အာဆင်နယ်ကို ဒုက္ခပေးသွားဖို့ စီစဉ်နေတယ်လို့ပြောခဲ့တဲ့ မကာသီနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ
အာဆင်နယ်အသင်းရဲ့ လုပ်ခလစာဟာ ချဲလ်ဆီးအသင်း ၂၁၂ သန်း၊ မန်ချက်စတာယူနိုက်တက်အသင်း ၂၁၁ သန်းနဲ့ မန်ချက်စတာစီးတီးအသင်း ၁၈၂ သန်းတို့နဲ့ နှိုင်းယှဉ်လျှင် တဝက်မျှသာရှိပြီး ပေါင် ၉၇ သန်းနဲ့ အဆင့်၆ နေရာမှာရှိတယ်လို့ သိရှိရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ အူဘာမီယန်း၊ အိုဇေးလ်စတဲ့ တပတ်လုပ်ခလစာ ပေါင် ၃ သိန်းနဲ့ ၃ သိန်းခွဲကစားသမားတွေ အသင်းက ထွက်ခွာပြီးနောက် အသင်းရဲ့ လုပ်ခလစာငွေကို ယူအီးအက်ဖ်အေရဲ့ FFP စည်းမျဉ်းနဲ့ ပရီးမီးယားလိဂ်ရဲ့ ကိုယ်ပိုင်ရေရှည်တည့်တံ့ခိုင်မြဲရေး စည်းမျဉ်းတွေအရ လိုက်နာကျင့်သုံးနေခြင်းဖြစ်ပါတယ်။ လက်ရှိအာဆင်နယ်အသင်းမှာ လစာအများဆုံး ကစားသမားမှာ ဂျေးဇု တပတ်လုပ်ခလစာ ပေါင် ၂၆၅၀၀၀ဖြစ်ပြီး အများဆုံး၅ ဦးထဲမှာ သောမတ်စ် ပါတေး ပေါင် ၂ သိန်း၊ စာချုပ်သစ်ချုပ်ဆိုထားတဲ့ မာတင်နယ်လီ ပေါင် ၁သိန်း ၈ သောင်းနဲ့ ဇင်ချန်ကို ပေါင် ၁ သိန်းခွဲ၊ ချာကာနဲ့ ဘန်ဝှိုက် ပေါင် ၁ သိန်း ၂ သောင်းတို့ပါဝင်နေပါတယ်။ အသင်းခေါင်းဆောင် အော်ဒီဂွါ့ဒ်ရဲ့ တပတ်လုပ်ခလစာဟာ ပေါင် ၁၁၅၀၀၀ သာရှိပါတယ်။
ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ ယာယီနည်းပြ ပက်ဒီ မက်ကာသီက အာဆင်နယ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်ပြီး ရလဒ်ကောင်းထွက်ဖို့ ကြိုးစားမယ်လို့ ကျိန်းဝါးသွားခဲ့ပါတယ်။ မက်ကာသီက ” ခုလို တာဝန်ပေးခံရတာ ကျွန်တော့်အတွက် ကြီးမားတဲ့အခိုက်အတန့်ပါ။ ဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက လက်ရှိအချိန်မှာ ကျွန်တော့်ရဲ့တစ်ခုတည်းသောအာရုံစိုက်မှုက ကျွန်တော်တို့မှာရှိနေတဲ့ အချိန်တိုလေးအတွင်းမှာ အသင်းကို ပြင်ဆင်ပြီး အာဆင်နယ်နဲ့ ပွဲအတွက် အဆင်သင့်ဖြစ်နေစေဖို့ပါ။ အာဆင်နယ်အသင်းဟာ အသင်းကောင်းတစ်သင်းပါ။ ဒီရာသီသူတို့ ပြသခဲ့တဲ့ ခြေစွမ်းအရ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း ကောင်းမွန်တဲ့ တိုက်စစ်ကစားသမားတွေရှိနေပြီး သူတို့ဆီက တတ်နိုင်သမျှ အကြိမ်ပေါင်းများစွာ ဘောလုံးရယူဖို့ကြိုးစားမှာဖြစ်ပြီး ခံစစ်ကစားသမားတွေရဲ့ အရည်အချင်းနဲ့ ပေါင်းလိုက်ရင် သူတို့ကို ကောင်းကောင်း ဒုက္ခပေးနိုင်မှာပါ” လို့ပြောသွားခဲ့ပါတယ်။ ပဲလေ့စ်အသင်းဟာ ၂၀၂၃ ခုနှစ်အတွင်း နိုင်ပွဲတစ်ပွဲမှ မရရှိထားပဲ ယာယီနည်းပြသစ်ဖြစ်သူ မကာသီအနေနဲ့ သူရဲ့ပဲလေ့စ်အသင်းကြီးနည်းပြ ပထမဆုံးပွဲကို ရလဒ်ကောင်းရစေရန် စပို့တင်းအသင်းနဲ့ မိနစ် ၁၂၀ ကစားထားလို့ ပွဲပန်းနေတဲ့ အာဆင်နယ်အသင်းကို ပဲလေ့စ်ကစားသမားများရဲ့ ကြံ့ခိုင်မှုပိုင်းကို အသုံးချပြီး ဒုက္ခပေးဖို့ အစီအစဉ်ချထားပုံရပါတယလို့ ယူဆရပါတယ်။
တင်ရှား ဝုဒ်ရဲ့ ထရော့စ်ဆာ့ဒ်အပေါ် ချီးကျူးမှုကို စပါးစ်တိုက်စစ်မှူးဟောင်း ဒီဖိုးက ထောက်ခံလိုက်ပြီး ထရော့စ်ဆာ့ဒ်ဟာ အလွန်ကောင်းမွန်တဲ့ တောင်ပံတိုက်စစ်မှူးဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ ဒီဘယ်လဂျီယံ ကစားသမားကို ခေါ်ယူနိုင်ခဲ့မှုဟာ ပြီးပြည့်စုံတဲ့ ခေါ်ယူမှု တစ်ခုဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာ ဘရိုက်တန်အသင်းမှ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာတဲ့ ထရော့စ်ဆာ့ဒ်ဟာ အာဆင်နယ်အသင်းအတွက် ဝင်ကစားပေးတဲ့ ပွဲတိုင်းခြေစွမ်းပြနိုင်ခဲ့ပြီး ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ဂိုးဖန်တီးပေးပို့မှု ဟက်ထရစ်ကို ပထမပိုင်းအတွင်း ပြုလုပ်ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာပါ မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။
လန်ဒန်ဒါဘီ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်ပေမယ့်လည်း ဒီဖိုးက ထရော့စ်ဆာ့ဒ်နဲ့ အရည်အချင်းနဲ့ အာဆင်နယ်အသင်းကစာပုံတို့ လိုက်ဖက်နေမှုကို သဘောကျနေပြီး ချီးကျူးခဲ့တာပဲဖြစ်ပါတယ်။ ဒီဖိုးက ” ထရော့စ်ဆာ့ဒ်ကို ခေါ်ယူနိုင်မှုဟာ အာဆင်နယ်အသင်းရဲ့ ပါးနပ်ကောင်းမွန်တဲ့ လက်မှတ်ရေးထိုးခေါ်ယူမှုတစ်ခုလို့ ကျွန်တော်ထင်တယ်။ သူ့အနေနဲ့ ပရီးမီးယားလိဂ်ဆိုတာ ဘာလဲ ထပ်သင်ယူလေ့လာစရာမလိုတော့ဘူးလေ။ မြက်ခင်းပေါ်ခြေချလိုက်တာနဲ့ သူက ဒီလိုအဆင့်မှာ ကစားဖို့ ဘာတွေလိုအပ်သလဲဆိုတာ သိနေပြီး အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်နေတာပါ”လို့ တင်ရှား ဝုဒ်က ချီးကျူးပြောခဲ့ပါတယ်။ ဒီအဆိုကို စပါးစ်တိုက်စစ်မှူးဟောင်း ဒီဖိုးကလည်း ထောက်ခံလိုက်ပြီး ဒီဖိုးက ” မင်းသူ့ကို ကြည့်တဲ့အခါ သူက အာဆင်နယ်မှာ ရေရှည်ကစားတဲ့ အာဆင်နယ်ကစားသမားလို မှတ်ယူမိတယ် မဟုတ်လား။ ထရော့စ်ဆာ့ဒ်ရဲ့ ကစားပုံ၊ ရွေ့လျားပုံ၊ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေကို ရွေးယူတယ်။ သူက တကယ်ကို ပါးနပ်တဲ့ ကစားသမားတစ်ယောက်ပါ။ အချိန်တိုလေးအတွင်းမှာ အခု ထရော့စ်ဆာ့ဒ်က အရမ်းထက်မြက်တဲ့ အာဆင်နယ်ကစားသမားတစ်ယောက်ဖြစ်နေပါပြီ” လို့ထောက်ခံပြောဆိုချီးကျူးခဲ့ပါတယ်။
ဆာလီဘာရဲ့ နောက်ကျောဒဏ်ရာဟာ ထင်မှတ်ထားတာထက် ဆိုးနေပြီး ရက်သတ္တပတ်အနည်းငယ်အနားယူရဖွယ်ရှိတဲ့အတွက် ခရစ်စတယ်ပဲလေ့ပွဲကို ပါဝင်နိုင်မှာ မဟုတ်ပဲ ပြင်သစ် လူစာရင်းကပါနေလည်း နှုတ်ထွက်ရဖွယ်ရှိနေတယ်လို့ RMC စပို့စ်ဖော်ပြချက် အရသိရှိရသလို LeakedLineups ရဲ့ ဖော်ပြချက်အရလည်း အာဆင်နယ်နောက်ခံကစားသမား ဆာလီဘာဟာ ခရစ်စတယ်ပဲလေ့စ်နဲ့ ကစားမယ့် လူစာရင်းမှာ ပါဝင်လာမှာ မဟုတ်ပဲ အသက် ၁၈ နှစ်အရွယ် လူငယ်ကစားသမားလေး ရီယဲလ် ဝေါ်တာစ်က အရန်လူစာရင်းမှာ ပါဝင်လာမယ်လို့ သိရပါတယ်။ အရပ် ၆ ပေ ၂ လက်မရှိ ရီယဲလ် ဝေါ်တာစ်ဟာ ညာနောက်ခံနေရာနဲ့ ခံစစ်မှာပါ ကစားနိုင်သူဖြစ်ပြီး အကယ်ဒမီ ကစားသမားတွေထဲမှာ ခံစစ်ကစားရာမှာ ကောင်းမွန်လွန်းသူလို့ အမွှန်းတင်ခံထားရသူဖြစ်ပါတယ်။ ဆာလီဘာနည်းတူ စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ တိုမီယဆုအနေနဲ့လည်း ယနေ့ည ခရစ်စတယ်ပဲလေ့စ်နဲ့ပွဲကို သေချာပေါက်လွဲချော်မှာ ဖြစ်ပါတယ်။
ARSENAL MYANMAR
PHOTOS CREDIT
ZAWGYI:
အာဆင္နယ္အသင္းရဲ႕ လုပ္ခလစာဟာ ခ်ဲလ္ဆီးအသင္း ၂၁၂ သန္း၊ မန္ခ်က္စတာယူႏိုက္တက္အသင္း ၂၁၁ သန္းနဲ႔ မန္ခ်က္စတာစီးတီးအသင္း ၁၈၂ သန္းတို႔နဲ႔ ႏႈိင္းယွဥ္လွ်င္ တဝက္မွ်သာရွိၿပီး ေပါင္ ၉၇ သန္းနဲ႔ အဆင့္၆ ေနရာမွာရွိတယ္လို႔ သိရွိရပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔ အူဘာမီယန္း၊ အိုေဇးလ္စတဲ့ တပတ္လုပ္ခလစာ ေပါင္ ၃ သိန္းနဲ႔ ၃ သိန္းခြဲကစားသမားေတြ အသင္းက ထြက္ခြာၿပီးေနာက္ အသင္းရဲ႕ လုပ္ခလစာေငြကို ယူအီးအက္ဖ္ေအရဲ႕ FFP စည္းမ်ဥ္းနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ကိုယ္ပိုင္ေရရွည္တည့္တံ့ခိုင္ၿမဲေရး စည္းမ်ဥ္းေတြအရ လိုက္နာက်င့္သုံးေနျခင္းျဖစ္ပါတယ္။ လက္ရွိအာဆင္နယ္အသင္းမွာ လစာအမ်ားဆုံး ကစားသမားမွာ ေဂ်းဇု တပတ္လုပ္ခလစာ ေပါင္ ၂၆၅၀၀၀ျဖစ္ၿပီး အမ်ားဆုံး၅ ဦးထဲမွာ ေသာမတ္စ္ ပါေတး ေပါင္ ၂ သိန္း၊ စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတဲ့ မာတင္နယ္လီ ေပါင္ ၁သိန္း ၈ ေသာင္းနဲ႔ ဇင္ခ်န္ကို ေပါင္ ၁ သိန္းခြဲ၊ ခ်ာကာနဲ႔ ဘန္ဝႈိက္ ေပါင္ ၁ သိန္း ၂ ေသာင္းတို႔ပါဝင္ေနပါတယ္။ အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါ့ဒ္ရဲ႕ တပတ္လုပ္ခလစာဟာ ေပါင္ ၁၁၅၀၀၀ သာရွိပါတယ္။
ခရစၥတယ္ပဲေလ့စ္ အသင္းရဲ႕ ယာယီနည္းျပ ပက္ဒီ မက္ကာသီက အာဆင္နယ္အသင္းနဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္အတြက္ အေကာင္းဆုံးျပင္ဆင္ၿပီး ရလဒ္ေကာင္းထြက္ဖို႔ ႀကိဳးစားမယ္လို႔ က်ိန္းဝါးသြားခဲ့ပါတယ္။ မက္ကာသီက ” ခုလို တာဝန္ေပးခံရတာ ကြၽန္ေတာ့္အတြက္ ႀကီးမားတဲ့အခိုက္အတန႔္ပါ။ ဒါက အေရးမႀကီးပါဘူး။ အေရးႀကီးတာက လက္ရွိအခ်ိန္မွာ ကြၽန္ေတာ့္ရဲ႕တစ္ခုတည္းေသာအာ႐ုံစိုက္မႈက ကြၽန္ေတာ္တို႔မွာရွိေနတဲ့ အခ်ိန္တိုေလးအတြင္းမွာ အသင္းကို ျပင္ဆင္ၿပီး အာဆင္နယ္နဲ႔ ပြဲအတြက္ အဆင္သင့္ျဖစ္ေနေစဖို႔ပါ။ အာဆင္နယ္အသင္းဟာ အသင္းေကာင္းတစ္သင္းပါ။ ဒီရာသီသူတို႔ ျပသခဲ့တဲ့ ေျခစြမ္းအရ လူတိုင္း သိရွိၿပီးျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔မွာလည္း ေကာင္းမြန္တဲ့ တိုက္စစ္ကစားသမားေတြရွိေနၿပီး သူတို႔ဆီက တတ္ႏိုင္သမွ် အႀကိမ္ေပါင္းမ်ားစြာ ေဘာလုံးရယူဖို႔ႀကိဳးစားမွာျဖစ္ၿပီး ခံစစ္ကစားသမားေတြရဲ႕ အရည္အခ်င္းနဲ႔ ေပါင္းလိုက္ရင္ သူတို႔ကို ေကာင္းေကာင္း ဒုကၡေပးႏိုင္မွာပါ” လို႔ေျပာသြားခဲ့ပါတယ္။ ပဲေလ့စ္အသင္းဟာ ၂၀၂၃ ခုႏွစ္အတြင္း ႏိုင္ပြဲတစ္ပြဲမွ မရရွိထားပဲ ယာယီနည္းျပသစ္ျဖစ္သူ မကာသီအေနနဲ႔ သူရဲ႕ပဲေလ့စ္အသင္းႀကီးနည္းျပ ပထမဆုံးပြဲကို ရလဒ္ေကာင္းရေစရန္ စပို႔တင္းအသင္းနဲ႔ မိနစ္ ၁၂၀ ကစားထားလို႔ ပြဲပန္းေနတဲ့ အာဆင္နယ္အသင္းကို ပဲေလ့စ္ကစားသမားမ်ားရဲ႕ ႀကံ့ခိုင္မႈပိုင္းကို အသုံးခ်ၿပီး ဒုကၡေပးဖို႔ အစီအစဥ္ခ်ထားပုံရပါတယလို႔ ယူဆရပါတယ္။
တင္ရွား ဝုဒ္ရဲ႕ ထေရာ့စ္ဆာ့ဒ္အေပၚ ခ်ီးက်ဴးမႈကို စပါးစ္တိုက္စစ္မႉးေဟာင္း ဒီဖိုးက ေထာက္ခံလိုက္ၿပီး ထေရာ့စ္ဆာ့ဒ္ဟာ အလြန္ေကာင္းမြန္တဲ့ ေတာင္ပံတိုက္စစ္မႉးျဖစ္ၿပီး အာဆင္နယ္အသင္းအေနနဲ႔ ဒီဘယ္လဂ်ီယံ ကစားသမားကို ေခၚယူႏိုင္ခဲ့မႈဟာ ၿပီးျပည့္စုံတဲ့ ေခၚယူမႈ တစ္ခုျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာ ဘ႐ိုက္တန္အသင္းမွ အာဆင္နယ္အသင္းဆီ ေျပာင္းေ႐ႊ႕လာတဲ့ ထေရာ့စ္ဆာ့ဒ္ဟာ အာဆင္နယ္အသင္းအတြက္ ဝင္ကစားေပးတဲ့ ပြဲတိုင္းေျခစြမ္းျပႏိုင္ခဲ့ၿပီး ဖူလ္ဟမ္အသင္းနဲ႔ပြဲမွာ ဂိုးဖန္တီးေပးပို႔မႈ ဟက္ထရစ္ကို ပထမပိုင္းအတြင္း ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္သမိုင္းမွာပါ မွတ္တမ္းသစ္ေရးထိုးႏိုင္ခဲ့ပါတယ္။
လန္ဒန္ဒါဘီ ၿပိဳင္ဘက္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္းျဖစ္ေပမယ့္လည္း ဒီဖိုးက ထေရာ့စ္ဆာ့ဒ္နဲ႔ အရည္အခ်င္းနဲ႔ အာဆင္နယ္အသင္းကစာပုံတို႔ လိုက္ဖက္ေနမႈကို သေဘာက်ေနၿပီး ခ်ီးက်ဴးခဲ့တာပဲျဖစ္ပါတယ္။ ဒီဖိုးက ” ထေရာ့စ္ဆာ့ဒ္ကို ေခၚယူႏိုင္မႈဟာ အာဆင္နယ္အသင္းရဲ႕ ပါးနပ္ေကာင္းမြန္တဲ့ လက္မွတ္ေရးထိုးေခၚယူမႈတစ္ခုလို႔ ကြၽန္ေတာ္ထင္တယ္။ သူ႔အေနနဲ႔ ပရီးမီးယားလိဂ္ဆိုတာ ဘာလဲ ထပ္သင္ယူေလ့လာစရာမလိုေတာ့ဘူးေလ။ ျမက္ခင္းေပၚေျခခ်လိုက္တာနဲ႔ သူက ဒီလိုအဆင့္မွာ ကစားဖို႔ ဘာေတြလိုအပ္သလဲဆိုတာ သိေနၿပီး အေကာင္းဆုံး စြမ္းေဆာင္ႏိုင္တဲ့ ကစားသမားတစ္ေယာက္ျဖစ္ေနတာပါ”လို႔ တင္ရွား ဝုဒ္က ခ်ီးက်ဴးေျပာခဲ့ပါတယ္။ ဒီအဆိုကို စပါးစ္တိုက္စစ္မႉးေဟာင္း ဒီဖိုးကလည္း ေထာက္ခံလိုက္ၿပီး ဒီဖိုးက ” မင္းသူ႔ကို ၾကည့္တဲ့အခါ သူက အာဆင္နယ္မွာ ေရရွည္ကစားတဲ့ အာဆင္နယ္ကစားသမားလို မွတ္ယူမိတယ္ မဟုတ္လား။ ထေရာ့စ္ဆာ့ဒ္ရဲ႕ ကစားပုံ၊ ေ႐ြ႕လ်ားပုံ၊ စိတ္ဝင္စားစရာေကာင္းတဲ့ ေနရာေတြကို ေ႐ြးယူတယ္။ သူက တကယ္ကို ပါးနပ္တဲ့ ကစားသမားတစ္ေယာက္ပါ။ အခ်ိန္တိုေလးအတြင္းမွာ အခု ထေရာ့စ္ဆာ့ဒ္က အရမ္းထက္ျမက္တဲ့ အာဆင္နယ္ကစားသမားတစ္ေယာက္ျဖစ္ေနပါၿပီ” လို႔ေထာက္ခံေျပာဆိုခ်ီးက်ဴးခဲ့ပါတယ္။
ဆာလီဘာရဲ႕ ေနာက္ေက်ာဒဏ္ရာဟာ ထင္မွတ္ထားတာထက္ ဆိုးေနၿပီး ရက္သတၱပတ္အနည္းငယ္အနားယူရဖြယ္ရွိတဲ့အတြက္ ခရစ္စတယ္ပဲေလ့ပြဲကို ပါဝင္ႏိုင္မွာ မဟုတ္ပဲ ျပင္သစ္ လူစာရင္းကပါေနလည္း ႏႈတ္ထြက္ရဖြယ္ရွိေနတယ္လို႔ RMC စပို႔စ္ေဖာ္ျပခ်က္ အရသိရွိရသလို LeakedLineups ရဲ႕ ေဖာ္ျပခ်က္အရလည္း အာဆင္နယ္ေနာက္ခံကစားသမား ဆာလီဘာဟာ ခရစ္စတယ္ပဲေလ့စ္နဲ႔ ကစားမယ့္ လူစာရင္းမွာ ပါဝင္လာမွာ မဟုတ္ပဲ အသက္ ၁၈ ႏွစ္အ႐ြယ္ လူငယ္ကစားသမားေလး ရီယဲလ္ ေဝၚတာစ္က အရန္လူစာရင္းမွာ ပါဝင္လာမယ္လို႔ သိရပါတယ္။ အရပ္ ၆ ေပ ၂ လက္မရွိ ရီယဲလ္ ေဝၚတာစ္ဟာ ညာေနာက္ခံေနရာနဲ႔ ခံစစ္မွာပါ ကစားႏိုင္သူျဖစ္ၿပီး အကယ္ဒမီ ကစားသမားေတြထဲမွာ ခံစစ္ကစားရာမွာ ေကာင္းမြန္လြန္းသူလို႔ အမႊန္းတင္ခံထားရသူျဖစ္ပါတယ္။ ဆာလီဘာနည္းတူ စပို႔တင္းလစၥဘြန္းနဲ႔ပြဲမွာ ဒဏ္ရာရသြားခဲ့တဲ့ တိုမီယဆုအေနနဲ႔လည္း ယေန႔ည ခရစ္စတယ္ပဲေလ့စ္နဲ႔ပြဲကို ေသခ်ာေပါက္လြဲေခ်ာ္မွာ ျဖစ္ပါတယ္။
- Posted In:
- News