အာဆင်နယ်ရဲ့ လဲပြိုမှုအပြီး ဆာလီဘာ ဒဏ္ဍာရီကို ရှင်းလင်းလိုက်တဲ့ ကာရေဂါ
ဂျေမီ ကာရေဂါက ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ အာဆင်နယ်ရဲ့ လဲပြိုမှုအပြီး ဝီလီယံ ဆာလီဘာနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီကို ရှင်းလင်းခဲ့ပါတယ်။
ဂန်းနားတွေဟာ ယခုရာသီအစောပိုင်းတုန်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့က အိမ်ကွင်းမှာ ဘရိုက်တန်ကို ၃-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့မှုကြောင့် ဆုဖလားမျှော်လင့်ချက် အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။
ဒီရလဒ်ကြောင့် မန်ချက်စတာစီးတီးဟာ လာမယ့် စနေနေ့ နော်တင်ဟမ် ဖောရက်စ်နဲ့ပွဲမှာ အာဆင်နယ်သာ ရှုံးနိမ့်ခဲ့ရင် အလိုအလျောက် ချန်ပီယံဖြစ်သွားတော့မှာဖြစ်ပြီး အမှတ်ပေးဖလားကို ၃ နှစ်ဆက် ရရှိသွားမှာဖြစ်ပါတယ်။
အာဆင်နယ်က ဖောရက်စ်နဲ့ သရေကျခဲ့မယ်ဆိုရင် ဂွါဒီယိုလာရဲ့အသင်းဟာ တနင်္ဂနွေနေ့မှာ ချဲလ်ဆီးကို သရေ သို့မဟုတ် အနိုင်ရရှိရင်လည်း ချန်ပီယံဖြစ်မှာဖြစ်ပြီး ဂန်းနားတွေအနေနဲ့ စနေနေ့မှာ အနိုင် ၃ မှတ် ရယူနိုင်မယ်ဆိုရင်တောင်မှ ချဲလ်ဆီးကို အနိုင်ရတာနဲ့ စီးတီးက ချန်ပီယံတွေ ဖြစ်လာဦးမှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ မတ်လမှာ ဝီလီယံ ဆာလီဘာကို ဆုံးရှုံးခဲ့ရပြီးနောက် ခြေစွမ်းပိုင်း ကျဆင်းသွားခဲ့တာဖြစ်တယ်လို့ အများစုက ပြောကြားခဲ့ပြီး ဂန်းနားတွေဟာ လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းတို့နဲ့ပွဲစဉ်မှာ ပြင်သစ်နောက်ခံလူမပါဝင်ဘဲ ၂ ဂိုးဦးဆောင်ပြီးမှ ၂ ဂိုးပြန်ပေးပြီး သရေကျခဲ့သလို အမှတ်ပေးဇယား အဆင့် ၂၀ နေရာက ဆောက်သမ်တန်နဲ့လည်း ၃-၃ သရေကျခဲ့တာဖြစ်ပါတယ်။
ဆာလီဘာဟာ အာဆင်နယ်ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၉ ပွဲအထိ လွဲချော်ခဲ့တာဖြစ်ပေမယ့်လည်း ကာရေဂါက ပြင်သစ်နောက်ခံလူ မပါဝင်မှုကြောင့်မဟုတ်ဘဲ ကာတာက ကမ္ဘာ့ဖလားအပြီးကတည်းက ဂန်းနားတွေဟာ အမှားတွေ စများလာခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
“ကမ္ဘာ့ဖလားအပြီးမှာ အသင်းထဲမှာ ဆာလီဘာရှိနေသေးတဲ့အချိန်မှာ သူတို့ ၁၃ ပွဲမှာ ၁၄ ဂိုး ပေးခဲ့ရတယ်။ ကမ္ဘာကြီး အဆုံးသတ်သွားတာမဟုတ်ပေမယ့်လည်း သူတို့တွေ လိဂ်မှာ ခံစစ်အကောင်းဆုံး(ကမ္ဘာ့ဖလားမတိုင်ခင်)ကနေ အဆင့် ၁၀ အထိ ကျဆင်းသွားတယ်။ ဒါက ကြီးမားတဲ့ ခြေစွမ်းပိုင်းကျဆင်းမှုပါ။ ပေးဂိုးမရှိ ပွဲတွေ လျော့ကျခဲ့တယ်။ သူတို့တွေ ၂ ဂိုးနဲ့အထက် ခွင့်ပြုခဲ့ရတဲ့(ကမ္ဘာ့ဖလားအပြီး ဆာလီဘာ အသင်းထဲမှာ ပါဝင်နေတဲ့အချိန်အတွင်း)အချိန်ပမာဏက လိဂ်မှာ အဆင့် ၁၂ ပါ”
“၁၃ ပွဲမှာ ၅ ကြိမ်အထိ ပေးခဲ့ရတယ်။ ဆာလီဘာ ပါဝင်တာတောင်မှ သူတို့တွေ ၂ဂိုးနဲ့အထက် ပေးခဲ့ရတယ်။ ဒါက ကမ္ဘာ့ဖလားအပြီးမှာ သူတို့တွေက လုံးဝကို ကွဲပြားခြားနားတဲ့ခံစစ်ပိုင်းဖြစ်ခဲ့တယ်ဆိုတာ ခင်ဗျားကို ပြောနေတာပါ။ ဆာလီဘာမပါဝင်နိုင်တော့ သူတို့တွေ ပိုလို့တောင် ခြေစွမ်းကျသွားခဲ့တယ်။ ဒါပေမယ့် သူတို့တွေက ခံစစ်မှာ ဆာလီဘာနဲ့ဆိုရင် ထိခိုက်လွယ်တဲ့ပုံပေါ်တာမျိုး မဖြစ်ခဲ့မှာ ဒါမှမဟုတ် ဂိုးတွေ ခွင့်ပြုခဲ့ရမှာမဟုတ်ဘူးဆိုတဲ့အယူအဆကတော့ ဒဏ္ဍာရီတစ်ခုပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet