လစ္စဘွန်းမှာ အလှည့်ကျပွဲထုတ်ပုံကြောင့် ဂန်းနားတို့ ရုန်းကန်ရနိုင်မလား
ပျော်ရွှင်နေတဲ့ ဂန်းနားတွေဟာ ယနေ့မှာ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် စပို့တင်းလစ္စဘွန်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အာာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်အုပ်စုအဆင့်မှာ အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီကလပ်အသင်းကတော့ ချန်ပီယံလိဂ်က ပြုတ်ပြီးနောက် play-offs ကနေ တဆင့် တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်ကို ယှဉ်ပြိုင်မကစားမီမှာ အသင်းရဲ့ ပရီးမီးယားလိဂ်က ရပ်တည်မှုကြောင့် ပထမဦးစားပေးက ဘယ်ဟာလဲဆိုတဲ့ မေးခွန်းတွေ မြင့်တက်လာပေမယ့် အာတီတာက ၎င်းရဲ့လူစာရင်းကို အင်အားအပြည့်အသုံးပြုသွားနိုင်ပြီး ဥရောပပြိုင်ပွဲမှာ လျော့တိလျော့ရဲလုပ်လာဖို့ မဖြစ်နိုင်တာဖြစ်ပါတယ်။
ယူရိုပါလိဂ်ဖလားဟာ ဂန်းနားတွေအတွက် ၎င်းတို့ရဲ့ ရှေ့အရင်က ဥရောပမှတ်တမ်းတွေကို တိုးမြှင့်နိုင်ဖို့နဲ့ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ အနိုင်ရရှိဖို့အတွက် ကြီးမားတဲ့အခွင့်အရေးဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
မန်နျူရယ် ယူဂါတီက မစ်ဂျေးလန်းနဲ့ ကစားခဲ့တဲ့ နောက်ဆုံးဥရောပပွဲမှာ တတိယမြောက် အဝါကတ် ပြားရရှိခဲ့တာကြောင့် အာဆင်နယ်နဲ့ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်ကစားသမား မက်တီအို တန်လွန်ဂိုဟာ အမိုရင်မ်ရဲ့ ပွဲထွက် ၁၁ ဦးစာရင်းထဲက ယူဂါတီနေရာမှာ အစားဝင်ကစားသွားဖို့ ပြင်ဆင်နေပြီး ကွင်းလယ်မှာ ဟိုင်ဒီမာဆာ မိုရီတာနဲ့ တွဲဖက်ကစားသွားမှာ ဖြစ်ပါတယ်။ အိမ်ရှင်တွေအတွက်တော့ နောက်ထပ် ဒဏ်ရာပြဿနာအသစ်တော့မရှိဘဲ အာဆင်နယ်နောက်ခခံလူဟောင်း ဘယ်လာရင်ကတော့ အရန်ခုံမှာ ရှိနေမှာ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ တိုက်စစ်မှာ အသေးစားဒဏ်ရာအကြပ်အတည်း နဲ့ ရင်ဆိုင်နေရပြီး ထရော့ဆာ့ဒ်နဲ့ အန်ကီးတီးယားတို့ ၂ ဦးစလုံးဟာ လစ္စဘွန်းကို သွားရောက်ရမယ့်ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။ လူစာရင်းထဲမှာ အထောင်တိုက်စစ်မှူးစစ်စစ် မရှိတာကြောင့် အာတီတာအနေနဲ့ မာတီနယ်လီကို အထောင်ထားပြီး ပွဲဆက်များနေတဲ့ ဆာကာကို