၃ နာရီလောက်ကန်ရင်တောင် နိုင်မှာမဟုတ်ဘူးလို့ ဝန်ခံခဲ့တဲ့ အာတီတာ coyg

၃ နာရီလောက်ကန်ရင်တောင် နိုင်မှာမဟုတ်ဘူးလို့ ဝန်ခံခဲ့တဲ့ အာတီတာ

အာဆင်နယ်အသင်းက နော်တင်ဟမ် ဖောရက်စ်ကို ရှုံးနိမ့်ခဲ့ပြီး မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ်ဖလား ပေးခဲ့ရပြီးနောက် ဆင်ခြေပေးဖို့ ရှာဖွေသွားမှာမဟုတ်ဘူးလို့ အာတီတာက ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ရာသီအချိန်အများစုကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပေမယ့်လည်း ရာသီ နောက်ဆုံးရက်သတ္တပတ်တွေမှာ ခြေချော်သွားခဲ့တာဖြစ်ပြီး နောက်ဆုံး ရှုံးနိမ့်မှုက ဂွါဒီယိုလာရဲ့အသင်းဟာ ယနေ့ညနေ ချဲလ်ဆီးနဲ့ မကစားမီမှာ ချန်ပီယံတွေဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ ရာသီအစတုန်းက ထိပ်ဆုံး ၄ နေရာအတွက် စိန်ခေါ်ဖို့သာ မျှော်မှန်းခြင်း ခံခဲ့ရတာဖြစ်ပေမယ့်လည်း အလွန်ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ ပရီးမီးယားလိဂ်ဖလားကိုပါ စိန်ခေါ်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၈ မှတ်အထိ ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ပေမယ့် သရေ ၃ ပွဲ ရှုံးပွဲတွေ ဆက်တိုက် ရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ ပရီးမီးယားလိဂ်ဖလားကို ဂွါဒီယိုလာရဲ့အသင်းလက်ထဲ လွှဲပေးလိုက်ရပြီဖြစ်ပါတယ်။

“ကျွန်တော်တို့ ဆင်ခြေပေးဖို့ ရှာဖွေမှာမဟုတ်သလို တစ်စုံတစ်ယောက်အပေါ်ကိုလည်း အပြစ်ပုံချတာမျိုးလည်း မလုပ်သင့်ပါဘူး။ ကျွန်တော်တို့ အသင်းအဖွဲ့အနေနဲ့ ပိုပြီး ကောင်းမွန်ခဲ့သင့်တာပါ။ ပထမဆုံးအနေနဲ့ ချန်ပီယံရှစ်ရခဲ့တဲ့ မန်စီးတီးကို ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့အတွက် ဝမ်းနည်းစရာနေ့တစ်နေ့ပါ။ အခု ကျွန်တော်တို့ အမှန်တရားနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီနေ့ ကျွန်တော်တို့ ဂိုးပေးခဲ့ရပြီး သူတို့ခံစစ်ကို ထိုးဖောက်နိုင်လောက်အောင် မကောင်းမွန်ခဲ့ပါဘူး”

“ကျွန်တော်တို့ ၃ နာရီလောက် ကစားရရင်တောင် အဲဒါကို လုပ်နိုင်ခဲ့မှာမဟုတ်ပါဘူး။ အဲဒါက ကျွန်တော့် တာဝန်ဖြစ်ပြီး ကျွန်တော် တာဝန်ယူသွားမှာပါ။ အရမ်းလှပတဲ့အချိန်ရှိသလို မလှပတဲ့အချိန်လည်းရှိတယ်။ အဲဒါက အားကစားပဲ။ ကျွန်တော်တို့ မကြာသေးမီက ပြိုင်ဘက်တွေကို ပေးခဲ့ရတဲ့ ဂိုးအရေအတွက်က ကျွန်တော်တို့ကို ဒုက္ခရောက်စေခဲ့ပေမယ့် ကျွန်တော်တို့ တစ်စုံတယောက်အပေါ်မှာ အပြစ်ပုံချလို့မရပါဘူး။ ကျွန်တော်တို့ အသင်းအဖွဲ့အဖြစ် ပိုကောင်းခဲ့သင့်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ ခြေစွမ်းကျဆင်းသွားခဲ့တယ်။ ဒါက ဘောလုံးပဲ”

“အရမ်းဝမ်းနည်းစရာနေ့တစ်နေ့ဖြစ်ပြီး ကျွန်တော်တို့ ဆုဖလားရဖို့ ရည်မှန်းချက်နဲ့ ၁၁ လအထိ အလုပ်လုပ်ခဲ့ပြီး ရက်ပေါင်းများစွာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့်လည်း လုံလောက်အောင် မလုပ်နိုင်ခဲ့တယ်။ အခု ကျွန်တော်တို့ ပြန်လည်ကုစားရမယ်။ အဲဒါက အရမ်းနာကျင်ရတယ်။ ကျွန်တော် ကစားသမားတွေကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းကို ရှာဖွေရမှာဖြစ်ပြီး ရှေ့မှာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ရက်သတ္တပတ်ရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာတီတာဟာ အာဆင်နယ်နည်းပြအဖြစ်နဲ့ ရာသီအပြည့်ကိုင်တွယ်တဲ့ ၃ ရာသီမြောက်ထဲကို ဝင်ရောက်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသထားခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ရာသီ ပထမဆုံး ၁၉ ပွဲကနေ ၁၆ ပွဲအထိ နိုင်ပွဲရရှိခဲ့ပြီး လီဗာပူးလ်၊ ချဲလ်ဆီး၊ မန်ယူနိုက်တက်နဲ့ မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်တို့ကို အမှတ်ရဖွယ် စံချိန်တင် နိုင်ပွဲတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမ်းမရိတ်စ်မှာ အာတီတာဟာ ရာသီအချိန်အများစုကို တူညီတဲ့ ပွဲထွက် ၁၁ ဦးစာရင်းကို အသုံးပြုခဲ့တာကြောင့် လူစာရင်း အရည်အသွေးနဲ့ပတ်သက်ပြီး သံသယတွေ ရှိနေခဲ့တာ ဖြစ်ပြီး နောက်ဆုံးမှာတော့ အဲဒီပုံမှန်ပွဲထွက်လူစာရင်းထဲမှာ ဒဏ်ရာပြဿနာတွေနဲ့ ခြေစွမ်းကျဆင်းမှုတွေကြောင့် ကာဗာလုပ်နိုင်မယ့် ကစားသမားအင်အားမရှိတာက ဆုဖလားမျှော်လင့်ချက်ကို အဆုံးသတ်သွားစေခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet