပိုမိုကောင်းမွန်အောင် ကစားနိုင်လိမ့်မယ်လို့ အာဆင်နယ်ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ ဝင်းတားဘန်းနဲ့ မာတင် ကီယွန်တို့က ဟောကိန်းထုတ်ခဲ့ကြပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်ဟာ ၂၀၂၇ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေစေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့တဲ့ ကစားသမားဖြစ်ပြီး အာတီတာက ၎င်းရဲ့ အဓိကကစားသမားတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ မာတီနယ်လီဟာ လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၂၆ ပွဲမှာ ၁၁ ဂိုး သွင်းယူထားပြီး စပို့တင်းလစ္စဘွန်းနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့်လည်း အထောင်တိုက်စစ်နေရာမှာ အဆက်မပြတ် ခြိမ်းခြောက်မှုတွေပြုလုပ်နိင်ခဲ့တာဖြစ်ပါတယ်။

ဂါဘရီယဲလ် ဂျေးဇု၊ အန်ကီးတီးယားနဲ့ ထရော့ဆာ့ဒ်တို့အားလုံးဟာ ပေါ်တူဂီမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်ကို မပါဝင်နိုင်တာကြောင့် အာတီတာအတွက် တိုက်စစ်မှာ ရွေးချယ်စရာမရှိဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ မာတီနယ်လီရဲ့ တိုက်ရိုက် ချဉ်းကပ်ပုံနဲ့ မြန်နှုန်းကြောင့် ဂိုးသွင်းယူဖို့ အခွင့်အရေးအများအပြား ရရှိခဲ့ပေမယ့် ဘရာဇီးလ်တိုက်စစ်မှူးက ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင် နီဂဲလ် ဝင်းတားဘန်းက မာတီနယ်လီအနေနဲ့ တိုက်စစ်မှူးအဖြစ် အသုံးပြုခံရတာက ပိုမိုကောင်းမွန်လိမ့်မယ်လို့ ယုံကြည်နေပြီး အသင်းဖော်တွေအတွက် နေရာလွတ်တွေ ဖန်တီးဖို့ အကူအညီဖြစ်စေတာကြောင့် ဂန်းနားတွေရဲ့ တိုက်စစ်ကို ဘက်ပေါင်းစုံက တိုးတက်စေနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်က false-9 နေရာမှာ ကစားတာကို အရမ်းယုံကြည်တဲ့သူမဟုတ်ပါဘူး။ လီအန်ဒရို ထရော့ဆာ့ဒ်ကလည်း မကြာသေးမီက ဂျေးဇုရော အန်ကီးတီးယားပါ မရှိလို့ အဲဒီအခန်းကဏ္ဍမှာ ကစားခဲ့တယ်။ ကျောနံပါတ် ၉ ကစားသမားစစ်စစ်မရှိတာကြောင့် အာတီတာက တိုက်စစ်ကစားသမားတွေကို ယုံကြည်မှု ပေးခဲ့ရတယ်။ ဂျေးဇုနဲ့ အန်ကီးတီးယားသာ မကစားနိုင်ဘူးဆိုရင် အဲဒီနေရာမှာ မာတီနယ်လီ ကစားရလိမ့်မယ်။ သူ့မှာ စစ်မှန်တဲ့ မြန်နှုန်းရှိပြီး ခင်ဗျား အထောင်တိုက်စစ်မှူးအဖြစ် ကစားမယ်ဆိုရင် ချိတ်ဆက်ကစားရမယ်။ နေရာလွတ်တွေ ဖန်တီးပြီး ကိုယ့်ဘာသာ အခွင့်အရေးတွေ ဖန်တီးရမှာဖြစ်သလို အသင်းဖော်တွေအတွက်လည်း ဖန်တီးပေးရမယ်။ မာတီနယ်လီက အဲဒီတိုက်စစ်အခန်းကဏ္ဍမှာ ကစားတဲ့အခါမှာ ရှေ့တက်ဖို့ သူ့ရဲ့ မြန်နှုန်းနဲ့ စွမ်းအားကြောင့် အရမ်းကောင်းခဲ့တယ်။ အခုအချိန်မှာ တိုက်စစ်မှူးမရှိတာက ပြဿနာလို့ ကျွန်တော် မမြင်ပါဘူး။ ကျွန်တော်တို့ ဂျေးဇုနဲ့ အန်ကီးတီးယားတို့ကို ကြံ့ခိုင်မှု ပြန်ရစေချင်တာ သိသာပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ခင်ဗျားကို အရန်ခုံကနေ ရွေးချယ်မှုတွေ ပိုပေးနိုင်လို့ပါ။ ခင်ဗျား နောက်ကနေ လိုက်ကစားနေရရင် အရန်ခုံပေါ်မှာ တိုက်စစ်ကစားသမားတွေ ပိုရှိလေ ရလဒ်ကောင်း ရဖို့ များလေပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင်နောက်ခံလူ မာတင် ကီယွန်ကလည်း ဝင်းတားဘန်း ပြောတာကို သဘောတူခဲ့ပြီး မာတီနယ်လီက အထောင်တိုက်စစ်နေရာမှာ အလွန်ကောင်းမွန်တဲ့ ရွေးချယ်စရာဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

”ကျွန်တော် ယုံကြည်တယ်။ အခိုင်အမာကို ယုံတယ်။ သူက ဂိုးသွင်းရှင်စစ်စစ်ပဲ။ သူ့ရဲ့ နဂိုမူလနေရာက အလယ်မှာလို့ တကယ်ကို တွေးမိခဲ့ပါတယ်။ ဒါပေမယ့် ဘယ်တောင်ပံကနေ ကျွန်တော်တို့ အခု အထောင်တိုက်စစ်မှူးရပြီ။ ဒါကို ဆာလား၊ မာနေးတို့နဲ့ ကျွန်တော်တို့ တွေ့ခဲ့ဖူးပြီး အထူးသဖြင့် သူတို့အတူ ကစားတဲ့အခါမှာ မြင်တွေ့ခဲ့ရတယ်။ ဆာကာကလည်း အဲဒီလိုမျိုး တူညီတဲ့အရာကို လုပ်နေတယ်။ ဆိုတော့ သူတို့တွေ နည်းနည်းပိုပြီး လွတ်လပ်မှု ရလာတယ်။ ဒါပေမယ့် သူ့ကို အလယ်မှာထားလိုက်ရင် သူ ဂိုးသွင်းယူနိုင်လိမ့်မယ်။သူ အဲဒါကို ဒီနေ့ည သက်သေပြသမယ်လို့ ကျွန်တော် ထင်တယ်။ သူ့ရဲ့ပွဲစဉ်အတွင်းမှာ သူ့မှာ အရာအားလုံးရှိနေတယ်”လို့ ပြောကြားခဲ့ပါတယ်။

မာတီနယ်လီဟာ ယခုရာသီ မျှော်မှန်းသွင်းဂိုး ၆.၇ ရှိနေချိန်မှာ သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး +၄.၃ ဂိုးအထိ ပိုမိုများပြားအောင် စွမ်းဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါက တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟာရီ ကိန်း(+၄.၂ ဂိုး)နဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်(+၃.၇ ဂိုး)တို့ထက် ပိုမိုသာလွန်နေတာဖြစ်ပြီး ဂျေးဇုကလည်း ဒီလမှာ အသင်းထဲကို ပြန်လာဖို့ ပြင်ဆင်နေပြီဖြစ်ပေမယ့် အာတီတာအနေနဲ့ အန်ကီးတီးယား၊ ဂျေးဇုနဲ့ ထရော့ဆာ့ဒ်တို့ ဒဏ်ရာရသွားတဲ့အချိန်ကျရင် မာတီနယ်လီက ကျောနံပါတ် ၉ အခန်းကဏ္ဍမှာ ကစားနိုင်စွမ်းရှိတာကို လက်ရှိမှာတော့ သတိပြုမိသွားခဲ့ပြီဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

အာဆင္နယ္ၾကယ္ပြင့္ ဂါဘရီယဲလ္ မာတီနယ္လီဟာ တိုက္စစ္မႉးေနရာမွာ ပိုမိုေကာင္းမြန္ေအာင္ ကစားႏိုင္လိမ့္မယ္လို႔ အာဆင္နယ္ၾကယ္ပြင့္ေဟာင္းေတြျဖစ္တဲ့ ဝင္းတားဘန္းနဲ႔ မာတင္ ကီယြန္တို႔က ေဟာကိန္းထုတ္ခဲ့ၾကပါတယ္။

ဘရာဇီးလ္ၾကယ္ပြင့္ဟာ ၂၀၂၇ ခုႏွစ္အထိ အသင္းမွာ ဆက္ရွိေနေစမယ့္ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုခဲ့တဲ့ ကစားသမားျဖစ္ၿပီး အာတီတာက ၎ရဲ႕ အဓိကကစားသမားေတြကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ မာတီနယ္လီဟာ လက္ရွိအခ်ိန္အထိ ၿပိဳင္ပြဲစုံ ၂၆ ပြဲမွာ ၁၁ ဂိုး သြင္းယူထားၿပီး စပို႔တင္းလစၥဘြန္းနဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲမွာ ဂိုးမသြင္းယူႏိုင္ခဲ့ေပမယ့္လည္း အေထာင္တိုက္စစ္ေနရာမွာ အဆက္မျပတ္ ၿခိမ္းေျခာက္မႈေတြျပဳလုပ္နိင္ခဲ့တာျဖစ္ပါတယ္။

ဂါဘရီယဲလ္ ေဂ်းဇု၊ အန္ကီးတီးယားနဲ႔ ထေရာ့ဆာ့ဒ္တို႔အားလုံးဟာ ေပၚတူဂီမွာ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္ကို မပါဝင္ႏိုင္တာေၾကာင့္ အာတီတာအတြက္ တိုက္စစ္မွာ ေ႐ြးခ်ယ္စရာမရွိျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။ မာတီနယ္လီရဲ႕ တိုက္႐ိုက္ ခ်ဥ္းကပ္ပုံနဲ႔ ျမန္ႏႈန္းေၾကာင့္ ဂိုးသြင္းယူဖို႔ အခြင့္အေရးအမ်ားအျပား ရရွိခဲ့ေပမယ့္ ဘရာဇီးလ္တိုက္စစ္မႉးက ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ျခင္း မရွိခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္ နီဂဲလ္ ဝင္းတားဘန္းက မာတီနယ္လီအေနနဲ႔ တိုက္စစ္မႉးအျဖစ္ အသုံးျပဳခံရတာက ပိုမိုေကာင္းမြန္လိမ့္မယ္လို႔ ယုံၾကည္ေနၿပီး အသင္းေဖာ္ေတြအတြက္ ေနရာလြတ္ေတြ ဖန္တီးဖို႔ အကူအညီျဖစ္ေစတာေၾကာင့္ ဂန္းနားေတြရဲ႕ တိုက္စစ္ကို ဘက္ေပါင္းစုံက တိုးတက္ေစႏိုင္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္က false-9 ေနရာမွာ ကစားတာကို အရမ္းယုံၾကည္တဲ့သူမဟုတ္ပါဘူး။ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္ကလည္း မၾကာေသးမီက ေဂ်းဇုေရာ အန္ကီးတီးယားပါ မရွိလို႔ အဲဒီအခန္းက႑မွာ ကစားခဲ့တယ္။ ေက်ာနံပါတ္ ၉ ကစားသမားစစ္စစ္မရွိတာေၾကာင့္ အာတီတာက တိုက္စစ္ကစားသမားေတြကို ယုံၾကည္မႈ ေပးခဲ့ရတယ္။ ေဂ်းဇုနဲ႔ အန္ကီးတီးယားသာ မကစားႏိုင္ဘူးဆိုရင္ အဲဒီေနရာမွာ မာတီနယ္လီ ကစားရလိမ့္မယ္။ သူ႔မွာ စစ္မွန္တဲ့ ျမန္ႏႈန္းရွိၿပီး ခင္ဗ်ား အေထာင္တိုက္စစ္မႉးအျဖစ္ ကစားမယ္ဆိုရင္ ခ်ိတ္ဆက္ကစားရမယ္။ ေနရာလြတ္ေတြ ဖန္တီးၿပီး ကိုယ့္ဘာသာ အခြင့္အေရးေတြ ဖန္တီးရမွာျဖစ္သလို အသင္းေဖာ္ေတြအတြက္လည္း ဖန္တီးေပးရမယ္။ မာတီနယ္လီက အဲဒီတိုက္စစ္အခန္းက႑မွာ ကစားတဲ့အခါမွာ ေရွ႕တက္ဖို႔ သူ႔ရဲ႕ ျမန္ႏႈန္းနဲ႔ စြမ္းအားေၾကာင့္ အရမ္းေကာင္းခဲ့တယ္။ အခုအခ်ိန္မွာ တိုက္စစ္မႉးမရွိတာက ျပႆနာလို႔ ကြၽန္ေတာ္ မျမင္ပါဘူး။ ကြၽန္ေတာ္တို႔ ေဂ်းဇုနဲ႔ အန္ကီးတီးယားတို႔ကို ႀကံ့ခိုင္မႈ ျပန္ရေစခ်င္တာ သိသာပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက ခင္ဗ်ားကို အရန္ခုံကေန ေ႐ြးခ်ယ္မႈေတြ ပိုေပးႏိုင္လို႔ပါ။ ခင္ဗ်ား ေနာက္ကေန လိုက္ကစားေနရရင္ အရန္ခုံေပၚမွာ တိုက္စစ္ကစားသမားေတြ ပိုရွိေလ ရလဒ္ေကာင္း ရဖို႔ မ်ားေလပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္ေနာက္ခံလူ မာတင္ ကီယြန္ကလည္း ဝင္းတားဘန္း ေျပာတာကို သေဘာတူခဲ့ၿပီး မာတီနယ္လီက အေထာင္တိုက္စစ္ေနရာမွာ အလြန္ေကာင္းမြန္တဲ့ ေ႐ြးခ်ယ္စရာျဖစ္လိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

”ကြၽန္ေတာ္ ယုံၾကည္တယ္။ အခိုင္အမာကို ယုံတယ္။ သူက ဂိုးသြင္းရွင္စစ္စစ္ပဲ။ သူ႔ရဲ႕ နဂိုမူလေနရာက အလယ္မွာလို႔ တကယ္ကို ေတြးမိခဲ့ပါတယ္။ ဒါေပမယ့္ ဘယ္ေတာင္ပံကေန ကြၽန္ေတာ္တို႔ အခု အေထာင္တိုက္စစ္မႉးရၿပီ။ ဒါကို ဆာလား၊ မာေနးတို႔နဲ႔ ကြၽန္ေတာ္တို႔ ေတြ႕ခဲ့ဖူးၿပီး အထူးသျဖင့္ သူတို႔အတူ ကစားတဲ့အခါမွာ ျမင္ေတြ႕ခဲ့ရတယ္။ ဆာကာကလည္း အဲဒီလိုမ်ိဳး တူညီတဲ့အရာကို လုပ္ေနတယ္။ ဆိုေတာ့ သူတို႔ေတြ နည္းနည္းပိုၿပီး လြတ္လပ္မႈ ရလာတယ္။ ဒါေပမယ့္ သူ႔ကို အလယ္မွာထားလိုက္ရင္ သူ ဂိုးသြင္းယူႏိုင္လိမ့္မယ္။သူ အဲဒါကို ဒီေန႔ည သက္ေသျပသမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူ႔ရဲ႕ပြဲစဥ္အတြင္းမွာ သူ႔မွာ အရာအားလုံးရွိေနတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

မာတီနယ္လီဟာ ယခုရာသီ ေမွ်ာ္မွန္းသြင္းဂိုး ၆.၇ ရွိေနခ်ိန္မွာ သြင္းဂိုး ၁၁ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီး +၄.၃ ဂိုးအထိ ပိုမိုမ်ားျပားေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါက ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ဟာရီ ကိန္း(+၄.၂ ဂိုး)နဲ႔ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္(+၃.၇ ဂိုး)တို႔ထက္ ပိုမိုသာလြန္ေနတာျဖစ္ၿပီး ေဂ်းဇုကလည္း ဒီလမွာ အသင္းထဲကို ျပန္လာဖို႔ ျပင္ဆင္ေနၿပီျဖစ္ေပမယ့္ အာတီတာအေနနဲ႔ အန္ကီးတီးယား၊ ေဂ်းဇုနဲ႔ ထေရာ့ဆာ့ဒ္တို႔ ဒဏ္ရာရသြားတဲ့အခ်ိန္က်ရင္ မာတီနယ္လီက ေက်ာနံပါတ္ ၉ အခန္းက႑မွာ ကစားႏိုင္စြမ္းရွိတာကို လက္ရွိမွာေတာ့ သတိျပဳမိသြားခဲ့ၿပီျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet