ရိုက်စ်အပြောင်းအရွှေ့မှာ မမျှော်လင့်ထားတဲ့အချိုးအကွေ့နဲ့ ရင်ဆိုင်ရတော့မယ့် အာဆင်နယ် coyg

ရိုက်စ်အပြောင်းအရွှေ့မှာ မမျှော်လင့်ထားတဲ့အချိုးအကွေ့နဲ့ ရင်ဆိုင်ရတော့မယ့် အာဆင်နယ်

အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆမ် အလာဒိုက်စ်က မန်ချက်စတာစီးတီးက ယခုနွေရာသီမှာ အာဆင်နယ်ကို အလဲထိုးပြီး ဒီကလန် ရိုက်စ်ကို ခေါ်ယူသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပြီး အလဲအထပ် သဘောတူညီမှုနဲ့ဆိုရင် ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီကလန် ရိုက်စ်ဟာ အာဆင်နယ်အတွက် ယခုနွေရာသီမှာ အဓိကဦးစားပေးပစ်မှတ်ဖြစ်ပေမယ့်လည်း အပြိုင်အဆိုင်ကမ်းလှမ်းမယ့် တိုက်ပွဲထဲတော့ ဝင်ပါနိုင်ဖွယ်မရှိဘဲ မြောက်လန်ဒန်ကလပ်အသင်းဟာ အဖွင့်ကမ်းလှမ်းမှုမှာ ပေါင်သန်း ၇၀ နဲ့ ထပ်ဆောင်းပေးချေမှု ပေါင် ၁၀ သန်းပါဝင်တဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီကမ်းလှမ်းမှုကို ဝက်စ်ဟမ်းအသင်းက တစ်ချက်လေးမှ မစဉ်းစားဘဲ ပယ်ချခဲ့တာဖြစ်ပေမယ့်လည်း အာဆင်နယ်အသင်းဟာ လာမယ့်ရက်ပိုင်းအတွင်း အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုကို တိုးမြှင့်သွားမယ်လို့ မျှော်လင့်ရပါတယ်။

အာဆင်နယ်အသင်းဟာ အာတီတာရဲ့ ထိပ်တန်းပစ်မှတ် နောက်ထပ်တစ်ဦးဖြစ်တဲ့ ချဲလ်ဆီး ကြယ်ပွင့် ခိုင် ဟာဗတ်ဇ်နဲ့အတူ ဒီကမ်းလှမ်းမှုကို ပြုလုပ်သွားမယ့်ပုံပေါ်ပေမယ့်လည်း ဂန်းနားတွေအနေနဲ့ လာမယ့်ရက်သတ္တပတ်တွေမှာ တခြားအသင်းတွေပါ ရောက်မလာခင် လက်ဦးမှု မြန်မြန်ရယူဖို့ လိုမှာဖြစ်ပါတယ်။

ဒီကလန် ရိုက်စ်ရဲ့ အပြောင်းအရွှေ့မှာ မန်ချက်စတာစီးတီးက အဓိက ခြိမ်းခြောက်မှု ဖြစ်လာနိုင်ပြီး ဆုဖလား ၃ လုံးတပြိုင်နက် ရယူနိုင်ခဲ့တဲ့ ဂွါဒီယိုလာရဲ့ အသင်းဟာ ချန်ပီယံလိဂ်အောင်ပွဲ ရရှိခဲ့ပြီးနောက် အသက် ၂၄ နှစ်အရွယ်ကွင်းလယ်ကြယ်ပွင့်အပေါ် စိတ်ဝင်စားမှုကို ပြသခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ လက်ရှိအချိန်အထိတော့ ကမ်းလှမ်းမှု မပြုလုပ်သေးသလို ကစားသမားနဲ့လည်း ပုဂ္ဂိုလ်ရေးအချက်အလက်တွေ သဘောတူညီမှု မရရှိသေးတာက အာဆင်နယ်ကို ဦးဆောင်ခွင့်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆမ် အလာဒိုက်စ်ရဲ့ ပြောကြားချက်အရ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်အနေနဲ့ မန်ချက်စတာစီးတီးကို ပြောင်းဖို့က ပိုဖြစ်နိုင်ခြေရှိပြီး အလဲအထပ် သဘောတူညီမှုနဲ့ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီကလန် ရိုက်စ်ရဲ့ နောက်ထပ် ပြောင်းရွှေ့မယ့်နေရာကို မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဆမ် အလာဒိုက်စ်က “မန်စီးတီးပါ။ တစ်စုံတယောက်ကတော့ အလဲအထပ်အနေနဲ့ ဝက်စ်ဟမ်းကို သွားရပါလိမ့်မယ်။”လို့ ပြောကြားခဲ့ပြီး စပါးစ်ယာယီနည်းပြဟောင်း တင် ရှားဝုဒ်က “အဲဒါက ရိုဒရီတော့ဖြစ်မှာမဟုတ်ဘူး။ ပက်က ကယ်လ်ဗင် ဖိလစ်ပ်စ်ကို အလိုက်ပေးလိမ့်မယ်”လို့ တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးရဲ့ အလဲအထပ်နဲ့ အပြောင်းအရွှေ့က ဖြစ်နိုင်မလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပေမယ့်လည်း ဒီကလန် ရိုက်စ်အတွက် ပြိုင်ပွဲမှာ အပြီးသတ်ခေါ်ယူမှု ပြုလုပ်နိုင်တဲ့အချိန်မတိုင်ခင်တော့ အားလုံးမှာ အခွင့်အရေး ရှိနေဆဲဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet