အာဆင်နယ်ကို ပြောင်းရွှေ့နိုင်ခဲ့တာက အရမ်းကြီးမားတဲ့ခြေလှမ်းဖြစ်ခဲ့တယ်ဆိုတဲ့ ထရော့ဆာ့ဒ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ coyg

အာဆင်နယ်ကို ပြောင်းရွှေ့နိုင်ခဲ့တာက အရမ်းကြီးမားတဲ့ခြေလှမ်းဖြစ်ခဲ့တယ်ဆိုတဲ့ ထရော့ဆာ့ဒ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ

-အာဆင်နယ်ကြယ်ပွင့် လီအန်ဒရို ထရော့ဆာဒ်ဟာ သောကြာနေ့မှာ ဆွီဒင်နဲ့ ကစားရမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်မတိုင်ခင် ဇန်နဝါရီလမှာ ဘရိုက်တန်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ပြီးနောက်ပိုင်း အမ်းမရိတ်စ်မှာ ဘယ်လို အသားကျအောင် လုပ်ဆောင်ခဲ့လဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဘယ်လ်ဂျီယမ်ကြယ်ပွင့်က ဂန်းနားတွေအတွက် ပွဲအများကြီး ကစားပေးရမယ်လို့ မမျှော်မှန်းခဲ့တဲ့အကြောင်း ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် မိနစ်အများကြီး ကစားရမယ်လို့ မမျှော်မှန်းထားခဲ့ပါဘူး။ ဒါပေမယ့် ဒဏ်ရာပြဿနာတွေက ကျွန်တော့်ကို နည်းနည်း အကူအညီပေးခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်တော့်ရဲ့ လုပ်နိုင်စွမ်းကြောင့် ပွဲကစားချိန် ပိုရခဲ့တာလို့ ယုံကြည်ပါတယ်။ အရမ်းကောင်းတဲ့ကစားသမားတွေနဲ့ ပြည့်နေတဲ့ အသင်းကို ကျွန်တော် ရောက်လာခဲ့တယ်။ အဲဒါက ကစားသမားသစ်တွေကို အသားကျဖို့နဲ့ သူတို့ရဲ့အဆင့်အတန်းကို ရောက်ရှိဖို့ ပိုမိုလွယ်ကူစေခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ အရမ်းအလုပ်များပြီး ထူးဆန်းတဲ့ကာလဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အာဆင်နယ်ကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်။ အဲဒါက ကျွန်တော့်အတွက် ကြီးမားတဲ့ ခြေလှမ်းဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ လိဂ်ဖလားကို ရဖို့က ဘယ်လောက်ခက်လဲ ပြိးခဲ့တဲ့နှစ်တွေတုန်းက မန်စီးတီးနဲ့ လီဗာပူးလ်ကို ကြည့်ရင် ကျွန်တော်တို့အားလုံးသိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့လူစာရင်းရှိနေပြီး ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာ အချိန်တိုင်း ထပ်ခါထပ်ခါ သက်သေပြသနေတယ်လို့ ထင်ပါတယ်။ ၁၀ ပွဲပဲ ကျန်ပါတော့တယ်။ ရာသီကုန်ရင် ကျွန်တော်တို့ ဘယ်နေရာမှာ ရှိနေမလဲဆိုတာ ကြည့်တာပေါ့ ”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာဟာ အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေပေမယ့်လည်း သီယာရီ အွန်နရီရဲ့ စံချိန်ကို လိုက်မီဖို့ တော်တော်လေး လိုနေသေးတာဖြစ်ပြီး အင်္ဂလန်ကြယ်ပွင့်ဟာ ယခုရာသီမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ကိန်းဂဏန်း ၂ လုံးအထိ ပြုလုပ်ထားတဲ့ ပရီးမီးယားလိဂ်က တစ်ဦးတည်းသော ကစားသမားဖြစ်ပါတယ်။ ဆာကာဟာ ယခုရာသီ ၂၈ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားပြီး ရာသီပြီးဆုံးဖို့ ၁၀ ပွဲသာ လိုတော့တာဖြစ်ပါတယ်။ အာဆင်နယ်ဂန္တဝင် တိုက်စစ်မှူး သီယာရီ အွန်နရီဟာ ၂၀၀၂-၂၀၀၃ ရာသီတွင်း သွင်းဂိုး ၂၄ ဂိုးနဲ့ ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ၂၀၀၄-၂၀၀၅ ရာသီမှာလည်း သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

-ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပြီးနောက် အိုဇေးလ်ဟာ အာဆင်နယ်က အချိန်တွေကို ပြန်ပြောင်းပြောပြခဲ့ပြီး တွစ်တာပို့စ်မှာ ၂၀၁၃ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်ကနေ ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့နေ့ကစပြီး ဂန်းနားကစားသမားဘဝ ပုံ ၆ ပုံကို တင်ခဲ့တာဖြစ်ပါတယ်။ အံ့အားသင့်စရာမကောင်းစွာနဲ့ပဲ အဲဒီပုံ ၆ ပုံထဲမှာ အက်ဖ်အေဖလား ကိုင်မြောက်နိုင်ခဲ့တဲ့ပုံတွေ ပါဝင်ခဲ့ပြီး အိုဇေးလ်ဟာ မြောက်လန်ဒန်မှာ အက်ဖ်အေဖလားကို ၄ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ်ကတော့ အာဆင်နယ်ကစားသမားဘဝ ပထမဆုံးရာသီကုန်မှာ ဖြစ်ပြီး နောက်ထပ်တစ်နှစ်အကြာမှာ ဂန်းနားတွေက အက်စတန် ဗီလာကို ဗိုလ်လုပွဲမှာ သက်တောင့်သက်သာအနိုင်ယူပြီး ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ အိုဇေးလ်က ၂၀၁၆ ခုနှစ်တုန်းက လူဒိုဂရက်နဲ့ပွဲမှာ အလွန်ကောင်းမွန်တဲ့ပုံစံနဲ့ သွင်းယူနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲက သွင်းဂိုးပုံကိုလည်း ရွေးချယ်ခဲ့ပြီး ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဟာ ဂိုးသမားအပေါ်က ဘောလုံးကို ကျော်ထုတ်ပြီးနောက် နောက်ခံလူ ၂ ဦးကို မြေကြီးပေါ် လူးလှိမ့်နေအောင် လုပ်ခဲ့ပြီးမှ ဂိုးပေါက်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးပုံကတော့ ကင်ဆာရောဂါဝေဒနာခံစားနေခဲ့ရတဲ့ အာဆင်နယ်ပရိသတ် ကလေးငယ် ချာလီ မစ်ဒယ်တန်နဲ့ပုံဖြစ်ပါတယ်။ အိုဇေးလ်ဟ ၂၀၁၈ ခုနှစ်တုန်းက ချာလီ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့အချိန်တုန်းကလည်း လူမှုကွန်ရက်ပေါ်မှာ ပို့စ်တင်ပြီး နှုတ်ဆက်စကား ပြောကြားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့် သူငယ်ချင်းနဲ့ အာဆင်နယ်အမာခံပရိသတ်ဖြစ်တဲ့ ချာလီဟာ ကာလရှည် တိုက်ပွဲဝင်ခဲ့ရတဲ့ ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားပြီဆိုတဲ့သတင်းကို ကြားရတာ အရမ်းဝမ်းနည်းစရာသတင်းဖြစ်ခဲ့ပါတယ်။ ငြိမ်းချမ်းရာမှာ အနားယူပါတော့။ ငါတို့ မင်းကို အရမ်းလွမ်းနေမှာပါ ချာလီ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

-အာဆင်နယ်အသင်းဟာ ဆယ်လ်တာ ဗီဂိုကွင်းလယ်ကြယ်ပွင့် ဂါဘရီ ဗေဂါကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှု ပြသခဲ့တဲ့ နယူးကာဆယ်လ်၊ လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်တို့လိုအသင်းတွေနဲ့အတူ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ်ကွင်းလယ်ကစားသမားဟာ အေးဂျင့်သစ်ရှာဖွေနေသူဖြစ်ပြီး လက်ရှိ ကိုယ်စားလှယ်တွေကိုလည်း မတ်လကုန်မှာ လမ်းခွဲမယ့်အကြောင်း အသိပေးထားပြီးဖြစ်ပါတယ်။ ဗေဂါရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်လျော်ကြေး ယူရိုသန်း ၄၀ ရှိပေမယ့်လည်း ကစားသမားဟာ ယခုရာသီကုန်မှာ အဲဒီထက် လျော့နည်းတဲ့ပမာဏနဲ့ ထွက်ခွာနိုင်တယ်လို့ CadenaSer က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့်လည်း ဗေဂါနဲ့ နီးစပ်သူတွေက ပရီးမီးယားလိဂ်ကိုသာ ပြောင်းရွှေ့ဖို့ ထောက်ခံချက်ပေးနေကြတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

-ဂန်းနားတွေဟာ လိဒ်စ်ယူနိုက်တက်ကြယ်ပွင့်ကို အံ့အားသင့်ဖွယ်ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ကလပ်တွေဆီက ကစားသမားတွေကို ဇန်နဝါရီလမှာ အောင်အောင်မြင်မြင်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အာတီတာဟာ မာဒရစ်ခ်အစား ဘရိုက်တန်ကြယ်ပွင့် ထရော့ဆာ့ဒ်၊ မွိုက်စ် ကိုင်ဆေဒိုအစား ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်ဟာ မန်စီးတီးကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဇင်ချန်ကိုနဲ့ ဂျေးဇုတို့ကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ဒီကစားသမား ၂ ဦးစလုံးက မြောက်လန်ဒန်ကလပ်အသင်းရဲ့ ယခုရာသီ အမှတ်ပေးဖလားစိန်ခေါ်မှုမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ကူညီပေးနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာတီတာက ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဆီက လူခေါ်တဲ့ နည်းစနစ်ကိုပဲ ထပ်လုပ်သွားဖို့ ပြင်ဆင်နေပြီး လိဒ်စ်ယူနိုက်တက်ကြယ်ပွင့် ဝီးလ်ဖရက်ဒ် ဂနွန်တိုကို ကမ်းလှမ်းဖို့ လုပ်နေတယ်လို့ သိရပါတယ် ။ Gazzetta dello sport ရဲ့ ဖော်ပြချက်အရ အီတလီကြယ်ပွင့်ဟာ လိဒ်စ် ယူနိုက်တက်သာ တန်းဆင်းရမယ်ဆိုရင် ယခုရာသီကုန်မှာ အဲလန်း ရုဒ်ကို ကျိန်းသေပေါက်နီးပါးဖြစ်တယ်လို့ သိရပြီး ဂနွန်တိုရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို ၁၈ သန်းဝန်းကျင်ရှိတယ်လို့ Transfermarkt ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

-အာဆင္နယ္ၾကယ္ပြင့္ လီအန္ဒ႐ို ထေရာ့ဆာဒ္ဟာ ေသာၾကာေန႔မွာ ဆြီဒင္နဲ႔ ကစားရမယ့္ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲစဥ္မတိုင္ခင္ ဇန္နဝါရီလမွာ ဘ႐ိုက္တန္ကေန အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ၿပီးေနာက္ပိုင္း အမ္းမရိတ္စ္မွာ ဘယ္လို အသားက်ေအာင္ လုပ္ေဆာင္ခဲ့လဲလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္က ဂန္းနားေတြအတြက္ ပြဲအမ်ားႀကီး ကစားေပးရမယ္လို႔ မေမွ်ာ္မွန္းခဲ့တဲ့အေၾကာင္း ဝန္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ မိနစ္အမ်ားႀကီး ကစားရမယ္လို႔ မေမွ်ာ္မွန္းထားခဲ့ပါဘူး။ ဒါေပမယ့္ ဒဏ္ရာျပႆနာေတြက ကြၽန္ေတာ့္ကို နည္းနည္း အကူအညီေပးခဲ့တယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ့္ရဲ႕ လုပ္ႏိုင္စြမ္းေၾကာင့္ ပြဲကစားခ်ိန္ ပိုရခဲ့တာလို႔ ယုံၾကည္ပါတယ္။ အရမ္းေကာင္းတဲ့ကစားသမားေတြနဲ႔ ျပည့္ေနတဲ့ အသင္းကို ကြၽန္ေတာ္ ေရာက္လာခဲ့တယ္။ အဲဒါက ကစားသမားသစ္ေတြကို အသားက်ဖို႔နဲ႔ သူတို႔ရဲ႕အဆင့္အတန္းကို ေရာက္ရွိဖို႔ ပိုမိုလြယ္ကူေစခဲ့ပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ အရမ္းအလုပ္မ်ားၿပီး ထူးဆန္းတဲ့ကာလျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ႏိုင္ခဲ့တဲ့အတြက္ အရမ္းေပ်ာ္႐ႊင္မိပါတယ္။ အဲဒါက ကြၽန္ေတာ့္အတြက္ ႀကီးမားတဲ့ ေျခလွမ္းျဖစ္ခဲ့တယ္လို႔ ထင္ပါတယ္။ လိဂ္ဖလားကို ရဖို႔က ဘယ္ေလာက္ခက္လဲ ၿပိးခဲ့တဲ့ႏွစ္ေတြတုန္းက မန္စီးတီးနဲ႔ လီဗာပူးလ္ကို ၾကည့္ရင္ ကြၽန္ေတာ္တို႔အားလုံးသိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာ အရမ္းေကာင္းတဲ့လူစာရင္းရွိေနၿပီး ကြၽန္ေတာ္တို႔ ေကာင္းေကာင္းလုပ္ႏိုင္တယ္ဆိုတာ အခ်ိန္တိုင္း ထပ္ခါထပ္ခါ သက္ေသျပသေနတယ္လို႔ ထင္ပါတယ္။ ၁၀ ပြဲပဲ က်န္ပါေတာ့တယ္။ ရာသီကုန္ရင္ ကြၽန္ေတာ္တို႔ ဘယ္ေနရာမွာ ရွိေနမလဲဆိုတာ ၾကည့္တာေပါ့ ”လို႔ ေျပာၾကားခဲ့ပါတယ္။

-အာဆင္နယ္ၾကယ္ပြင့္ ဘူကာယို ဆာကာဟာ အလြန္ေကာင္းမြန္တဲ့ရာသီကို ပိုင္ဆိုင္ေနေပမယ့္လည္း သီယာရီ အြန္နရီရဲ႕ စံခ်ိန္ကို လိုက္မီဖို႔ ေတာ္ေတာ္ေလး လိုေနေသးတာျဖစ္ၿပီး အဂၤလန္ၾကယ္ပြင့္ဟာ ယခုရာသီမွာ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ ကိန္းဂဏန္း ၂ လုံးအထိ ျပဳလုပ္ထားတဲ့ ပရီးမီးယားလိဂ္က တစ္ဦးတည္းေသာ ကစားသမားျဖစ္ပါတယ္။ ဆာကာဟာ ယခုရာသီ ၂၈ ပြဲမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ျပဳလုပ္ထားၿပီး ရာသီၿပီးဆုံးဖို႔ ၁၀ ပြဲသာ လိုေတာ့တာျဖစ္ပါတယ္။ အာဆင္နယ္ဂႏၲဝင္ တိုက္စစ္မႉး သီယာရီ အြန္နရီဟာ ၂၀၀၂-၂၀၀၃ ရာသီတြင္း သြင္းဂိုး ၂၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ အႀကိမ္ ၂၀ အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ၂၀၀၄-၂၀၀၅ ရာသီမွာလည္း သြင္းဂိုး ၂၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

-ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကေန အနားယူလိုက္ၿပီျဖစ္တယ္လို႔ ေၾကညာခဲ့ၿပီးေနာက္ အိုေဇးလ္ဟာ အာဆင္နယ္က အခ်ိန္ေတြကို ျပန္ေျပာင္းေျပာျပခဲ့ၿပီး တြစ္တာပို႔စ္မွာ ၂၀၁၃ ခုႏွစ္တုန္းက ရီးရဲလ္မက္ဒရစ္ကေန ေပါင္ ၄၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ေန႔ကစၿပီး ဂန္းနားကစားသမားဘဝ ပုံ ၆ ပုံကို တင္ခဲ့တာျဖစ္ပါတယ္။ အံ့အားသင့္စရာမေကာင္းစြာနဲ႔ပဲ အဲဒီပုံ ၆ ပုံထဲမွာ အက္ဖ္ေအဖလား ကိုင္ေျမာက္ႏိုင္ခဲ့တဲ့ပုံေတြ ပါဝင္ခဲ့ၿပီး အိုေဇးလ္ဟာ ေျမာက္လန္ဒန္မွာ အက္ဖ္ေအဖလားကို ၄ ႀကိမ္အထိ ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ပထမဆုံးအႀကိမ္ကေတာ့ အာဆင္နယ္ကစားသမားဘဝ ပထမဆုံးရာသီကုန္မွာ ျဖစ္ၿပီး ေနာက္ထပ္တစ္ႏွစ္အၾကာမွာ ဂန္းနားေတြက အက္စတန္ ဗီလာကို ဗိုလ္လုပြဲမွာ သက္ေတာင့္သက္သာအႏိုင္ယူၿပီး ခ်န္ပီယံဘြဲ႕ကို ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အိုေဇးလ္က ၂၀၁၆ ခုႏွစ္တုန္းက လူဒိုဂရက္နဲ႔ပြဲမွာ အလြန္ေကာင္းမြန္တဲ့ပုံစံနဲ႔ သြင္းယူႏိုင္ခဲ့တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက သြင္းဂိုးပုံကိုလည္း ေ႐ြးခ်ယ္ခဲ့ၿပီး ဂ်ာမန္ကြင္းလယ္ၾကယ္ပြင့္ဟာ ဂိုးသမားအေပၚက ေဘာလုံးကို ေက်ာ္ထုတ္ၿပီးေနာက္ ေနာက္ခံလူ ၂ ဦးကို ေျမႀကီးေပၚ လူးလွိမ့္ေနေအာင္ လုပ္ခဲ့ၿပီးမွ ဂိုးေပါက္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ဆုံးပုံကေတာ့ ကင္ဆာေရာဂါေဝဒနာခံစားေနခဲ့ရတဲ့ အာဆင္နယ္ပရိသတ္ ကေလးငယ္ ခ်ာလီ မစ္ဒယ္တန္နဲ႔ပုံျဖစ္ပါတယ္။ အိုေဇးလ္ဟ ၂၀၁၈ ခုႏွစ္တုန္းက ခ်ာလီ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့တဲ့အခ်ိန္တုန္းကလည္း လူမႈကြန္ရက္ေပၚမွာ ပို႔စ္တင္ၿပီး ႏႈတ္ဆက္စကား ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ကြၽန္ေတာ့္ သူငယ္ခ်င္းနဲ႔ အာဆင္နယ္အမာခံပရိသတ္ျဖစ္တဲ့ ခ်ာလီဟာ ကာလရွည္ တိုက္ပြဲဝင္ခဲ့ရတဲ့ ကင္ဆာေရာဂါေၾကာင့္ ကြယ္လြန္သြားၿပီဆိုတဲ့သတင္းကို ၾကားရတာ အရမ္းဝမ္းနည္းစရာသတင္းျဖစ္ခဲ့ပါတယ္။ ၿငိမ္းခ်မ္းရာမွာ အနားယူပါေတာ့။ ငါတို႔ မင္းကို အရမ္းလြမ္းေနမွာပါ ခ်ာလီ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

-အာဆင္နယ္အသင္းဟာ ဆယ္လ္တာ ဗီဂိုကြင္းလယ္ၾကယ္ပြင့္ ဂါဘရီ ေဗဂါကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားမႈ ျပသခဲ့တဲ့ နယူးကာဆယ္လ္၊ လီဗာပူးလ္၊ ရီးရဲလ္မက္ဒရစ္တို႔လိုအသင္းေတြနဲ႔အတူ ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၂၀ အ႐ြယ္ကြင္းလယ္ကစားသမားဟာ ေအးဂ်င့္သစ္ရွာေဖြေနသူျဖစ္ၿပီး လက္ရွိ ကိုယ္စားလွယ္ေတြကိုလည္း မတ္လကုန္မွာ လမ္းခြဲမယ့္အေၾကာင္း အသိေပးထားၿပီးျဖစ္ပါတယ္။ ေဗဂါရဲ႕ လက္ရွိ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၄ ခုႏွစ္မွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၄၀ ရွိေပမယ့္လည္း ကစားသမားဟာ ယခုရာသီကုန္မွာ အဲဒီထက္ ေလ်ာ့နည္းတဲ့ပမာဏနဲ႔ ထြက္ခြာႏိုင္တယ္လို႔ CadenaSer က ေဖာ္ျပခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ရဲ႕ စိတ္ဝင္စားမႈကို ခံေနရေပမယ့္လည္း ေဗဂါနဲ႔ နီးစပ္သူေတြက ပရီးမီးယားလိဂ္ကိုသာ ေျပာင္းေ႐ႊ႕ဖို႔ ေထာက္ခံခ်က္ေပးေနၾကတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

-ဂန္းနားေတြဟာ လိဒ္စ္ယူႏိုက္တက္ၾကယ္ပြင့္ကို အံ့အားသင့္ဖြယ္ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ကလပ္ေတြဆီက ကစားသမားေတြကို ဇန္နဝါရီလမွာ ေအာင္ေအာင္ျမင္ျမင္ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အာတီတာဟာ မာဒရစ္ခ္အစား ဘ႐ိုက္တန္ၾကယ္ပြင့္ ထေရာ့ဆာ့ဒ္၊ မြိဳက္စ္ ကိုင္ေဆဒိုအစား ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳကို ေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီမွာ အာဆင္နယ္ဟာ မန္စီးတီးၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ ဇင္ခ်န္ကိုနဲ႔ ေဂ်းဇုတို႔ကို ေခၚယူႏိုင္ခဲ့တာျဖစ္ၿပီး ဒီကစားသမား ၂ ဦးစလုံးက ေျမာက္လန္ဒန္ကလပ္အသင္းရဲ႕ ယခုရာသီ အမွတ္ေပးဖလားစိန္ေခၚမႈမွာ ႀကီးမားတဲ့အခန္းက႑ကေန ပါဝင္ကူညီေပးေနၾကတာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အာတီတာက ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြဆီက လူေခၚတဲ့ နည္းစနစ္ကိုပဲ ထပ္လုပ္သြားဖို႔ ျပင္ဆင္ေနၿပီး လိဒ္စ္ယူႏိုက္တက္ၾကယ္ပြင့္ ဝီးလ္ဖရက္ဒ္ ဂႏြန္တိုကို ကမ္းလွမ္းဖို႔ လုပ္ေနတယ္လို႔ သိရပါတယ္ ။ Gazzetta dello sport ရဲ႕ ေဖာ္ျပခ်က္အရ အီတလီၾကယ္ပြင့္ဟာ လိဒ္စ္ ယူႏိုက္တက္သာ တန္းဆင္းရမယ္ဆိုရင္ ယခုရာသီကုန္မွာ အဲလန္း ႐ုဒ္ကို က်ိန္းေသေပါက္နီးပါးျဖစ္တယ္လို႔ သိရၿပီး ဂႏြန္တိုရဲ႕ ေျပာင္းေ႐ႊ႕ေၾကးဟာ ယူ႐ို ၁၈ သန္းဝန္းက်င္ရွိတယ္လို႔ Transfermarkt ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

Arsenal Myanmar

Ref: Internet