အန်ကီးတီးယားဒဏ်ရာ၊ ဂျေးဇုပြန်လာနိုင်မယ့်အချိန်၊ ဇင်ချန်ကိုအကြောင်း အာတီတာ ပြောခဲ့သမျှ
အာဆင်နယ်နည်းပြ အာတီတာဟာ စနေနေ့ညနေ ဘုန်းမောက်အသင်းကို အမ်းမရိတ်စ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုသမျှကို ဖြေကြားပေးခဲ့ပါတယ်။
မေး- ဆာကာနဲ့ ဆာလီဘာတို့ကို စာချုပ်သစ် ချုပ်ဆိုဖို့က ဘယ်လောက်အထိ အရေးကြီးလဲ။ ခင်ဗျား သူတို့နဲ့ပတ်သက်ပြီး နောက်ဆုံးရသတင်းကို ပြောနိုင်လား။
ဖြေ- ကစားသမားတိုင်းက အရမ်းအရေးပါပါတယ်။ စာချုပ်အရ ထူးခြားတဲ့အခြေအနေနဲ့ ကစားသမားတွေရှိတာ သိသာပြီး ကျွန်တော်တို့ သူတို့နဲ့ အဆင်ပြေအောင် လုပ်ဖို့ ကြိုးပမ်းနေပါတယ်။ အခုအချိန်မှာ သူတို့ထဲက ဘယ်သူ့ကိုမှ အာရုံနောက်အောင် မလုပ်ချင်ပါဘူး။ အဲဒီတော့ တစ်ခုခု ဖြစ်တဲ့အချိန်ကျရင် ကျွန်တော်တို့ အဲဒါကို ကြေညာသွားမှာပါ။
မေး- ဘုန်းမောက်ရဲ့ ခြိမ်းခြောက်မှုကို ခင်ဗျား ဘယ်လိုမြင်လဲ။
ဖြေ- ကျွန်တော် ဘရိုက်တန်၊ ဝုလ်ဗ်စ်၊ နယူးကာဆယ်လ်၊ မန်ယူနိုက်တက်တို့နဲ့ ကစားခဲ့တဲ့ပွဲတွေကို ကြည့်ခဲ့ပြိး ပြောရမယ်ဆိုရင် သူတို့တွေ လုပ်နေတာတွေနဲ့ပတ်သက်ပြီး ကျွန်တော် တကယ် အထင်ကြီးမိခဲ့ပါတယ်။ သူတို့တွေက အဲဒီပွဲတွေမှာ ဂိုးအများကြီးမပေးခဲ့ရဘဲ အဲဒီပွဲစဉ်တွေထဲက ၂ ပွဲမှာ သူတို့တွေ အရမ်းကွာခြားတဲ့ရလဒ်ကို ရခဲ့တယ်။ မန်စီးတီးပွဲကတော့ အရည်အသွေးပိုင်း သိသာပါတယ်။ သူတို့တွေ ဖွင့်ကစားပြီး လုပ်ဆောင်မှုတွေကို အဆုံးသတ်တဲ့အချိန်မှာ သူတို့တွေ ကြီးမားတဲ့ သွင်းဂိုးတွေ ပြုလုပ်နိုင်ပေမယ့် သူတို့တွေက နောက်ထပ်တစ်ကြိမ် ယှဉ်ပြိုင်နိုင်စွမ်းရှိခဲ့ပါတယ်။
မေး- အခု ယူရိုပါလိဂ်လည်း ပြန်လာပြီဆိုတော့ မတူညီတဲ့အသင်း ၂ သင်းနဲ့ ကစားသွားဖို့ တွေးနေလား။
ဖြေ- အဲဒါက အခြေအနေပေါ်မူတည်ပါတယ်။ ပြီးခဲ့တဲ့ ၅ လစလုံးမှာ ကျွန်တော်တို့ ၂ သင်းထုတ်လို့ရတဲ့ လူအင်အားမရှိခဲ့တာ သိသာပါတယ်။ အဲဒီတော့ ကျွန်တော်တို့မှာ ကွင်းထဲ ထုတ်သုံးလို့ရတဲ့ ကစားသမား ၁၆ ဦး၊ ၁၇ ဦးထက်ပိုပြီး မရှိခဲ့ပါဘူး။ ဒီတော့ အဲဒီလိုလုပ်ဖို့က မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ အဲဒါကို လုပ်ဖို့ အခွင့်အရေးရှိမလားဆိုတာကို ကြည့်တာပေါ့။ ကျွန်တော်တို့ အဲဒီပုံစံမျိုးနဲ့ အလှည့်ကျ သုံးနိုင်ရင်အဲဒါက ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကစားသမားတွေက ကစားခွင့်ရဖို့ ထိုက်တန်လို့ပါ။ ခင်ဗျား တစ်ပတ်ကို ၂ ပွဲကန်ရတာကြောင့်မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ ဘာလုပ်မလဲဆိုတာကို ကြည့်ကြတာပေါ့။
မေး- ဇင်ချန်ကိုက အဲဗာတန်နဲ့ပွဲက ပထမဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ဖို့ သူ့နေရာမဟုတ်တဲ့နေရာမှာ ရှိနေခဲ့တယ်။ ခင်ဗျား အဲဒါကို အားပေးလား။
ဖြေ- သူသာ အဲဒီမှာဘောလုံး ပေးခဲ့ရပြီး ကျွန်တော်တို့ တန်ပြန်တိုက်စစ်ကနေ ဂိုးပေးခဲ့ရရင် ကျွန်တော် တကယ်ကို ဒေါသထွက်မိမှာပါ။ ဒါပေမယ့် နည်းပြတိုင်းလိုပဲ သူက အရမ်းကောင်းတဲ့ဘောလုံးပေးပို့မှုလုပ်ခဲ့တယ်။ ဘူကာယိုက ပင်နယ်တီဧရိယာထဲမှာ ရှိနေပြီး သူ ဂိုးသွင်းခဲ့တယ်။ ကျွန်တော်တို့ အားလုံးပျော်ခဲ့တယ်။ သူက သူ လုပ်နေသလိုပဲ အချီု့နေရာလွတ်တွေမှာ လွတ်လွတ်လပ်လပ် ကစားမှာဖြစ်ပြီး သူ ဘောလုံးလက်ခံရရှိတဲ့နေရာမှာ လုပ်ဆောင်မှုတွေ ရှိမှာပါ။ အထူးသဖြင့် ကျွန်တော်တို့ ပိတ်ဆို့တတ်တဲ့အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်တွေမှာပေါ့။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ခင်ဗျား လုပ်ရမယ့်ဟာတွေကို လုပ်ရမယ့် နေရာမှာ ရှိနေတဲ့ စည်းကမ်းအချို့တော့ လိုအပ်ပါတယ်။
မေး- မာတီနယ်လီလိုမျိုး ဂျေးဇု မပါဝင်နိုင်ချိန်မှာ နေရာဝင်ယူနိုင်တဲ့ကစားသမားမျိုး ခင်ဗျား မြင်ခဲ့လား။
ဖြေ- ဂါဘီငယ်က ဂါဘီကြီးနဲ့ တကယ်ကောင်းမွန်နတဲ့ ကစားပုံမျိုး ကစားနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ အသင်းကနေ မတူညီတဲ့တစ်စုံတရာကို လိုအပ်ပြီး ကျွန်တော်တို့ ကစားနေတဲ့ပုံစံနဲ့ အသားကျအောင် လုပ်ရမှာပါ။ ဘာလို့လဲဆိုတော့ ဂါဘီကြီးမှာရှိတဲ့ အရည်အသွေးကြောင့်ပါ။ အဲဒါကို မြင်တွေ့ရတာက တကယ်ကို စိတ်ကျေနပ်စရာဖြစ်ပြီး အဲဒီတော့ ယေဘုယျအားဖြင့် မှန်းထားတာထက် အများကြီး ပိုကောင်းခဲ့တာ ဖြစ်ပါလိမ့်မယ်။ အခု ကျွန်တောတို့ အဲဒါကို ဆက်လုပ်သွားရမှာပါ။ သူ့ကို(ဂါဘီကြီး) ပြန်ခေါ်ယူနိုင်မယ်လို့ မျှော်လင့်မိပြီး အဲဒီလိုဆိုရင် သူက ကျွန်တော်တို့ကို မတူညီတဲ့အဆင့်အတန်းကို ရောက်အောင် ကူညီပေးနိုင်မှာပါ။
မေး- ဇင်ချန်ကိုက သူ့ရဲ့ အကောင်းဆုံးနေရာမှာ ကစားနေတယ်လို့ ထင်လား။ ဒါမှမဟုတ် သူ နောက်ထပ်ရှေ့တက်ကစားနိုင်တယ်လို့ ထင်လား။
ဖြေ- သူ ကစားနိုင်ပါတယ်။ သူက ကျွန်တော်တို့မှာရှိနေတဲ့ နေရာအချို့မှာ အရမ်းကောင်းတဲ့ပုံစံနဲ့ အံဝင်အောင် ကစားနိုင်ပါတယ်။ တစ်ခါတလေ သူ အဲဒီနေရာလွတ်အချို့ကို ရယူထားပါတယ်။ ကျွန်တော်တို့ တွေ့ရမှာပါ။ တစ်ခါတလေ အသင်းတွေက ခင်ဗျားကို မေးခွန်းထုတ်ပြီး အချို့နေရာတွေမှာ ခင်ဗျား အဲလက်စ်ကို လိုအပ်မှာပါ။ သူက တောင်ပံပိုထွက်ကစားနိုင်ပြီး ရှေ့တက်ပြီးလည်း ကစားနိုင်ပါတယ်။ ဒီလို နေရာစုံ ကစားနိုင်တဲ့ကစားသမားမျိုးရထားတာ ကောင်းပါတယ်။
မေး- ဂယ်ရီ အိုနေးလ်လိုမျိုး လက်ထောက်နည်းပြဘဝကနေ နည်းပြဖြစ်လာဖို့ နောက်တစ်ဆင့်တက်လှမ်းတာက ဘယ်လောက်အထိ ခက်ခဲခဲ့လဲ။
ဖြေ- ကျွန်တော် သူ့ကို သိခဲ့တာ နှစ်ပေါင်းများစွာကြာပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အတူတူ လိဂ်ထဲမှာ ရှိခဲ့ကြလို့ပါ။ ကျွန်တော် သူ့ကစားသမားဘဝတလျှောက်လုံး သူလုပ်ခဲ့တာတွေနဲ့ ပွဲတိုင်းကို သူ ချဉ်းကပ်တဲ့ပုံစံ၊ အခု သူ့အသင်းလုပ်နေတာတွေကို တကယ် အထင်ကြီးမိခဲ့ပါတယ်။ ကျွန်တော် သူ့ကို လူချင်းလည်း သိပြီး အဲဒီတော့ သူ အရမ်းကောင်းတဲ့အလုပ်ကို လုပ်နေတယ်လို့ ထင်ပါတယ်။ ဒီလိုအသက်အရွယ်နဲ့ နည်းပြအခန်းကဏ္ဍကို တာဝန်ယူထားပြီး ကောင်းကောင်းလုပ်နေတာကို မြင်ရတာ အရမ်းကောင်းပါတယ်။
မေး- ဂျေးဇုက နိုင်ငံတကာပွဲစဉ် အားလပ်ရက်မတိုင်ခင် ပြန်လာနိုင်မလား။
ဖြေ- အဲဒီတော့ ခင်ဗျားက ကျွန်တော့်ကို အချိန်ကာလသတ်မှတ်ပေးစေချင်တာလား။ ကျွန်တော်တို့ မသိပါဘူး။ သူ ပြန်လာဖို့ သိပ်မဝေးတော့ပါဘူး။ သူဟာ အသင်းနဲ့ရော၊ တဦးတည်းရော လေ့ကျင့်ခန်းတွေ လုပ်နေနိုင်ပြီ ဖြစ်ပါတယ်။ တနေ့ထက်တနေ့ ပိုကောင်းလာတယ်လို့လည်း သူ ခံစားနေရပါတယ်။ ဆရာဝန်တွေကလည်း ယုံကြည်နေကြတယ်။ ဘယ်အချိန် ပြန်ကစားနိုင်မယ်ဆိုတာတော့ ကျွန်တော် မပြောလိုပါဘူး။ အရမ်းလည်း မနီးသလို အရမ်းလည်း မဝေးတော့ပါဘူး။
မေး- ဂျော်ဂျင်ညိုရော ဘယ်လိုနေလဲ။
ဖြေ- ဂျော်ဂျီက အဆင်ပြေပါတယ်။ သူ နေမကောင်းဖြစ်ခဲ့တာပါ။ သူ ခံစားခဲ့ရပါတယ်။ ဒါပေမယ့် သူက အရမ်းကောင်းတဲ့ အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် ကျွန်တော်တို့ သူ့ကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ အဆင်ပြေပါတယ်။
မေး- အန်ကီးတီးယားကို နောက်ဆုံးပွဲအပြီးမှာ ထော့နဲ့ထော့နဲ့ ပုံစံနဲ့ တွေ့ခဲ့ရတယ်။ သူ အဆင်ပြေရဲ့လား
ဖြေ- အင်း သူ အဆင်ပြေပါတယ်။ ကျွန်တော်တို့ သူ့ကို အကဲဖြတ်နေပါတယ်။ ရိုးရိုးသားသားပြောရရင် လေ့ကျင့်ရေးအစီအစဉ်မှာ ဘာတွေဖြစ်မလဲဆိုတာ နည်းနည်းတော့ မသေချာပါဘူး။ ကြည့်တာပေါ့။ ရွေးချယ်စရာတွေကို လမ်းဖွင့်ထားလိုက်ရအောင်။ သူက အရမ်း အကောင်းမြင်ပြီး သူ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္နည္းျပ အာတီတာဟာ စေနေန႔ညေန ဘုန္းေမာက္အသင္းကို အမ္းမရိတ္စ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္မတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ပရိသတ္ေတြ သိလိုသမွ်ကို ေျဖၾကားေပးခဲ့ပါတယ္။
ေမး- ဆာကာနဲ႔ ဆာလီဘာတို႔ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔က ဘယ္ေလာက္အထိ အေရးႀကီးလဲ။ ခင္ဗ်ား သူတို႔နဲ႔ပတ္သက္ၿပီး ေနာက္ဆုံးရသတင္းကို ေျပာႏိုင္လား။
ေျဖ- ကစားသမားတိုင္းက အရမ္းအေရးပါပါတယ္။ စာခ်ဳပ္အရ ထူးျခားတဲ့အေျခအေနနဲ႔ ကစားသမားေတြရွိတာ သိသာၿပီး ကြၽန္ေတာ္တို႔ သူတို႔နဲ႔ အဆင္ေျပေအာင္ လုပ္ဖို႔ ႀကိဳးပမ္းေနပါတယ္။ အခုအခ်ိန္မွာ သူတို႔ထဲက ဘယ္သူ႔ကိုမွ အာ႐ုံေနာက္ေအာင္ မလုပ္ခ်င္ပါဘူး။ အဲဒီေတာ့ တစ္ခုခု ျဖစ္တဲ့အခ်ိန္က်ရင္ ကြၽန္ေတာ္တို႔ အဲဒါကို ေၾကညာသြားမွာပါ။
ေမး- ဘုန္းေမာက္ရဲ႕ ၿခိမ္းေျခာက္မႈကို ခင္ဗ်ား ဘယ္လိုျမင္လဲ။
ေျဖ- ကြၽန္ေတာ္ ဘ႐ိုက္တန္၊ ဝုလ္ဗ္စ္၊ နယူးကာဆယ္လ္၊ မန္ယူႏိုက္တက္တို႔နဲ႔ ကစားခဲ့တဲ့ပြဲေတြကို ၾကည့္ခဲ့ၿပိး ေျပာရမယ္ဆိုရင္ သူတို႔ေတြ လုပ္ေနတာေတြနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ တကယ္ အထင္ႀကီးမိခဲ့ပါတယ္။ သူတို႔ေတြက အဲဒီပြဲေတြမွာ ဂိုးအမ်ားႀကီးမေပးခဲ့ရဘဲ အဲဒီပြဲစဥ္ေတြထဲက ၂ ပြဲမွာ သူတို႔ေတြ အရမ္းကြာျခားတဲ့ရလဒ္ကို ရခဲ့တယ္။ မန္စီးတီးပြဲကေတာ့ အရည္အေသြးပိုင္း သိသာပါတယ္။ သူတို႔ေတြ ဖြင့္ကစားၿပီး လုပ္ေဆာင္မႈေတြကို အဆုံးသတ္တဲ့အခ်ိန္မွာ သူတို႔ေတြ ႀကီးမားတဲ့ သြင္းဂိုးေတြ ျပဳလုပ္ႏိုင္ေပမယ့္ သူတို႔ေတြက ေနာက္ထပ္တစ္ႀကိမ္ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိခဲ့ပါတယ္။
ေမး- အခု ယူ႐ိုပါလိဂ္လည္း ျပန္လာၿပီဆိုေတာ့ မတူညီတဲ့အသင္း ၂ သင္းနဲ႔ ကစားသြားဖို႔ ေတြးေနလား။
ေျဖ- အဲဒါက အေျခအေနေပၚမူတည္ပါတယ္။ ၿပီးခဲ့တဲ့ ၅ လစလုံးမွာ ကြၽန္ေတာ္တို႔ ၂ သင္းထုတ္လို႔ရတဲ့ လူအင္အားမရွိခဲ့တာ သိသာပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔မွာ ကြင္းထဲ ထုတ္သုံးလို႔ရတဲ့ ကစားသမား ၁၆ ဦး၊ ၁၇ ဦးထက္ပိုၿပီး မရွိခဲ့ပါဘူး။ ဒီေတာ့ အဲဒီလိုလုပ္ဖို႔က မျဖစ္ႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ အဲဒါကို လုပ္ဖို႔ အခြင့္အေရးရွိမလားဆိုတာကို ၾကည့္တာေပါ့။ ကြၽန္ေတာ္တို႔ အဲဒီပုံစံမ်ိဳးနဲ႔ အလွည့္က် သုံးႏိုင္ရင္အဲဒါက ျဖစ္ႏိုင္ေျခရွိပါတယ္။ ဒါေပမယ့္ အဆုံးမွာေတာ့ ကစားသမားေတြက ကစားခြင့္ရဖို႔ ထိုက္တန္လို႔ပါ။ ခင္ဗ်ား တစ္ပတ္ကို ၂ ပြဲကန္ရတာေၾကာင့္မဟုတ္ပါဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဘာလုပ္မလဲဆိုတာကို ၾကည့္ၾကတာေပါ့။
ေမး- ဇင္ခ်န္ကိုက အဲဗာတန္နဲ႔ပြဲက ပထမဂိုးအတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ဖို႔ သူ႔ေနရာမဟုတ္တဲ့ေနရာမွာ ရွိေနခဲ့တယ္။ ခင္ဗ်ား အဲဒါကို အားေပးလား။
ေျဖ- သူသာ အဲဒီမွာေဘာလုံး ေပးခဲ့ရၿပီး ကြၽန္ေတာ္တို႔ တန္ျပန္တိုက္စစ္ကေန ဂိုးေပးခဲ့ရရင္ ကြၽန္ေတာ္ တကယ္ကို ေဒါသထြက္မိမွာပါ။ ဒါေပမယ့္ နည္းျပတိုင္းလိုပဲ သူက အရမ္းေကာင္းတဲ့ေဘာလုံးေပးပို႔မႈလုပ္ခဲ့တယ္။ ဘူကာယိုက ပင္နယ္တီဧရိယာထဲမွာ ရွိေနၿပီး သူ ဂိုးသြင္းခဲ့တယ္။ ကြၽန္ေတာ္တို႔ အားလုံးေပ်ာ္ခဲ့တယ္။ သူက သူ လုပ္ေနသလိုပဲ အခ်ီဳ႕ေနရာလြတ္ေတြမွာ လြတ္လြတ္လပ္လပ္ ကစားမွာျဖစ္ၿပီး သူ ေဘာလုံးလက္ခံရရွိတဲ့ေနရာမွာ လုပ္ေဆာင္မႈေတြ ရွိမွာပါ။ အထူးသျဖင့္ ကြၽန္ေတာ္တို႔ ပိတ္ဆို႔တတ္တဲ့အသင္းေတြနဲ႔ ရင္ဆိုင္ရတဲ့ပြဲစဥ္ေတြမွာေပါ့။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ကြၽန္ေတာ္တို႔ ခင္ဗ်ား လုပ္ရမယ့္ဟာေတြကို လုပ္ရမယ့္ ေနရာမွာ ရွိေနတဲ့ စည္းကမ္းအခ်ိဳ႕ေတာ့ လိုအပ္ပါတယ္။
ေမး- မာတီနယ္လီလိုမ်ိဳး ေဂ်းဇု မပါဝင္ႏိုင္ခ်ိန္မွာ ေနရာဝင္ယူႏိုင္တဲ့ကစားသမားမ်ိဳး ခင္ဗ်ား ျမင္ခဲ့လား။
ေျဖ- ဂါဘီငယ္က ဂါဘီႀကီးနဲ႔ တကယ္ေကာင္းမြန္နတဲ့ ကစားပုံမ်ိဳး ကစားႏိုင္ခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ အသင္းကေန မတူညီတဲ့တစ္စုံတရာကို လိုအပ္ၿပီး ကြၽန္ေတာ္တို႔ ကစားေနတဲ့ပုံစံနဲ႔ အသားက်ေအာင္ လုပ္ရမွာပါ။ ဘာလို႔လဲဆိုေတာ့ ဂါဘီႀကီးမွာရွိတဲ့ အရည္အေသြးေၾကာင့္ပါ။ အဲဒါကို ျမင္ေတြ႕ရတာက တကယ္ကို စိတ္ေက်နပ္စရာျဖစ္ၿပီး အဲဒီေတာ့ ေယဘုယ်အားျဖင့္ မွန္းထားတာထက္ အမ်ားႀကီး ပိုေကာင္းခဲ့တာ ျဖစ္ပါလိမ့္မယ္။ အခု ကြၽန္ေတာတို႔ အဲဒါကို ဆက္လုပ္သြားရမွာပါ။ သူ႔ကို(ဂါဘီႀကီး) ျပန္ေခၚယူႏိုင္မယ္လို႔ ေမွ်ာ္လင့္မိၿပီး အဲဒီလိုဆိုရင္ သူက ကြၽန္ေတာ္တို႔ကို မတူညီတဲ့အဆင့္အတန္းကို ေရာက္ေအာင္ ကူညီေပးႏိုင္မွာပါ။
ေမး- ဇင္ခ်န္ကိုက သူ႔ရဲ႕ အေကာင္းဆုံးေနရာမွာ ကစားေနတယ္လို႔ ထင္လား။ ဒါမွမဟုတ္ သူ ေနာက္ထပ္ေရွ႕တက္ကစားႏိုင္တယ္လို႔ ထင္လား။
ေျဖ- သူ ကစားႏိုင္ပါတယ္။ သူက ကြၽန္ေတာ္တို႔မွာရွိေနတဲ့ ေနရာအခ်ိဳ႕မွာ အရမ္းေကာင္းတဲ့ပုံစံနဲ႔ အံဝင္ေအာင္ ကစားႏိုင္ပါတယ္။ တစ္ခါတေလ သူ အဲဒီေနရာလြတ္အခ်ိဳ႕ကို ရယူထားပါတယ္။ ကြၽန္ေတာ္တို႔ ေတြ႕ရမွာပါ။ တစ္ခါတေလ အသင္းေတြက ခင္ဗ်ားကို ေမးခြန္းထုတ္ၿပီး အခ်ိဳ႕ေနရာေတြမွာ ခင္ဗ်ား အဲလက္စ္ကို လိုအပ္မွာပါ။ သူက ေတာင္ပံပိုထြက္ကစားႏိုင္ၿပီး ေရွ႕တက္ၿပီးလည္း ကစားႏိုင္ပါတယ္။ ဒီလို ေနရာစုံ ကစားႏိုင္တဲ့ကစားသမားမ်ိဳးရထားတာ ေကာင္းပါတယ္။
ေမး- ဂယ္ရီ အိုေနးလ္လိုမ်ိဳး လက္ေထာက္နည္းျပဘဝကေန နည္းျပျဖစ္လာဖို႔ ေနာက္တစ္ဆင့္တက္လွမ္းတာက ဘယ္ေလာက္အထိ ခက္ခဲခဲ့လဲ။
ေျဖ- ကြၽန္ေတာ္ သူ႔ကို သိခဲ့တာ ႏွစ္ေပါင္းမ်ားစြာၾကာပါၿပီ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က အတူတူ လိဂ္ထဲမွာ ရွိခဲ့ၾကလို႔ပါ။ ကြၽန္ေတာ္ သူ႔ကစားသမားဘဝတေလွ်ာက္လုံး သူလုပ္ခဲ့တာေတြနဲ႔ ပြဲတိုင္းကို သူ ခ်ဥ္းကပ္တဲ့ပုံစံ၊ အခု သူ႔အသင္းလုပ္ေနတာေတြကို တကယ္ အထင္ႀကီးမိခဲ့ပါတယ္။ ကြၽန္ေတာ္ သူ႔ကို လူခ်င္းလည္း သိၿပီး အဲဒီေတာ့ သူ အရမ္းေကာင္းတဲ့အလုပ္ကို လုပ္ေနတယ္လို႔ ထင္ပါတယ္။ ဒီလိုအသက္အ႐ြယ္နဲ႔ နည္းျပအခန္းက႑ကို တာဝန္ယူထားၿပီး ေကာင္းေကာင္းလုပ္ေနတာကို ျမင္ရတာ အရမ္းေကာင္းပါတယ္။
ေမး- ေဂ်းဇုက ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္မတိုင္ခင္ ျပန္လာႏိုင္မလား။
ေျဖ- အဲဒီေတာ့ ခင္ဗ်ားက ကြၽန္ေတာ့္ကို အခ်ိန္ကာလသတ္မွတ္ေပးေစခ်င္တာလား။ ကြၽန္ေတာ္တို႔ မသိပါဘူး။ သူ ျပန္လာဖို႔ သိပ္မေဝးေတာ့ပါဘူး။ သူဟာ အသင္းနဲ႔ေရာ၊ တဦးတည္းေရာ ေလ့က်င့္ခန္းေတြ လုပ္ေနႏိုင္ၿပီ ျဖစ္ပါတယ္။ တေန႔ထက္တေန႔ ပိုေကာင္းလာတယ္လို႔လည္း သူ ခံစားေနရပါတယ္။ ဆရာဝန္ေတြကလည္း ယုံၾကည္ေနၾကတယ္။ ဘယ္အခ်ိန္ ျပန္ကစားႏိုင္မယ္ဆိုတာေတာ့ ကြၽန္ေတာ္ မေျပာလိုပါဘူး။ အရမ္းလည္း မနီးသလို အရမ္းလည္း မေဝးေတာ့ပါဘူး။
ေမး- ေဂ်ာ္ဂ်င္ညိဳေရာ ဘယ္လိုေနလဲ။
ေျဖ- ေဂ်ာ္ဂ်ီက အဆင္ေျပပါတယ္။ သူ ေနမေကာင္းျဖစ္ခဲ့တာပါ။ သူ ခံစားခဲ့ရပါတယ္။ ဒါေပမယ့္ သူက အရမ္းေကာင္းတဲ့ အေျပာင္းအလဲေတြ လုပ္ခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ သူ႔ကို လူစားလဲဖို႔ ဆုံးျဖတ္ခဲ့တာပါ။ သူ အဆင္ေျပပါတယ္။
ေမး- အန္ကီးတီးယားကို ေနာက္ဆုံးပြဲအၿပီးမွာ ေထာ့နဲ႔ေထာ့နဲ႔ ပုံစံနဲ႔ ေတြ႕ခဲ့ရတယ္။ သူ အဆင္ေျပရဲ႕လား
ေျဖ- အင္း သူ အဆင္ေျပပါတယ္။ ကြၽန္ေတာ္တို႔ သူ႔ကို အကဲျဖတ္ေနပါတယ္။ ႐ိုး႐ိုးသားသားေျပာရရင္ ေလ့က်င့္ေရးအစီအစဥ္မွာ ဘာေတြျဖစ္မလဲဆိုတာ နည္းနည္းေတာ့ မေသခ်ာပါဘူး။ ၾကည့္တာေပါ့။ ေ႐ြးခ်ယ္စရာေတြကို လမ္းဖြင့္ထားလိုက္ရေအာင္။ သူက အရမ္း အေကာင္းျမင္ၿပီး သူ အဆင္ေျပလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- News