ဝက်ဟမ်းနဲ့ အာဆင်နယ်ပွဲအတွက် ကွင်းလယ်နဲ့ VAR ဒိုင်လူကြီးကို စိတ်ဝင်စားဖွယ် ရွေးချယ်လိုက်ပြန်တဲ့ PGMOL admin

ဝက်ဟမ်းနဲ့ အာဆင်နယ်ပွဲအတွက် ကွင်းလယ်နဲ့ VAR ဒိုင်လူကြီးကို စိတ်ဝင်စားဖွယ် ရွေးချယ်လိုက်ပြန်တဲ့ PGMOL

ပြီးခဲ့တဲ့ တပတ်က လီဗာပူးလ်အသင်းနဲ့ တဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့အတွက် အာဆင်နယ်အသင်းအနေနဲ့ ယခုတပတ် ဝက်ဟမ်းနဲ့ ပွဲမှာ အမှားမခံတော့ပဲ အနိုင် ၃ မှတ် ရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မာဆေးဆိုဒ်မှာ သရေကျခဲ့တဲ့ ပွဲမှာ အာဆင်နယ်နဲ့ အဆင်မပြေလှတဲ့ ဒိုင်လူကြီး ပေါလ် တီယာနေးရဲ့ မမျှတတဲ့ ဆုံးဖြတ်ချက်အချို့ကို ခံခဲ့ရတဲ့ အာဆင်နယ်အသင်းအနေနဲ့ ယခုတပတ် တနင်္ဂနွေနေ့မှာလည်း ဝက်ဟမ်းအသင်းရဲ့ ကွင်းမှာယှဉ်ပြိုင်ကစားရမယ့် လန်ဒန်ဒါဘီ ပွဲစဉ်မှာ ကွင်းလယ် ဒိုင်အဖြစ် ဒေးဗစ် ကုထ်တ်နဲ့ VAR ဒိုင်အဖြစ် ဂျွန် ဘရုခ်တို့ကို PGMOL က တာဝန်ပေးလာခဲ့တာကို အံ့အားဖွယ် တွေ့ရှိရပါတယ်။

ဒိုင်လူကြီး ဒေးဗစ် ကုထ်တ် ကိုယ်တွယ်သည့် အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲမှာ အာဆင်နယ်အသင်းအနေနဲ့ ၅ ပွဲရှံးခဲ့သည့်အတွက် အာဆင်နယ်အသင်းအတွက် မှတ်တမ်းဆိုးရှိတဲ့ ဒိုင်လူကြီးတစ်ယောက်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က ဖူလ်ဟမ်အသင်းကို အာဆင်နယ်အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီးနောက် ၁ လအကြာမှာ အာဆင်နယ်ပွဲကို ထပ်မံ ကြီးကြပ်ကိုင်တွယ်စေခဲ့ခြင်းဖြစ်ပါတယ်။

ဒေးဗစ် ကုထ်တ်ရဲ့ အာဆင်နယ်အသင်း ကစားခဲ့သည့် ပွဲတွေကို ကြီးကြပ်မှုများထဲမှ အထင်ရှားဆုံးပွဲတွေကတော့ ဧပြီလ ၁၀ ရက် ၂၀၂၂ မှာ ဘရိုက်တန်အသင်းကိုအိမ်ကွင်း အမ်းမရိတ်စ်မှာ ၂ ဂိုး ၁ ဂိုးနဲ ရှုံးခဲ့တဲ့ပွဲမှာ မာတီနယ်လီသွင်းဂိုး လူမကျွံပေမယ့် VAR ကို ၄ မိနစ်ကျော်ကြာ ပြန်ကြည့်ပြီး လူကျွံသည်ဆိုကာ ဂိုးမပေးခဲ့သည့်အတွက် အာဆင်နယ်အသင်းရှုံးခဲ့ပြီး မနှစ်ကရာသီက ထိပ်ဆုံး ၄ သင်း ဝင်ခွင့်အတွက် ထိခိုက်ခဲ့ရပြီး ချန်ပီယံလိဂ် ဝင်ခွင့်မရရှိပဲ ဖြစ်ခဲ့ရပါတယ်။

ယခုရာသီမှာလည်း ဒိုင်လူကြီး ဒေးဗစ် ကုထ်တ် ကြီးကြပ်တဲ့ အောက်စဖို့ဒ်ယူနိက်တက်နဲ့ FA ဖလား တတိယအဆင့်ပွဲမှာ အောက်စဖို့ဒ်နောက်ခံလူ လက်နဲ့ထိခဲ့ရာမှာ ပယ်နယ်တီ မပေးခဲ့သည့်အပြင် အာဆင်နယ်ကစားသမားများက ဒိုင်ကို ဖိအားပေးတောင်းဆိုလို့ဆိုကာ FA က ဒဏ်ပါရိုက်တာခံခဲ့ရပါတယ်။

ဒိုင်လူကြီး ဒေးဗစ် ကုထ်တ်ကို ကွင်းလယ်ဒိုင်အဖြစ် ကြီးကြပ်စေတာ အားမရသေးတဲ့ ဒိုင်လူကြီးဟောင်း ဟောင်းဝက် ဝဘ် ဦးဆောင်တဲ့ PGMOL ဟာ ဝက်ဟမ်းနဲ့ အာဆင်နယ်တို့ပွဲမှာ VAR ဒိုင်အဖြစ် ရွေးချယ်တာဝန်ပေးခဲ့သူကတော့ ခရစ်စတယ်ပဲလေ့စ်နဲ့ ဘရိုက်တန်တို့ ၁ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ကြီးများတဲ့အမှားကို ကျူးလွန်ခဲ့လို့ သူတို့ကိုယ်တိုင် အမှားကို ဝန်ခံခဲ့ပြီး ဘရိုက်တန်အသင်းကို တောင်းပန်ကာ VAR ဒိုင်လူကြီးတာဝန်က ရပ်စဲထားတဲ့ ဂျွန် ဘရုခ်ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

ယခုရာသီမှာလည်း ဒိုင်တွေ အမှားတွေကြောင့် အာဆင်နယ်အသင်း နစ်နာမှုတွေရှိခဲ့တာကို သိရှိနေကြပြီးဖြစ်တဲ့ကြားမှ ပရီးမီးယားလိဂ် ဆုဖလားအတွက် ဇာတ်ရှိန်အမြင့်ဆုံးအချိန်မှာ ကစားရမယ့် ဝက်ဟမ်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲမှာလည်း အာဆင်နယ်အသင်းနဲ့ မှတ်တမ်းဆိုး ပြဿနာများရှိသည့် ဒိုင်လူကြီး ဒေးဗစ် ကုထ်တ်ကိုသာမက အကြီးမားဆုံး အမှားကြီးမှားခဲ့လို့ တာဝန်က ရပ်နားခဲ့ဖူးတဲ့ ဂျွန် ဘရုခ်ကို VAR ဒိုင်လူကြီးအဖြစ် တွဲဖက်ရွေးချယ်ခဲ့ကြီးကြပ်စေခဲ့တဲ့ ဒိုင်လူကြီးဟောင်း ဟောင်းဝက် ဝဘ် ဦးဆောင်တဲ့ PGMOLရဲ့ လုပ်ရပ်ဟာ အာဆင်နယ်အသင်း ချန်ပီယံမဖြစ်စေရန် နာမည်ပျက်ရှိတဲ့ ဒိုင်လူကြီးတွေကို တပွဲပြီးတပွဲ ထိုးကျွေးနေခြင်းလားလို့ မေးခွန်းထုတ်စရာပဲ ဖြစ်လာပါတော့တယ်။

ARSENAL MYANMAR
PHOTOS CREDIT