လီဗာပူးလ်နဲ့ပွဲမတိုင်ခင် အာဆင်နယ်လေ့ကျင့်ရေးမှာ မြင်တွေ့ခဲ့ရတဲ့ အရာ ၄ ခု
အာဆင်နယ်အသင်းဟာ ယခုအပတ်မှာ အရေးကြီးတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အန်းဖီးမှာ လီဗာပူးလ်နဲ့ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ယခုရာသီရဲ့ အကြီးမားဆုံးစမ်းသပ်မှုတွေထဲက တစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ မာဆေးဆိုဒ်မှာ ရှားရှားပါးပါး နိုင်ပွဲ ရရှိခဲ့မယ်ဆိုရင် မန်ချက်စတာစီးတီးကို ၈ မှတ်ဖြတ် ပြန်လည်ဦးဆောင်နိုင်မှာဖြစ်ပြီး အာတီတာဟာ လီဗာပူးလ်နဲ့ပွဲမှာ တိုက်စစ်ကစားသမား ၇ ဦးအထိ ပွဲထွက်နေရာအတွက် အဆင်သင့်ဖြစ်နေတာကြောင့် လူရွေးချယ်ရာမှာ ခေါင်းကိုက်စရာဖြစ်နေတာဖြစ်ပါတယ်။
ရိစ် နယ်လ်ဆန်၊ စမစ် ရိုး၊ ဆာကာတို့ ၃ ဦးဟာ အရန်ခုံပေါ်မှာ ရှိနေခဲ့တာဖြစ်ပေမယ့်လည်း အင်္ဂလန်တောင်ပံကြယ်ပွင့်ရဲ့ ယခုရာသီ အရေးပါမှုကြောင့် ပွဲထွက်လူစာရင်းထဲကို ချက်ချင်း ပြန်လည်ခေါ်ယူခြင်းခံရမယ်ုလိ့ မျှော်မှန်းခံထားရပါတယ်။
ခံစစ်ပိုင်းမှာတော့ ဆာလီဘာဟာ စပို့တင်းနဲ့ပွဲမှာ နောက်ကျောဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီးနောက် ယနေ့ပွဲစဉ်အတွက် ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေပြီး လိဒ်စ်ယူနိုက်တက်နဲ့ပွဲအပြီး တစ်ပတ်လုံး ကြိုတင်ပြင်ဆင်ဖို့ အချိန်ရခဲ့တာကြောင့် အာတီတာဟာ အချိန်တွေကို လန်ဒန် ကိုလ်နီကွင်းမှာ အကျိုးရှိရှိ အသုံးချခဲ့ရာမှာ လေ့ကျင့်ရေးအစီအစဉ်ကနေ မြင်တွေ့ခဲ့ရတဲ့ အရာ ၄ ခု ရှိခဲ့ပါတယ်။
ဆာကာရဲ့ နာကျင်မှု
ဆာကာဟာ ပြီးခဲ့တဲ့အပတ်မှာ နာမကျန်းဖြစ်မှုကြောင့် အာဆင်နယ်ရဲ့ ပွဲထွက် ၁၁ ဦးစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပေမယ့်လည်း လီဗာပူးလ်နဲ့ပွဲမှာ ပါဝင်ကစားပေးနိုင်မယ်လို့ အာတီတာက အတည်ပြုခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ လေ့ကျင့်ရေးမှာ များသောအားဖြင့် ပြုံးရွှင်နေတာကို ဓာတ်ပုံထဲမှာ မြင်တွေ့ခဲ့ရပေမယ့်လည်း နာကျင်မှုရဲ့ လွှမ်းမိုးခြင်းကို ခံနေရတဲ့ ခံစားချက်မျိုး ရှိနေပုံရတဲ့ ဓာတ်ပုံတစ်ပုံလည်း ရှိနေခဲ့တာဖြစ်ပါတယ်။ လေ့ကျင့်ရေးမှာ အခွင့်အရေးကို လွဲချော်ခဲ့ပြီးနောက် အံကြိတ်ထားပြီး ဆာကာက လက်တွေကို ခေါင်းပေါ်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။ ယခုရာသီမှာ ဆာကာရဲ့ သွင်းဂိုး ၁၃ ဂိုးက ၎င်းအနေနဲ့ အခွင့်အရေးရတိုင်း ဂိုးသွင်းချင်နေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး အဲဒီစိတ်ဆန္ဒက လေ့ကျင့်ရေးမှာတောင်မှ လျော့မသွားခဲ့တာဖြစ်ပါတယ်။
ဆာလီဘာဆုံးဖြတ်ချက် သဲလွန်စ
ဟိုးဒင်းဟာ ဆာလီဘာ ဒဏ်ရာရပြီးနောက်ပိုင်း ဖြည့်ကစားပေးခဲ့တာဖြစ်ပြီး ဒီအပတ်မှာလည်း ဆက်လက်ကစားပေးသွားဖွယ်ရှိနေပါတယ်။ စနေနေ့က ထုတ်ပြန်ခဲ့တဲ့ နောက်ဆုံး လေ့ကျင့်ရေးက ပုံတွေထဲမှာ ဆာလီဘာရဲ့ အရိပ်အယောင် မတွေ့ခဲ့ရပေမယ့်လည်း ဟိုးဒင်းကတော့ အဓိကအခိုက်အတန့်အများအပြားမှာ ပါဝင်ခဲ့ပါတယ်။ ဂန်းနားတွေဟာ ဆာလီဘာက ဂါဘရီယဲလ်နဲ့အတူ မပါဝင်တာကို ပြီးခဲ့တဲ့ပွဲတွေမှာ သတိမပြုမိသေးပေမယ့်လည်း လီဗာပူးလ်နဲ့ပွဲမှာတော့ ပြင်သစ်နောက်ခံလူ မပါဝင်နိုင်မှုက ရှင်းရှင်းလင်းလင်း ဖြစ်သွားဖို့ ဖြစ်နိုင်ခြေအများကြီးရှိနေပါတယ်။ အန်းဖီးမှာ လီဗာပူးလ်အသင်းက ဧည့်သည်တွေကို သေလုမျောပါးဖြစ်အောင် တွန်းအားပေးသွားမှာဖြစ်ပြီး ဆာလီဘာ မပါဝင်နိုင်မှုက အာဆင်နယ်ရဲ့ ခံစစ်ကနေ တိုက်စစ်စတင်နိင်စွမ်းကို အကန့်အသတ်ရှိလာစေမှာဖြစ်ပြီး မလိုအပ်ဘဲ ရမ်းစ်ဒေးလ်ရဲ့ ဂိုးပေါက်ကို ဖိအားတွေ ရောက်လာနိုင်ပါတယ်။
နယ်လ်ဆန်ရဲ့ အာတီတာနဲ့ သံယောဇဉ်
လီဗာပူးလ်နဲ့ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာတီတာက ၎င်းမှာ ပုံမှန်ခြေစွမ်းရနေတဲ့ တိုက်စစ်ကစားသမား ၅ ဦးအထိ ရှိကြောင်း အသိပေးခြင်းခံခဲ့ရချိန်မှာ ပြီးတော့ ရိစ်ရောပဲလို့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ မေးခွန်းက ထရော့ဆာ့ဒ်၊ မာတီနယ်လီ၊ ဆာကာ၊ ဂျေးဇု၊ အော်ဒီဂွါဒ်တို့ကို ရည်ညွှန်းခဲ့တာဖြစ်ပေမယ့်လည်း နယ်လ်ဆန်က ပြီးခဲ့တဲ့ အာဆင်နယ်ရဲ့ အောင်ပွဲတွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲဟာ နယ်လ်ဆန်ရဲ့ အစွမ်းကြောင့်ဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် တောင်ပံကြယ်ပွင့်ဟာ ဂန်းနားတွေကို ဆုဖလားပြိုင်ပွဲအတွက် နောက်ထပ်ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ဖို့ ကူညီပေးခဲ့တာဖြစ်ပါတယ်။ လေ့ကျင့်ရေးက ပုံတွေထဲမှာ နယ်လ်ဆန်ဟာ အာတီတာဘေးနားမှာ ရပ်နေပြီး နည်းပြရဲ့ ညွှန်ကြားချက်တွေကို စိတ်ဝင်တစားနဲ့ နားထောင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။
ဂျေးဇုရဲ့ တိကျသေချာမှု
ဂါဘရီယဲလ် ဂျေးဇုဟာ လိဒ်စ်ယူနိုက်တက်နဲ့ ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့ပြီး ၎င်းရဲ့ ဂိုးသွင်းစွမ်းရည်ကို ပြသခဲ့ပေမယ့် ၎င်းရဲ့ ဘောလုံးပေးပို့မှု စွမ်းရည်ကလည်း အာဆင်နယ်ရဲ့ အောင်မြင်မှုတွေမှာ အဓိကကျခဲ့တာဖြစ်ပါတယ်။ ၂၀၂၂-၂၀၂၃ ရာသီအချိန်အများစုမှာ ဘရာဇီးလ်တိုက်စစ်မှူးက ဘယ်တောင်ပံကို ဖောက်ထွက်ပြီး အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှု အများအပြား ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ပွဲမတိုင်ခင် လေ့ကျင့်ရေးမှာ ဂျေးဇုဟာ ပြေးလွှားနေရင်းကနေ ရပ်တန့်ခဲ့ပြီးနောက် ၎င်းရဲ့ အမှတ်အသားဖြစ်တဲ့ တိကျသေချာတဲ့ ပေးပို့မှုတွေထဲက တစ်ခုကို ပြုလုပ်ခဲ့တာကို ဓာတ်ပုံရိုက်ကူးခြင်းခံခဲ့ရပါတယ်။ ဂျေးဇုရဲ့ ဘောလုံးဟာ အာဆင်နယ်နောက်ခံလူ ဆန့်ထုတ်လိုက်တဲ့ ခြေထောက်ကနေ လွတ်ပြီး ပြေးတက်လာမယ့် သူအတွက် ကွက်တိအံကိုက် ရောက်ရှိသွားမယ့်ပုံ ပေါ်ပါတယ်။
Arsenal Myanmar
Ref: Internet