အရန်ခုံမှာ ပထမပိုင်း အနားပေးဖွယ်ရှိပြီး ရိစ် နယ်လ်ဆန်နဲ့ စမစ် ရိုးကို ဘယ်တောင်ပံ၊ ညာတောင်ပံတို့မှာ ပွဲထုတ်သွားနိုင်ပါတယ်။ ဖေဘီယို ဗီယာရာကလည်း ကွင်းလယ်မှာ ပွဲကစားချိန်ရရှိမှာဖြစ်ပြီး ဂျော်ဂျင်ညိုက ပါတေးနဲ့အတူ ပွဲထွက်လာမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ဇန်နဝါရီကစားသမားခေါ်ယူမှုဖြစ်တဲ့ ယာကုဘ် ခီဗီယောအတွက် ပွဲထွက်ကစားချိန် ရရှိမယ့်ပွဲစဉ်ဖြစ်နိုင်ပြီး တီယာနီကတော့ ပုံမှန်ဆို ဥရောပပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရလေ့ရှိပေမယ့် ယမန်နေ့ လေ့ကျင့်ရေးကို နာမကျန်းဖြစ်မှုကြောင့် လွဲချော်ခဲ့ပြီးနောက် ပါဝင်ကစားပေးနိုင်ဖွယ် မရှိတာဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
စပို့တင်း- အဒန်၊ အီနာစီယို၊ ကုတ်စ်၊ စိန့် ဂျပ်၊ အိစ်ဂိုင်ယို၊ တန်လွန်ဂို၊ မိုရီတာ၊ ရိစ်၊ အက်ဒွပ်စ်၊ ပေါ်လင်ညို၊ ဂွန်ဆာဗိစ်
အာဆင်နယ်- တန်နာ၊ တိုမီယဆု၊ ဆာလီဘာ၊ ခီဗီယော၊ ဘန် ဝှိုက်၊ ဂျော်ဂျင်ညို၊ ဗီယာရာ၊ ချာကာ၊ စမစ် ရိုး၊ မာတီနယ်လီ၊ ရိစ် နယ်လ်ဆန်
ပွဲကြိုသုံးသပ်ချက်
စပို့တင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွေအတွင်းမှာ သူတို့ရဲ့ အရည်အချင်းကို သက်သေပြသခဲ့ပေမယ့်လည်း ၎င်းတို့ရဲ့ ပြည်တွင်းပြိုင်ပွဲ ခြေစွမ်းအရ အာဆင်နယ်အသင်းဟာ ပေါ်တူဂီကလပ်အတွက် အရမ်းကောင်းလွန်းတဲ့အသင်းဖြစ်နေမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာတီတာက ၎င်းရဲ့ ပွဲထွက်လူစာရင်းကို အလှည့်ကျသုံးဖို့ ပြုလုပ်သွားမှာဖြစ်တာကြောင့် သရေရလဒ်လောက်သာ မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။ အမိုရင်မ်ဟာ နည်းပြကောင်းဖြစ်ပြီး စပို့တင်းလစ္စဘွန်းကလည်း ရလဒ်ကောင်းတွေ ဆက်တိုက်ရထားတဲ့ခြေစွမ်းနဲ့ ယနေ့ပွဲစဉ်ကို ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
စပို့တင်းဟာ ၎င်းတို့ရဲ့ အားအကောင်းဆုံးပွဲထွက်လူစာရင်းနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဧည့်သည် အာဆင်နယ်အသင်းအနေနဲ့ ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အုပ်စုအဆင့်တွေတုန်းက အာတီတာရဲ့ အလှည့်ကျပွဲထုတ်တဲ့ အသင်းဟာ အချိန်တော်တော်များများမှာ ရုန်းကန်ခဲ့ရပြီး စပို့တင်းလစ္စဘွန်းကလည်း ပီအက်စ်ဗွီလိုမျိုး ခြေစွမ်းမျိုး ရှိတဲ့အသင်းဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံးတွေ့ဆုံမှု မဟုတ်နိုင်ဘူးလို့ ခံစားနေရပြီး အာဆင်နယ်ရဲ့ အပြောင်းအလဲတွေ အများကြီးပြုလုပ်ထားတဲ့အသင်းဟာ အဝေးကွင်းမှာ သရေရလဒ်လောက်သာ အများဆုံးရယူနိုင်ဖွယ်ရှိပါတယ်။
