အာဆင်နယ်နဲ့ အရယူမယ့်အရာကို ပြောပြလိုက်တဲ့ ဒီကလန် ရိုက် user

အာဆင်နယ်နဲ့ အရယူမယ့်အရာကို ပြောပြလိုက်တဲ့ ဒီကလန် ရိုက်

ဝက်စ်ဟမ်းအသင်းကနေ ဒီကလန် ရိုက်ကို ခေါ်ယူနိုင်ခဲ့မှုက အာဆင်နယ်အတွက် စိတ်လှုပ်ရှားစရာ ခေတ်သစ်တစ်ခုကို အစပြုမှုဖြစ်ခဲ့ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားကလည်း ကြီးမားတဲ့ ရည်မှန်းချက်နဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။

ဒီကလန် ရိုက်ဟာ ဆုဖလားအောင်မြင်မှုနဲ့ ဆယ်စုနှစ်များစွာ ဝေးကွာနေခဲ့တဲ့ ဝက်စ်ဟမ်း ယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့ရာသီမှာ ယူရိုပါကွန်းဖရင့်လိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပြီး အမ်းမရိတ်စ်ကို ဆုဖလားတွေ ရယူဖို့ ရှင်းလင်းတဲ့ ရည်မှန်းချက်နဲ့အတူ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာပါ အောင်မြင်မှု ရချင်တဲ့ ဒီကလန် ရိုက်ရဲ့ စိတ်ပိုင်းဖြတ်ထားမှုက အာဆင်နယ်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အသင်းအဖြစ် ပြုပြင်ပြောင်းလဲရာမှာ အဓိကကျလာမှာဖြစ်ပြီး ဝက်စ်ဟမ်းရဲ့ တစ်ရာသီတာ အကောင်းဆုံးကစားသမား ဆု ၃ ကြိမ်ရရှိခဲ့သူဖြစ်ပါတယ်။

ဒီကလန် ရိုက်ရဲ့ ကစားသမားဘဝဟာ အထင်ကြီးဖွယ်ကောင်းလောက်အောင် တိုးတက်လာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အာဆင်နယ်အသင်းကို ရောက်ရှိလာပြီဖြစ်တာကြောင့် ရေမြင့်ရင် ကြာတင့်တယ်ဆိုတဲ့စကားအတိုင်း ပိုပြီး မြင့်တက်လာဖို့သာ ရှိတော့တာဖြစ်ပါတယ်။

ဒီကလန် ရိုက်ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားချင်တဲ့ ဆန္ဒကလည်း ယခုလာမယ့်ရာသီမှာ ပြည့်မြောက်တော့မှာဖြစ်ပြီး အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်က ကိုယ့်ကိုကိုယ် အမြင့်မားဆုံးအဆင့်အတန်းမှာ စမ်းသပ်ချင်နေချိန်မှာ ဥရောပဝင်ခွင့်ရထားတဲ့ ဂန်းနားတွေလို အလွန်ကောင်းမွန်တဲ့အသင်းနဲ့ ကစားရတော့မှာကို အလွန်စိတ်လှုပ်ရှားမိတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီကလန် ရိုက်ရဲ့ ရည်မှန်းချက်ဟာ ဝက်စ်ဟမ်းနဲ့ ယူရိုပါကွန်းဖရင့်လိဂ်မှာ အောင်မြင်မှု ရယူနိုင်ခဲ့တဲ့အတိုင်းပဲ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ဖြစ်ပြီး တစ်နေ့မှာတော့ လက်ထဲကို ရောက်လာမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အဆုံးမှာတော့ ခင်ဗျားမှာ ကစားသမားဘဝက တစ်ခါပဲ ရနိုင်တယ်။ ကျွန်တော် အာဆင်နယ်နဲ့ တတ်နိုင်သမျှ အောင်မြင်မှုတွေ ရယူချင်တယ်။ ဖြစ်နိုင်သမျှ ချန်ပီယံလိဂ်မှာ များများ ပါဝင်ကစားပေးချင်ပြီး တစ်နေ့မှာတော့ အဲဒီဖလားက လက်ထဲရောက်လာမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော် ဒီလူစာရင်းကို ယုံကြည်မှုရှိတယ်။ နည်းပြကိုလည်း ယုံကြည်တယ်။ ကျွန်တော်တို့မှာ စစ်မှန်တဲ့ အင်အားတွေ ရှိနေပြီး အားလုံးက မှန်ကန်တဲ့ ဦးတည်ချက်အတိုင်း တွန်းအားပေးလုပ်ဆောင်ကြရင် အာဆင်နယ်က တစ်စုံတရာကို ရရှိပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet