ဟာဗတ်ဇ်ကစားရမယ့်နေရာကို သဲလွန်စပေးလိုက်တဲ့ အာတီတာ
မီခေးလ် အာတီတာဟာ ချဲလ်ဆီးအသင်းကနေ ပေါင် ၆၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ခိုင် ဟာဗတ်ဇ်ကို ဘယ်နေရာမှာ ကစားခိုင်းဖို့ စီစဉ်ထားလဲဆိုတာကို အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။
ဂျာမနီလက်ရွေးစင်ကြယ်ပွင့် ဟာဗတ်ဇ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်က ၃ နှစ်တာ ကာလကို အဆုံးသတ်ခဲ့ပြီးနောက် အာဆင်နယ်နဲ့ ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် ၉၁ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၉ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် ဟာဗတ်ဇ်ဟာ ၂၀၂၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးကို အသည်းခွဲခဲ့တဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ ကစားသမားလည်း ဖြစ်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းမှာ တိုက်စစ်မှူးမရှိတာကြောင့် ပြီးခဲ့တဲ့ရာသီမှာ အထောင်တိုက်စစ်မှူးအဖြစ် အများအားဖြင့် ကစားပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အသင်းမှာတော့ ခိုင် ဟာဗတ်ဇ်အနေနဲ့ နောက်ပိုရောက်တဲ့ အခန်းကဏ္ဍ(ကွင်းလယ်တိုက်စစ်၊ နောက်ချန်တိုက်စစ်မှူး)ကနေ ကစားရမှာဖြစ်တယ်လို့ နည်းပြ အာတီတာက ပြောကြားခဲ့တာဖြစ်ပါတယ်။
“ခိုင်က ထိပ်တန်းအရည်အသွေးရှိတဲ့ ကစားသမားပါ။ သူ့မှာ အရမ်းကောင်းတဲ့ နေရာစုံကစားနိုင်စွမ်းရှိပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တဲ့ ကစားသမားပါ။ သူက ကျွန်တော်တို့ရဲ့ ကွင်းလယ်ကို နောက်ထပ် ကြီးမားတဲ့ အားသာချက်တွေကို ယူဆောင်ပေးမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ကစားပုံကိုလည်း အမျိုးမျိုးသော အားသာချက်တွေ ယူဆောင်ပေးမှာဖြစ်ပါတယ်။ကျွန်တော်တို့ ခိုင်နဲ့ သူ့မိသားစုကို အာဆင်နယ်အသင်းကနေ ကြိုဆိုသွားမှာဖြစ်ပြီး ကျွန်တော်တို့အားလုံး သိပ်မကြာခင် ရာသီကြို လေ့ကျင့်ရေးစတင်တဲ့အချိန်ကျရင် သူနဲ့ အလုပ်စလုပ်ရမှာကို စိတ်လှုပ်ရှားနေကြပါပြီ။”လို့ ပြောကြားခဲ့ပါတယ်။
ခိုင် ဟာဗတ်ဇ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၂ နေရာနဲ့ ရာသီပြီးဆုံးခဲ့ရတဲ့ ချဲလ်ဆီးအသင်းကို စွန့်ခွာခဲ့တာဖြစ်ပြီး ၂၄၈ ရက်အထိ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ပြီးမှ နောက်ဆုံးမှာ မန်စီးတီးထက် ၅ မှတ်လျော့နဲ့ ဒုတိယနေရာကနေ ရာသီပြီးဆုံးခဲ့ရတဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
အာတီတာဟာ ခိုင် ဟာဗတ်ဇ်ကို နွေရာသီအဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကိုလည်း အသင်းစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ကမ်းလှမ်းမှုကို ဝက်စ်ဟမ်းက လက်ခံလိုက်ပြီဖြစ်တာကြောင့် အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တဲ့ ကစားသမား ၂ ဦးစလုံးကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Manager's Talk
- News
- Team News