AM ခန့်မှန်းပွဲပြီးရလဒ်(စပို့တင်း ၁-၁ အာဆင်နယ်)
အာဆင်နယ်နည်းပြ အာတီတာက ဗုဒ္ဓဟူးနေ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ စပို့တင်းလစ္စဘွန်းပြုလုပ်နိုင်တဲ့ ကစားကွက်အပြောင်းအလဲ၊ ရွေးချယ်စရာတွေ၊ မတူကွဲပြားမှုတွေနဲ့ အထူးသဖြင့် နောက်ခံတောင်ပံက ၎င်းတို့ရဲ့ အပြုအမူတွေကို ပြောင်းလဲနိုင်တာကို သတိပြုမိတဲ့အကြောင်း ပြောဆိုသွားခဲ့ပြီး ပေါ်တူဂီကလပ်အသင်း ဘာလုပ်မလဲဆိုတာကို နားလည်အောင်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အာတီတာက အသင်းသားတွေကို စည်းလုံးညီညွတ်မှုရှိဖို့ တောင်းဆိုလိုက်ပြီး နိုင်ပွဲရယူဖို့ အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်ဖို့၊ ပွဲကို နားလည်ဖို့နဲ့ ပွဲကို စီမံခန့်ခွဲနိုင်ဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ေပ်ာ္႐ႊင္ေနတဲ့ ဂန္းနားေတြဟာ ယေန႔မွာ ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ စပို႔တင္းလစၥဘြန္းအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။
အာာဆင္နယ္အသင္းဟာ ယူ႐ိုပါလိဂ္အုပ္စုအဆင့္မွာ အုပ္စုဗိုလ္အျဖစ္နဲ႔ ၁၆ သင္းရႈံးထြက္အဆင့္ကို တိုက္႐ိုက္ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ေပၚတူဂီကလပ္အသင္းကေတာ့ ခ်န္ပီယံလိဂ္က ျပဳတ္ၿပီးေနာက္ play-offs ကေန တဆင့္ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီပြဲစဥ္ကို ယွဥ္ၿပိဳင္မကစားမီမွာ အသင္းရဲ႕ ပရီးမီးယားလိဂ္က ရပ္တည္မႈေၾကာင့္ ပထမဦးစားေပးက ဘယ္ဟာလဲဆိုတဲ့ ေမးခြန္းေတြ ျမင့္တက္လာေပမယ့္ အာတီတာက ၎ရဲ႕လူစာရင္းကို အင္အားအျပည့္အသုံးျပဳသြားႏိုင္ၿပီး ဥေရာပၿပိဳင္ပြဲမွာ ေလ်ာ့တိေလ်ာ့ရဲလုပ္လာဖို႔ မျဖစ္ႏိုင္တာျဖစ္ပါတယ္။
ယူ႐ိုပါလိဂ္ဖလားဟာ ဂန္းနားေတြအတြက္ ၎တို႔ရဲ႕ ေရွ႕အရင္က ဥေရာပမွတ္တမ္းေတြကို တိုးျမႇင့္ႏိုင္ဖို႔နဲ႔ ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲမွာ အႏိုင္ရရွိဖို႔အတြက္ ႀကီးမားတဲ့အခြင့္အေရးျဖစ္ပါတယ္။
ႏွစ္ဖက္အသင္း သတင္းမ်ား
မန္န်ဴရယ္ ယူဂါတီက မစ္ေဂ်းလန္းနဲ႔ ကစားခဲ့တဲ့ ေနာက္ဆုံးဥေရာပပြဲမွာ တတိယေျမာက္ အဝါကတ္ ျပားရရွိခဲ့တာေၾကာင့္ အာဆင္နယ္နဲ႔ပြဲကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ကစားသမား မက္တီအို တန္လြန္ဂိုဟာ အမိုရင္မ္ရဲ႕ ပြဲထြက္ ၁၁ ဦးစာရင္းထဲက ယူဂါတီေနရာမွာ အစားဝင္ကစားသြားဖို႔ ျပင္ဆင္ေနၿပီး ကြင္းလယ္မွာ ဟိုင္ဒီမာဆာ မိုရီတာနဲ႔ တြဲဖက္ကစားသြားမွာ ျဖစ္ပါတယ္။ အိမ္ရွင္ေတြအတြက္ေတာ့ ေနာက္ထပ္ ဒဏ္ရာျပႆနာအသစ္ေတာ့မရွိဘဲ အာဆင္နယ္ေနာက္ခခံလူေဟာင္း ဘယ္လာရင္ကေတာ့ အရန္ခုံမွာ ရွိေနမွာ ျဖစ္ပါတယ္။
ဂန္းနားေတြဟာ တိုက္စစ္မွာ အေသးစားဒဏ္ရာအၾကပ္အတည္း နဲ႔ ရင္ဆိုင္ေနရၿပီး ထေရာ့ဆာ့ဒ္နဲ႔ အန္ကီးတီးယားတို႔ ၂ ဦးစလုံးဟာ လစၥဘြန္းကို သြားေရာက္ရမယ့္ပြဲစဥ္ကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။ လူစာရင္းထဲမွာ အေထာင္တိုက္စစ္မႉးစစ္စစ္ မရွိတာေၾကာင့္ အာတီတာအေနနဲ႔ မာတီနယ္လီကို အေထာင္ထားၿပီး ပြဲဆက္မ်ားေနတဲ့ ဆာကာကို အရန္ခံုမွာ ပထမပိုင္း အနားေပးဖြယ္ရိွျပီး ရိစ္ နယ္လ္ဆန္နဲ႔ စမစ္ ႐ိုးကို ဘယ္ေတာင္ပံ၊ ညာေတာင္ပံတို႔မွာ ပြဲထုတ္သြားႏိုင္ပါတယ္။ ေဖဘီယို ဗီယာရာကလည္း ကြင္းလယ္မွာ ပြဲကစားခ်ိန္ရရွိမွာျဖစ္ၿပီး ေဂ်ာ္ဂ်င္ညိဳက ပါေတးနဲ႔အတူ ပြဲထြက္လာမွာ ျဖစ္ပါတယ္။ ဒီပြဲစဥ္ဟာ ဇန္နဝါရီကစားသမားေခၚယူမႈျဖစ္တဲ့ ယာကုဘ္ ခီဗီေယာအတြက္ ပြဲထြက္ကစားခ်ိန္ ရရွိမယ့္ပြဲစဥ္ျဖစ္ႏိုင္ၿပီး တီယာနီကေတာ့ ပုံမွန္ဆို ဥေရာပပြဲစဥ္မွာ ပြဲထြက္ကစားခြင့္ရေလ့ရွိေပမယ့္ ယမန္ေန႔ ေလ့က်င့္ေရးကို နာမက်န္းျဖစ္မႈေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီးေနာက္ ပါဝင္ကစားေပးႏိုင္ဖြယ္ မရွိတာျဖစ္ပါတယ္။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
စပို႔တင္း- အဒန္၊ အီနာစီယို၊ ကုတ္စ္၊ စိန႔္ ဂ်ပ္၊ အိစ္ဂိုင္ယို၊ တန္လြန္ဂို၊ မိုရီတာ၊ ရိစ္၊ အက္ဒြပ္စ္၊ ေပၚလင္ညိဳ၊ ဂြန္ဆာဗိစ္
အာဆင္နယ္- တန္နာ၊ တိုမီယဆု၊ ဆာလီဘာ၊ ခီဗီေယာ၊ ဘန္ ၀ိႈက္၊ ေဂ်ာ္ဂ်င္ညိဳ၊ ဗီယာရာ၊ ခ်ာကာ၊ စမစ္ ရိုး၊ မာတီနယ္လီ၊ ရိစ္ နယ္လ္ဆန္
ပြဲႀကိဳသုံးသပ္ခ်က္
စပို႔တင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ေတြအတြင္းမွာ သူတို႔ရဲ႕ အရည္အခ်င္းကို သက္ေသျပသခဲ့ေပမယ့္လည္း ၎တို႔ရဲ႕ ျပည္တြင္းၿပိဳင္ပြဲ ေျခစြမ္းအရ အာဆင္နယ္အသင္းဟာ ေပၚတူဂီကလပ္အတြက္ အရမ္းေကာင္းလြန္းတဲ့အသင္းျဖစ္ေနမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာတီတာက ၎ရဲ႕ ပြဲထြက္လူစာရင္းကို အလွည့္က်သုံးဖို႔ ျပဳလုပ္သြားမွာျဖစ္တာေၾကာင့္ သေရရလဒ္ေလာက္သာ ေမွ်ာ္မွန္းႏိုင္မွာ ျဖစ္ပါတယ္။ အမိုရင္မ္ဟာ နည္းျပေကာင္းျဖစ္ၿပီး စပို႔တင္းလစၥဘြန္းကလည္း ရလဒ္ေကာင္းေတြ ဆက္တိုက္ရထားတဲ့ေျခစြမ္းနဲ႔ ယေန႔ပြဲစဥ္ကို ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။ စပို႔တင္းဟာ ၎တို႔ရဲ႕ အားအေကာင္းဆုံးပြဲထြက္လူစာရင္းနဲ႔ ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ဧည့္သည္ အာဆင္နယ္အသင္းအေနနဲ႔ ဘယ္လို ရင္ဆိုင္ေျဖရွင္းသြားမလဲဆိုတာကို စိတ္ဝင္တစားေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့အုပ္စုအဆင့္ေတြတုန္းက အာတီတာရဲ႕ အလွည့္က်ပြဲထုတ္တဲ့ အသင္းဟာ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ႐ုန္းကန္ခဲ့ရၿပီး စပို႔တင္းလစၥဘြန္းကလည္း ပီအက္စ္ဗြီလိုမ်ိဳး ေျခစြမ္းမ်ိဳး ရွိတဲ့အသင္းျဖစ္ပါတယ္။ ဒီပြဲစဥ္ဟာ စိတ္လႈပ္ရွားစရာအေကာင္းဆုံးေတြ႕ဆုံမႈ မဟုတ္ႏိုင္ဘူးလို႔ ခံစားေနရၿပီး အာဆင္နယ္ရဲ႕ အေျပာင္းအလဲေတြ အမ်ားႀကီးျပဳလုပ္ထားတဲ့အသင္းဟာ အေဝးကြင္းမွာ သေရရလဒ္ေလာက္သာ အမ်ားဆုံးရယူႏိုင္ဖြယ္ရွိပါတယ္။
AM ခန႔္မွန္းပြဲၿပီးရလဒ္(စပို႔တင္း ၁-၁ အာဆင္နယ္)
အာဆင္နယ္နည္းျပ အာတီတာက ဗုဒၶဟူးေန႔ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ စပို႔တင္းလစၥဘြန္းျပဳလုပ္ႏိုင္တဲ့ ကစားကြက္အေျပာင္းအလဲ၊ ေ႐ြးခ်ယ္စရာေတြ၊ မတူကြဲျပားမႈေတြနဲ႔ အထူးသျဖင့္ ေနာက္ခံေတာင္ပံက ၎တို႔ရဲ႕ အျပဳအမူေတြကို ေျပာင္းလဲႏိုင္တာကို သတိျပဳမိတဲ့အေၾကာင္း ေျပာဆိုသြားခဲ့ၿပီး ေပၚတူဂီကလပ္အသင္း ဘာလုပ္မလဲဆိုတာကို နားလည္ေအာင္ႀကိဳးပမ္းသြားမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ အာတီတာက အသင္းသားေတြကို စည္းလုံးညီၫြတ္မႈရွိဖို႔ ေတာင္းဆိုလိုက္ၿပီး ႏိုင္ပြဲရယူဖို႔ အေကာင္းဆုံးပုံစံနဲ႔ ယွဥ္ၿပိဳင္ဖို႔၊ ပြဲကို နားလည္ဖို႔နဲ႔ ပြဲကို စီမံခန႔္ခြဲႏိုင္ဖို႔ လိုတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet