၁၁ နှစ်ကြာ အန်းဖီးမှတ်တမ်းဆိုးကို ချေဖျက်ပြီး စီးတီးကို အံ့အားသင့်စေမယ့် ဂန်းနားများ coyg

၁၁ နှစ်ကြာ အန်းဖီးမှတ်တမ်းဆိုးကို ချေဖျက်ပြီး စီးတီးကို အံ့အားသင့်စေမယ့် ဂန်းနားများ

လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်းကို အန်းဖီးမှာ အရေးကြီးတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဂန်းနားတွေဟာ ထိပ်ဆုံး ၄ နေရာကို အမီလိုက်ဖို့ ကြိုးပမ်းနေတဲ့ ကလော့ပ်ရဲ့အသင်းနဲ့ပွဲမှာ ဆုဖလားအတွက် နောက်ထပ်စမ်းသပ်မှုကို ဖြတ်ကျော်ပြဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

အာတီတာရဲ့ အသင်းဟာ ပြီးခဲ့တဲ့အပတ်က လိဒ်စ်ယူနိုက်တက်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အထနှေးခဲ့ပေမယ့်လည်း အရှိန်ရသွားချိန်မှာ ဂိုးတွေ တရစပ် သွင်းယူသွားခဲ့ပြီး လီဗာပူးလ်အသင်းကတော့ ချဲလ်ဆီးနဲ့ ပွဲမှာ နောက်ထပ်တစ်ကြိမ် နိုင်ပွဲရှာမတွေ့ခဲ့ဘဲ သရေကျခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ယခုအပတ် လီဗာပူးလ်အသင်းရဲ့ လေ့ကျင့်ရေးစခန်းမှာ တင်ပါးဒဏ်ရာပြဿနာကြောင့် ၁၀ ပွဲအထိ လွဲချော်ခဲ့တဲ့ သီယေဂို အယ်လ်ကန်တာရာ လေ့ကျင့်ရေး အပြည့်ပြန်ဆင်းနေခဲ့တာကို မြင်တွေ့ခဲ့ရသလို ဗန်ဒိုက်ကလည်း ချဲလ်ဆီးနဲ့ပွဲကို လွဲချော်စေခဲ့တဲ့ နာမကျန်းဖြစ်မှုကနေ အပြည့်အဝ ပြန်လည်သက်သာလာပုံပေါ်ပါတယ်။ လူးဝစ္စ ဒီယက်ဇ်ကလည်း အသင်းဖော်တွေနဲ့အတူ ကြံ့ခိုင်မှုကို ဆက်လက် တည်ဆောက်နေပေမယ့် ကလော့ပ်က ကိုလံဘီယာကြယ်ပွင့် ပြန်လာနိုင်မယ့်အခွင့်အရေးနဲ့ပတ်သက်ပြီး အဆိုးမြင်နေဆဲဖြစ်ပြီး စတီဖန် ဘာဂျ်ဆက်တစ်၊ ကယ်ဗင် ရမ်းဆေး၊ နာဘီ ကီးတားတို့အားလုံး ဆက်လက်လွဲချော်ဦးမှာဖြစ်ပါတယ်။

ကလော့ပ်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ အနားပေးခဲ့တဲ့ ဆာလား၊ ဂက်ခ်ပို၊ အာနိုးနဲ့ ရောဘတ်ဆန်တို့အားလုံးကို ဒီအပတ် လူစာရင်းထဲမှာ ပြန်ထည့်သွားမှာဖြစ်ပေမယ့်လည်း ဆာလားဟာ ဂျိုး ဂိုးမက်ဇ်၊ အာသာ၊ ဂျိုတာတို့နဲ့အတူ ကြာသပတေးနေ့ လေ့ကျင့်ရေးမှာ ပျောက်ဆုံးနေခဲ့တဲ့သူတွေထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဘက်မှာတော့ ဝီလီယံ ဆာလီဘာ နောက်ကျောဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်ဘဲ အန်ကီးတီးယား၊ တိုမီယဆု၊ အယ်လ်နန်နီတို့ကလည်း ဆက်လက် လွဲချော်ဦးမှာဖြစ်ပါတယ်။ ဆာလီဘာဟာ အန်းဖီးကပွဲအမီ ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်ချက်က မရှိသလောက်နည်းတာကြောင့် ဟိုးဒင်းကပဲ ပွဲထွက်လာမှာဖြစ်ပြီး အာတီတာဟာ တိုက်စစ်အတွက် အကောင်းဆုံးဖြစ်အောင် လူရွေးချယ်ရာမှာ ခေါင်းကိုက်စရာ ဖြစ်နေပါတယ်။ ထရော့ဆာ့ဒ်ဟာ ဘရိုက်တန်အတွက် ကစားပေးခဲ့ချိန်တုန်းက အောက်တိုဘာလပွဲစဉ်အတွင်း အန်းဖီးမှာ ဟက်ထရစ်သွင်းယူပြီး လီဗာပူးလ်ကို ခြောက်ခြားစေခဲ့သူဖြစ်ပေမယ့်လည်း ဆာကာကတော့ နာမကျန်းဖြစ်နေရာကနေ ပြန်လည်သက်သာလာပြီးနောက် ပွဲထွက်လူစာရင်းထဲမှာ ပြန်ပါလာမှာ သေချာပါတယ်။ ဘယ်လ်ဂျီယမ်ကြယ်ပွင့်အနေနဲ့ ဝှက်ဖဲအနေနဲ့ အရန်ခုံမှာ ထိုင်ရမှာကို လက်ခံသွားရဖွယ် ရှိနေတာဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

လီဗာပူးလ်- အယ်လစ်ဆန်၊ အာနိုး၊ ကိုနာတီ၊ ဗန်ဒိုက်၊ ရောဘတ်ဆန်၊ ဟန်ဒါဆန်၊ ဖာဘင်ညို၊ အဲလီးယက်တ်၊ ဆာလား၊ ဂက်ခ်ပို၊ နူးညက်ဇ်

အာဆင်နယ်- ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဟိုးဒင်း၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ ချာကာ၊ ပါတေး၊ ဆာကာ၊ အော်ဒီဂွါဒ်၊ မာတီနယ်လီ၊ ဂျေးဇု

ပွဲကြိုသုံးသပ်ချက်

ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ၇ ပွဲဆက် နိုင်ပွဲစံချိန်အတွင်း ဂန်းနားတွေဟာ ခံစစ်ပိုင်းမှာ လုံးဝ ယုံကြည်ရခြင်းမရှိခဲ့ဘဲ ဆာလီဘာ မပါဝင်နိုင်ဖို့ များတာကြောင့် လီဗာပူးလ်အတွက် သွင်းဂိုးတွေ ရဖို့ အကောင်းမြင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်ခံစစ်ကလည်း မလုံတာကြောင့် အာဆင်နယ်အသင်းက တိုက်စစ်မှာ ပိုပြီးတော့ သွင်းဂိုးတွေ သွင်းယူနိုင်မှာဖြစ်ပြီး လီဗာပူးလ်ရဲ့ မကြာသေးမီက အိမ်ကွင်း ပေးဂိုးမရှိစံချိန်ဟာ လိဂ်မှာ ဒုတိယဂိုးသွင်းအများဆုံးအသင်းနဲ့ ရင်ဆိုင်ရာမှာ အားကိုးလို့ ရနိုင်မှာမဟုတ်ပါဘူး။ သွင်းဂိုးတွေက အံ့အားသင့်ဖွယ်ကောင်းတဲ့ ပြိုင်ပွဲမှာ အာမခံချက်ဖြစ်နိုင်ပေမယ့်လည်း ဂန်းနားတွေဟာ လက်ရှိမှာတော့ ခံစစ်ပိုင်း ပိုမိုမာကျောနေတာကြောင့် စိတ်လှုပ်ရှားဖွယ် နိုင်ပွဲရယူပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ နောက်ထပ် ခြေတလှမ်း လှမ်းသွားနိုင်မှာ ဖြစ်ပါတယ်။

အေအမ် ခန့်မှန်းပွဲပြီးရလဒ်(လီဗာပူးလ် ၂-၃ အာဆင်နယ်)

ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(လီဗာပူးလ် ၁-၂ အာဆင်နယ်)

ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(လီဗာပူးလ် ၁-၃ အာဆင်နယ်)