ကမ္ဘာပေါ်က အကောင်းဆုံး ဘယ်တောင်ပံကစားသမားကို သတ်မှတ်ခဲ့တဲ့ အွန်နရီ coyg

ကမ္ဘာပေါ်က အကောင်းဆုံး ဘယ်တောင်ပံကစားသမားကို သတ်မှတ်ခဲ့တဲ့ အွန်နရီ

အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီက ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗင်နီးရှပ်စ် ဂျူနီယာကို ကမ္ဘာပေါ်က အကောင်းဆုံးဘယ်တောင်ပံကစားသမားအဖြစ် သတ်မှတ်ခဲ့ပေမယ့်လည်း ဂါဘရီယဲလ် မာတီနယ်လီအတွက် ချီးကျူးပြောဆိုမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဗင်နီးရှပ်စ်က အခုအချိန် ကမ္ဘာပေါ်က အကောင်းဆုံးဘယ်တောင်ပံကစားသမားလားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ အွန်နရီက “ဟုတ်ပါတယ်။ အခုအချိန်မှာ ဟုတ်ပါတယ်။ ပရီးမီးယားလိဂ်က အာဆင်နယ်မှာ အဆင်ပြေပြေလုပ်နေတဲ့ လူတွေ ရှိပါတယ်။ မာတီနယ်လီကလည်း အကောင်းဆုံးဖြစ်လာနေပါပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဗင်နီးရှပ်စ်က အရမ်းကို ကျစ်လစ်ခဲ့ပါတယ်။”လို့ ပြောခဲ့ပါတယ်။

ဗင်နီးရှပ်စ် ဂျူနီယာဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ပြိုင်ပွဲစုံမှာ သွင်းဂိုး ၄၃ ဂိုးနဲ့ ၃၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကို စဉ်းစားလိုက်ရင် မာတီနယ်လီအတွက် အမှန်တကယ်ကို ကြီးမားတဲ့ ချီးကျူးမှု ဖြစ်ပါတယ်။

ယခုရာသီမှာ အာဆင်နယ်တောင်ပံကစားသမားဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူပြီး နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီး အဲဒီသွင်းဂိုးတွေဟာ ပင်နယ်တီကနေ ကန်သွင်းခဲ့တဲ့ သွင်းဂိုး ၁ ဂိုးမှ မပါတာကြောင့် ပိုလို့တောင် အထင်ကြီးစရာ ကောင်းတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ်ကို ထွန်းလင်းစေခဲ့တဲ့ အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခံခဲ့ရတဲ့ သီယာရီ အွန်နရီလို ကစားသမားဆီကနေ ချီးကျူးမှုကို ရရှိတာ ဝမ်းမြောက်စရာဖြစ်ခဲ့မှာ သံသယဖြစ်စရာမရှိပါဘူး။

ပြီးခဲ့တဲ့နှစ် Sky Sports နဲ့ စကားပြောရာမှာ “ကျွန်တော် သူ(အွန်နရီ)နဲ့ အရင်တုန်းက ဆုံခဲ့ဖူးပါတယ်။ သူက သဘောကောင်းတဲ့သူပါ။ ကွင်းထဲမှာဆိုရင် သူက မယုံနိင်စရာကောင်းပြီး ကလပ်အသင်းနဲ့ ပရီးမီးယားလိဂ်အတွက် ဂန္တဝင်ပါ။ ကျွန်တော့်အတွက်တော့ သူက ပရီးမီးယားလိဂ်မှာ တသက်တာအကောင်းဆုံးကစားသမားပါ။ သူက မယုံနိုင်စရာကောင်းတဲ့ ကစားသမားပါ”

မာတီနယ်လီဟာ ၎င်းရဲ့ ကစားပုံကို တိုးတက်လာအောင် ကြိုးပမ်းဖို့ အရင်တုန်းက ပြင်သစ်တိုက်စစ်မှူးရဲ့ ဗီဒီယိုအဟောင်းတွေကို ကြည့်ခဲ့လားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ “ကြည့်ပါတယ်။ အားလုံးလည်း ကြည့်ကြမယ်လို့ ထင်ပါတယ်။ သူက အံ့အားသင့်စရာကစားသမားဖြစ်ခဲ့ပြီး အားလုံးက သူ့ကို အတုယူကြမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet