ဥရောပထိပ်သီးအသင်းကြီးကြောင့် ဆာလီဘာကို ထိန်းသိမ်းဖို့ တိုက်ပွဲဝင်ရနိုင်တဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ coyg

ဥရောပထိပ်သီးအသင်းကြီးကြောင့် ဆာလီဘာကို ထိန်းသိမ်းဖို့ တိုက်ပွဲဝင်ရနိုင်တဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ

-အာဆင်နယ်ကြယ်ပွင့်ဟောင်း ကယ်လမ် ချန်ဘာစ်က မကြာသေးမီက အင်စတာဂရမ်ပို့စ်မှာ မိုင်ခေလို မာဒရစ်ခ်ကို ဝေဖန်ခဲ့ပုံပေါ်ပြီး အက်စတန် ဗီလာက ချဲလ်ဆီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ယူကရိန်းကြယ်ပွင့်နဲ့ ဘောလုံးယှဉ်လုဖို့ ကြိုးပမ်းနေတဲ့ပုံနဲ့အတူ “အနောက်လန်ဒန်ကို ချစ်တယ်။ သွားကြစို့”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

-တင် ရှားဝုဒ်က ဂါဘရီယဲလ် ဂျေးဇုနဲ့ ထရော့ဆာ့ဒ်တို့ကို အံ့အားသင့်ဖွယ် ခေါ်ယူမှုအဖြစ် ချီးကျူးပြောဆိုခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးက လိဒ်စ်ယူနိုက်တက်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အောက်တိုဘာလနောက်ပိုင်း ပထမဆုံးပွဲထွက်ကစားပေးခဲ့ရာမှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ထရော့ဆာ့ဒ်ကလည်း မန်စီးတီးကြယ်ပွင့်ဟောင်းရဲ့ ဒုတိယဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

“မိုက်လိုက်တဲ့ပင်နယ်တီ။ ခေါင်းအေးအေးထားနိုင်တာ ကောင်းတယ်။ ဆာကာက နာမကျန်းဖြစ်နေလို့ ကွင်းထဲမှာ မရှိဘူး။ သူ နောက်ကျမှ ဝင်လာခဲ့တယ်။ ထရော့ဆာ့ဒ်က အရမ်းကောင်းတဲ့ခေါ်ယူမှု ဖြစ်ခဲ့တယ်။ သူက ချက်ချင်းကို ခြေစွမ်းပြခဲ့တယ်။ သူက ပရီးမီးယားလိဂ်နဲ့ပတ်သက်ပြီး အကုန်သိတယ်။ သူက အန္တရာယ်ရှိတဲ့ဧရိယာထဲကို ဝင်ပြီး ဂျေးဇုက ဆက်ပြီးပြေးတယ်။ သူ ဘယ်တော့မှ ဒီလိုမျိုး(ဒုတိယဂိုး)အခွင့်အရေးမျိုးကို လွဲချော်မှာမဟုတ်ပါဘူး။ ဂျေးဇုက သူတို့အတွက် အံ့အားသင့်ဖွယ် ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။ သူက အံ့အားသင့်ဖွယ် ခံယူချက်ကို ပြသခဲ့တယ်။ သူက အချိန်အတော်ကြာ အနားယူခဲ့ရတယ်။ ပြန်လာပြီး သူ့ပုံစံက ထက်မြက်နေပုံပဲ။ သူ့ပုံစံကြည့်ရတာ အဆင်သင့်ဖြစ်နေပုံရတယ်။ စိတ်ပျက်မနေဘဲ အားကစားရုံမှာ အလုပ်ကြိုးစားလုပ်ပြီး နောက်ထပ်တစ်ကြိမ် ကြံ့ခိုင်မှုရနေတယ်”လို့ ပြောကြားခဲ့ပါတယ်။

-ပီအက်စ်ဂျီအသင်းဟာ အာဆင်နယ်ကြယ်ပွင့်နောက်ခံလူ ဝီလီယံ ဆာလီဘာကို ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်တယ်လို့ CaughtOffside သတင်းထောက် ဂျော်နသန် ဂျွန်ဆင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ပြင်သစ်ဘောလုံးလောကမှာ အထူးကျွမ်းကျင်သူဖြစ်တဲ့ ဂျွန်ဆင်က နောက်ဆုံးဆောင်းပါးထဲမှာ ပီအက်စ်ဂျီက အာဆင်နယ်က ဆာလီဘာရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။

“ဆာလီဘာက ပဲရစ်မှာ မျိုးရိုးရှိတာ သိသာပါတယ်။ သူက ဘွန်ဒီကနေ လာတာ။ အမ်ဘာပေနဲ့ အတူတူပဲ။ အဲဒီတော့ ဒါက ပြင်သစ်ချန်ပီယံတွေကို ဆွဲဆောင်နိုင်မှာပါ။ ဒါပေမယ့်လည်း ရှုပ်ထွေးနေတဲ့အချက်တစ်ချက်က ဆာလီဘာ မာဆေးလ်နဲ့ အငှားကစားသမားဘဝတုန်းက အရမ်းအောင်မြင်ခဲ့ပြီး အဲဒါက ပီအက်စ်ဂျီပရိသတ်တွေရဲ့ မှတ်ဉာဏ်ထဲမှာ လတ်လတ်ဆတ်ဆတ်ရှိနေသေးတယ်ဆိုတာကို လျှေ့ာမတွက်သင့်ပါဘူး။ ပီအက်စ်ဂျီက ထိပ်တန်းအသင်းအများအပြားလိုပဲ ဆာလီဘာကို မျက်စိဒေါက်ထောက်ကြည့်နေမှာပါ။ အခွင့်အရေး ရောက်လာမလား ကြည့်ရမှာပါ။ ဒါပေမယ့် ဆာလီဘာကို ပရီးမီးယားလိဂ်ဖလားရဖို့ အနီးစပ်ဆုံးမှာရှိနေတဲ့ အာဆင်နယ်ဆီကနေ ခေါ်ထုတ်ဖို့ ပေးရမယ့် ငွေကြေးပမာဏအရ ဒီအချိန်မှာတော့ အပြောင်းအရွှေ့ဖြစ်နိုင်ခြေမရှိသေးတဲ့ပုံပေါ်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်ကြယ်ပွင့်ဟောင်း လာကာဇက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ လိုင်ယွန်ကို အလွတ်နဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ပရီးမီယားလိဂ်ဖလားကို အနိုင်ရရှိဖို့ အလားအလာကောင်းတွေ ရှိနေတဲ့ အာဆင်နယ်ကို သတင်းစကားပေးပို့ခဲ့ပါတယ်။ “အာဆင်နယ်လား။ ကျွန်တော် မအံ့ဩတော့ပါဘူး။ ကျွန်တော် နည်းပြနဲ့ အလုပ်လုပ်ခဲ့တယ်။ သူ အလုပ်လုပ်တဲ့ပုံစံကို ကျွန်တော် သိတယ်။ အသင်းရဲ့ အောင်မြင်မှုကြောင့် ကျွန်တော် အံ့ဩမှာမဟုတ်ပါဘူး။ အဲဒီက ကျွန်တော့်ရဲ့အသင်းဖော်တွေအတွက်ပျော်ရွှင်မိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်ကနေ အငှားနဲ့ လာကစားနေတဲ့ နူနို တာဗာရက်စ်ကို မာဆေးလ်အသင်းက ခံယူချက်နဲ့ အားထုတ်မှုအပိုင်း စိုးရိမ်မှုတွေကြောင့် နည်းပြ တူဒေါ်က လေ့ကျင့်ရေးအစီအစဉ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ L’Equipe က ဖော်ပြခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်နောက်ခံလူဟာ လေ့ကျင့်ရေးအစီအစဉ်အတွင်းမှာ ခံယူချက်နဲ့ အားထုတ်မှု ကင်းမဲ့မှုကြောင့် ထုတ်ပယ်ခံရတဲ့အထိ ဖြစ်လာခဲ့တာဖြစ်ပြီး တာဗာရက်စ်နဲ့အတူ ပြင်သစ်နောက်ခံတောင်ပံကစားသမား ဂျော်နသန် ကလောက်ကလည်း လေ့ကျင့်ရေးက စွမ်းဆောင်ရည်အတွက် နည်းပြ တူဒေါ်ရဲ့ဝေဖန်မှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။

-အာဆင်နယ်နည်းပြ အာတီတာဟာ စနေနေ့ ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်အတွင်း အစပိုင်းမှာ ဧည့်သည်အသင်းရဲ့ လျင်မြန်မှု၊ ရုန်းအားနဲ့ တန်ပြန်တိုက်စစ်အရည်အသွေးတွေကြောင့် ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ “သူတို့တွေ ခံစစ် ၆ ဦးနဲ့ ကစားခဲ့တယ်။ သူတို့တွေ တကယ်ကို လျင်မြန်တဲ့ ကစားသမား ၄ ဦးနဲ့ ကစားခဲ့ပါတယ်။ သူတို့တွေက အကူးအပြောင်းမှာ ကျွန်တော်တို့ကို အမိဖမ်းခဲ့တယ်။ ကျွန်တော်တို့ စပြီး ဘောလုံးဆုံးရှုံးလာပြီး ဒီလိုမျိုး ခံစစ်ကစားချင်တဲ့အသင်းတွေနဲ့ ရင်ဆိုင်ရမှာ ခင်ဗျား အဲဒီလို လုပ်လို့မရပါဘူး။ ကျွန်တော်တို့ အဲဒါကို အများကြီးတိုးတက်အောင်လုပ်ခဲ့တယ်။ ကျွန်တော်တို့ တခြားနေရာလွတ်တွေကိုရှာဖွေခဲ့တယ်။ ကျွန်တော်တို့ ကစားသမားအနည်းငယ်ရဲ့နေရာကို စပြောင်းလဲခဲ့ပြီး ပိုပြီးတော့ လွှမ်းမိုးလာနိုင်တယ်။ ပြီးတော့ ကျွန်တော်တို့ ပင်နယ်တီဧရိယာထဲမှာ လူပိုများများနဲ့ နေရာကောင်းကောင်းယူပြီး တိုက်စစ်ဆင်နိုင်ခဲ့ပြီး ခြိမ်းခြောက်နိုင်တဲ့ပုံပေါ်လာခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်နောက်ခံလူဟောင်း ဆန်ဒဲရို့စ်က ဂန်းနားအသင်းခေါင်းဆောင် အော်ဒီဂွါဒ်ရဲ့ ယခုရာသီ လွှမ်းမိုးနိင်စွမ်းကို ချီးကျူးပြောဆိုလိုက်ပြီး နော်ဝေကွင်းလယ်လူကို ဂန်းနားဂန္တဝင် ဖာဘရီဂတ်စ်နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ “ဖာဘရီဂတ်စ်က အရမ်းလွှမ်းမိုးနိုင်စွမ်းရှိတယ်။ ခင်ဗျား အဲဒါကို အော်ဒီဂွါဒ်ဆီမှာလည်း မြင်တွေ့နိုင်ပါတယ်။ အာဆင်နယ်အတွက် နောက်ထပ်တစ်ကြိမ် လွှမ်းမိုးနိုင်စွမ်းရှိတဲ့သူပါ။ သူက တကိုယ်ကောင်းမဆန်ဘူး။ အသင်းအတွက် ပြေးလွှားနေတဲ့သူ။ အသင်းအတွက် လုပ်ဖို့လိုအပ်တာကိုလုပ်နေတဲ့သူပါ။သူက သူ့ကိုယ်သူ ပိုပြီးတော့ ကြည့်ကောင်းအောင်လုပ်ဖို့ထက် အသင်းလိုအပ်တာကိုပဲ လုပ်နေတဲ့သူပါ”

“သူက ကွင်းထဲမှာ နည်းပြရဲ့ လက်ဆင့်ကမ်းသူလည်း ဖြစ်ပါတယ်။ ခင်ဗျား အဲဒါကိုလည်း မြင်တွေ့နိုင်ပါတယ်။ သူက ကွင်းဘေးကိုလာပြီး အာတီတာနဲ့ စကားပြောတယ်။ ပြီးတော့ ကျန်တဲ့တစ်သင်းလုံးကို လက်ဆင့်ကမ်း ပြန်ညွှန်ကြားပေးတယ်။ သူက တကယ့်ခေါင်းဆောင်အစစ်ပဲ။ ခင်ဗျား ဒီနေ့ မြင်နိုင်ပါတယ်။ တခါတလေ သူက ဗဟိုခံစစ်ကစားသမားကို ဖိအားပေးပြီး ဆက်ပြီး ပြေးလွှားတဲ့သူတစ်ယောက်ပါ။ တစ်ကြိမ်တည်း ဖိအားပေးတာမဟုတ်ပါဘူး။ ဆက်ပြီးတော့ ဒုတိယအကြိမ်၊ တတိယအကြိမ် ဖိအားပေးတဲ့သူပါ။ ဒါက ကျန်တဲ့တသင်းလုံးကို ခွန်အားတွေ အများကြီး ယူဆောင်လာပေးပြီး အဲဒါက ကူးစက်နိုင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်အမျိုးသမီးအသင်းကြယ်ပွင့် မီဒယ်မာက လအတော်ကြာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက် တည်ငြိမ်မှုရရှိအောင် ပြုလုပ်နေပေမယ့် ကွင်းထဲကို ပြန်လာဖို့ တိုးတက်မှုတွေ ရှိနေတာ သေချာနေပါတယ်။ ဒတ်ချ်ကြယ်ပွင့်ဟာ ဒီဇင်ဘာလတုန်းက လိုင်ယွန်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့ပြီးနောက် အနားယူခဲ့ရတာဖြစ်ပြီး ကာလရှည် ဒဏ်ရာကနေ ပြန်လည်သက်သာလာမှုအခြေအနေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“အသင်းက ကောင်းကောင်းလုပ်နေတာကို မြင်ရတာ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မလည်း အဲဒီမှာ ရှိနေချင်လို့ပါ။ ဒါပေမယ့် ကျွန်မ အားကစားခန်းမထဲမှာ အချိန်အများကြီးရှိနေခဲ့ပြီး ဘောလုံးနဲ့ပဲ ဆိုင်တဲ့အရာတွေမဟုတ်တဲ့ အခြားပြင်ပက အရာတွေကိုလည်း လုပ်ခဲ့ပါတယ်။ ကျွန်မ တတ်နိုင်သလောက် မြန်မြန် ပြန်လာနိုင်ဖို့ ကြိုးပမ်းနေသလို မကစားရတဲ့ တစ်ချိန်လုံးကို အဆင်ပြေအောင်နေဖို့ ကြိုးပမ်းနေပါတယ်။ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်မှုအခြေအနေက ကောင်းပါတယ်။ အဲဒါက တကယ်ကို နှေးကွေးပေမယ့် ကျွန်မ ခြေလှမ်းနည်းနည်းချင်းစီ လှမ်းနေပါတယ်။ ကျွန်မ ကွင်းထဲမှာ အသင်းဖော်တွေနဲ့အတူ ကစားရတာကို လွမ်းဆွတ်နေတာ သိသာပေမယ့် အနည်းဆုံးတော့ ပွဲတွေမှာ အားပေးဖို့အတွက် ကျွန်မ ဒီမှာ ရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet