ဟာလန်းကိုငြင်းပယ်ပြီး ဂန်းနားကြယ်ပွင့်က ယခုရာသီအကောင်းဆုံးကစားသမားလို့ ပြောခဲ့တဲ့ ဆက်ဂ်ညာ coyg

ဟာလန်းကိုငြင်းပယ်ပြီး ဂန်းနားကြယ်ပွင့်က ယခုရာသီအကောင်းဆုံးကစားသမားလို့ ပြောခဲ့တဲ့ ဆက်ဂ်ညာ

အာဆင်နယ်နောက်ခံကစားသမားဟောင်း ဆက်ဂ်ညာက ဘူကာယို ဆာကာဟာ ယခုရာသီပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ပြင်သစ်နောက်ခံလူဟောင်းက ဆာကာရဲ့ အကျိုးသက်ရောက်မှုဟာ ယခုရာသီမှာ ၃၉ ဂိုးအထိ ကြောက်မက်ဖွယ် သွင်းယူထားတဲ့ မန်ချက်စတာစီးတီးကြယ်ပွင့် အာလင်း ဟာလန်းရဲ့ အကျိုးသက်ရောက်မှုထက် ပိုမို သာလွန်နေတယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်ကနေ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ၂၆ ပွဲပါဝင်ကစားပေးထားရာမှာ ၂၈ ဂိုး သွင်းယူထားပြီး ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဆာကာက အာဆင်နယ်ကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်ချက်စတာစီးတီးထက် ၅ မှတ်အသာနဲ့ ရပ်တည်နိုင်အောင် အရေးကြီးတဲ့အခန်းကဏ္ဍကနေ ကူညီပေးထားတာဖြစ်ပြီး အင်္ဂလန်တောင်ပံကစားသမားဟာ ယခုရာသီ လိဂ်ပွဲ ၂၇ ပွဲမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။

ဆက်ဂ်ညာက ဟာလန်းအနေနဲ့ ယခုရာသီကုန်မှာ PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိနိုင်သေးပေမယ့်လည်း ဆာကာက ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်ခဲ့တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“ဆာကာက ဘောလုံးရတဲ့အချိန်ုတိုင်းအဆက်မပြတ် ခြိမ်းခြောက်နိုင်တယ်။ သူက ဖန်တီးပေးဖို့ ကြိုးပမ်းနေပြီး သူက အာဆင်နယ်ရဲ့ ဖန်တီးမှုအကောင်းဆုံးကစားသမားဖြစ်လာဖို့ ကြိုးစားနေတယ်။ ဟုတ်တာပေါ့။ အာဆင်နယ်အသင်းက ကစားသမားအများအပြားက ကြီးမားတဲ့ ချီးကျူးမှုနဲ့ ထိုက်တန်ပါတယ်။ သူတို့တွေက တကယ်ကို ကျစ်လစ်နေခဲ့ပေမယ့် ဆာကာ တိုးတက်လာတဲ့ပုံစံ၊ သူတိုက်စစ်ဆင်တဲ့ပုံစံ၊ သူ ဖန်တီးပေးခဲ့တဲ့ပုံစံနဲ့ ဂိုးသွင်းယူခဲ့တဲ့ ပုံစံက အသင်းအတွက် တကယ်ကို အရေးပါခဲ့ပါတယ်။ သူ ဒဏ်ရာကင်းကင်းနဲ့ နေနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ သူက အရမ်းငယ်ရွယ်တယ်။ သူ တိုးတက်လာမှာပါ။

သူက အရမ်းကောင်းတဲ့ကစားသမား ဖြစ်နေပြီးသားဖြစ်ပြီး လက်ရှိ အာဆင်နယ်အသင်းမှာ သူက အကြီးမားဆုံးအကျိုးသက်ရောက်မှုရှိတယ်လို့ ကျွန်တော် ယုံတယ်။ သူက ဒီရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ အာလင်း ဟာလန်းက PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရခဲ့မယ်ဆိုရင် ကျွန်တော် အံ့အားသင့်မိမှာမဟုတ်ပါဘူး။ ဒါပေမယ့် အခုအထိတော့ အာဆင်နယ်မှာ ဆာကာထက်ပိုပြီး ကြီးမားတဲ့ အကျိုးသက်ရောက်မှု ပြသနိုင်တဲ့ကစားသမားမျိုး မတွေ့သေးပါဘူး။ တစ်ပွဲပြီးတစ်ပွဲ ဒီလို ခြေစွမ်းတည်ငြိမ်မှုမျိုးရှိနေခဲ့တာကတော့ လုံးဝကို ထူးခြားဆန်းကြယ်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

အာဆင္နယ္ေနာက္ခံကစားသမားေဟာင္း ဆက္ဂ္ညာက ဘူကာယို ဆာကာဟာ ယခုရာသီပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးကစားသမားျဖစ္ခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

ျပင္သစ္ေနာက္ခံလူေဟာင္းက ဆာကာရဲ႕ အက်ိဳးသက္ေရာက္မႈဟာ ယခုရာသီမွာ ၃၉ ဂိုးအထိ ေၾကာက္မက္ဖြယ္ သြင္းယူထားတဲ့ မန္ခ်က္စတာစီးတီးၾကယ္ပြင့္ အာလင္း ဟာလန္းရဲ႕ အက်ိဳးသက္ေရာက္မႈထက္ ပိုမို သာလြန္ေနတယ္လို႔ ခံစားေနရတာ ျဖစ္ပါတယ္။

ဟာလန္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေဒါ့မြန္ကေန မန္ခ်က္စတာစီးတီးကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္ ၂၆ ပြဲပါဝင္ကစားေပးထားရာမွာ ၂၈ ဂိုး သြင္းယူထားၿပီး ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ဆာကာက အာဆင္နယ္ကို ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ မန္ခ်က္စတာစီးတီးထက္ ၅ မွတ္အသာနဲ႔ ရပ္တည္ႏိုင္ေအာင္ အေရးႀကီးတဲ့အခန္းက႑ကေန ကူညီေပးထားတာျဖစ္ၿပီး အဂၤလန္ေတာင္ပံကစားသမားဟာ ယခုရာသီ လိဂ္ပြဲ ၂၇ ပြဲမွာ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္ ျပဳလုပ္ထားတာျဖစ္ပါတယ္။

ဆက္ဂ္ညာက ဟာလန္းအေနနဲ႔ ယခုရာသီကုန္မွာ PFA ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရရွိႏိုင္ေသးေပမယ့္လည္း ဆာကာက ပိုမိုေကာင္းမြန္တဲ့ ကစားသမားျဖစ္ခဲ့တယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

“ဆာကာက ေဘာလုံးရတဲ့အခ်ိႏ္ုတိုင္းအဆက္မျပတ္ ၿခိမ္းေျခာက္ႏိုင္တယ္။ သူက ဖန္တီးေပးဖို႔ ႀကိဳးပမ္းေနၿပီး သူက အာဆင္နယ္ရဲ႕ ဖန္တီးမႈအေကာင္းဆုံးကစားသမားျဖစ္လာဖို႔ ႀကိဳးစားေနတယ္။ ဟုတ္တာေပါ့။ အာဆင္နယ္အသင္းက ကစားသမားအမ်ားအျပားက ႀကီးမားတဲ့ ခ်ီးက်ဴးမႈနဲ႔ ထိုက္တန္ပါတယ္။ သူတို႔ေတြက တကယ္ကို က်စ္လစ္ေနခဲ့ေပမယ့္ ဆာကာ တိုးတက္လာတဲ့ပုံစံ၊ သူတိုက္စစ္ဆင္တဲ့ပုံစံ၊ သူ ဖန္တီးေပးခဲ့တဲ့ပုံစံနဲ႔ ဂိုးသြင္းယူခဲ့တဲ့ ပုံစံက အသင္းအတြက္ တကယ္ကို အေရးပါခဲ့ပါတယ္။ သူ ဒဏ္ရာကင္းကင္းနဲ႔ ေနႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ သူက အရမ္းငယ္႐ြယ္တယ္။ သူ တိုးတက္လာမွာပါ။

သူက အရမ္းေကာင္းတဲ့ကစားသမား ျဖစ္ေနၿပီးသားျဖစ္ၿပီး လက္ရွိ အာဆင္နယ္အသင္းမွာ သူက အႀကီးမားဆုံးအက်ိဳးသက္ေရာက္မႈရွိတယ္လို႔ ကြၽန္ေတာ္ ယုံတယ္။ သူက ဒီရာသီ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကစားသမားျဖစ္ခဲ့ပါတယ္။ အာလင္း ဟာလန္းက PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရခဲ့မယ္ဆိုရင္ ကြၽန္ေတာ္ အံ့အားသင့္မိမွာမဟုတ္ပါဘူး။ ဒါေပမယ့္ အခုအထိေတာ့ အာဆင္နယ္မွာ ဆာကာထက္ပိုၿပီး ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္တဲ့ကစားသမားမ်ိဳး မေတြ႕ေသးပါဘူး။ တစ္ပြဲၿပီးတစ္ပြဲ ဒီလို ေျခစြမ္းတည္ၿငိမ္မႈမ်ိဳးရွိေနခဲ့တာကေတာ့ လုံးဝကို ထူးျခားဆန္းၾကယ္ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet