လာမယ့်ရာသီ စီးတီးအတွက် အကြီးမားဆုံးစိန်ခေါ်မှုကို သုံးသပ်ခဲ့တဲ့ မန်ယူနိုက်တက်ဂန္တဝင် coyg

လာမယ့်ရာသီ စီးတီးအတွက် အကြီးမားဆုံးစိန်ခေါ်မှုကို သုံးသပ်ခဲ့တဲ့ မန်ယူနိုက်တက်ဂန္တဝင်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က မန်ချက်စတာစီးတီးအနေနဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိဖို့က စိန်ခေါ်မှုပြင်းထန်တဲ့အလုပ်ဖြစ်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

ဘာဘာတော့ဗ်က မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့အပါအဝင် ထိပ်သီးအသင်းအများအပြားက အားကောင်းတဲ့ စိန်ခေါ်မှု ပြုလုပ်နိုင်မယ်လို့ ယုံကြည်နေပြီး မန်စီးတီးရဲ့ လွှမ်းမိုးမှုကို ခြိမ်းခြောက်လိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“လာမယ့်ရာသီမှာ မန်ချက်စတာယူနိုက်တက်တင်မကဘဲ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့လိုအသင်းတွေကလည်း သူတို့ကို ယှဉ်ပြိုင်နိုင်မှာဖြစ်တဲ့အတွက် မန်ချက်စတာစီးတီးကတော့ မချောင်ဘူးလို့ ယုံကြည်ပါတယ်။”

ဘူဂေးရီးယားဂန္တဝင်တိုက်စစ်မှူးက အဲရစ် တန်ဟက်ရဲ့ လက်အောက်က မန်ချက်စတာယူနိုက်တက်အသင်းဟာ မြင့်မားတဲ့ မျှော်မှန်းချက်မျိုး ရှိသင့်ပြီး ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ ရည်မှန်းထားသင့်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

“မန်စီးတီး ဒီနှစ်မှာ လုပ်ခဲ့တာတွေကြောင့် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့က ခက်ခဲမှာ မှန်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်အားတက်ကြွမှုက သူတို့ရဲ့ လွှမ်းမိုးမှုကို ရပ်တန့်နိုင်မှာပါ။”

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းက အခြားအသင်းတွေကလည်း မန်ချက်စတာစီးတီးကို စိန်ခေါ်နိုင်တယ်ဆိုတာကို သိရှိနေပြီး အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူးလ်တို့ကလည်း လာမယ့်ရာသီမှာ တိုးတက်လာနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာကို ယုံကြည်ချက်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဘာဘာတော့ဗ်က အထူးသဖြင့် နည်းပြသစ် ပိုချက်တီနိုလက်အောက်မှာ ချဲလ်ဆီးအသင်းက တိုးတက်လာမယ်ဆိုတာကို ကြိုတင်ခန့်မှန်းထားတဲ့အကြောင်း ပြောဆိုခဲ့ပြီး အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ၁၉ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိခါနီးမှ ဒုတိယနဲ့ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

လာမယ့်ရာသီမှာတော့ ယခုရာသီထက် ယှဉ်ပြိုင်မှု ပိုမို ပြင်းထန်လာတော့မှာဖြစ်တာကြောင့် ဘာဘာတော့ဗ်က ဘယ်အသင်းက မန်ချက်စတာစီးတီးရဲ့ ၄ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်အောင်မြင်မှုကို အကြီးမားဆုံး စိန်ခေါ်နိုင်မလဲဆိုတာကို စောင့်ကြည့်ရမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဂန်းနားတွေဟာ အာတီတာရဲ့ လူစာရင်းကို အင်အားတောင့်တင်းအောင် ပြုလုပ်ဖို့အတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ချဲလ်ဆီးအသင်းကနေ ခိုင် ဟာဗတ်ဇ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်သလို ဒီကလန် ရိုက်စ်နဲ့ ရိုမီယို လာဗီယာတို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေက မှန်ကန်တဲ့ ဦးတည်ချက်အတိုင်း တိုးတက်မှုရှိနေတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet