ရိုက်စ်ကို ချဲလ်ဆီးနဲ့အပြိုင်ခေါ်ဖို့ အခွင့်အရေးဘယ်လောက်ရှိလဲ ပြောကြားခြင်းခံခဲ့ရတဲ့ အာတီတာ coyg

ရိုက်စ်ကို ချဲလ်ဆီးနဲ့အပြိုင်ခေါ်ဖို့ အခွင့်အရေးဘယ်လောက်ရှိလဲ ပြောကြားခြင်းခံခဲ့ရတဲ့ အာတီတာ

အာဆင်နယ်အသင်းဟာ ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့အတွက် ယှဉ်ပြိုင်နိုင်မှာမဟုတ်တဲ့အတွက် ယခုနွေရာသီမှာ မေဆန် မောင့်ကိုပဲ ဦးစားပေးခေါ်ယူသင့်တယ်လို့ အင်္ဂလန်နောက်ခံကစားသမားဟောင်း ဂလန်း ဂျွန်ဆင်က ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ အလုပ်များတဲ့ နွေရာသီအပြောင်းအရွှေ့ကာလကို ဖြတ်သန်းသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး ထိပ်တန်းအဆင့် ကွင်းလယ်ကစားသမားတစ်ဦးက ပစ်မှတ်စာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေတာ ဖြစ်ပါတယ်။

အာတီတာက အသင်းကို လာမယ့်ရာသီ မန်ချက်စတာစီးတီးနဲ့ ကွာဟမှုကို နီးစပ်ချင်တယ်ဆိုရင် နွေရာသီအပြောင်းအရွှေ့ကာလမှာ အဓိကပစ်မှတ်တွေကို ကျိန်းသေပေါက် ခေါ်ယူနိုင်ဖို့ လိုတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့်ကို ပေါင်သန်း ၉၀ ပေးချေပြီး အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးကို ရိုက်ချိုးသွားချင်တဲ့ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဒီကလန် ရိုက်စ်ကို တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။

ဒီကလန် ရိုက်စ်ဟာ အာတီတာရဲ့ နံပါတ်တစ် ဦးစားပေးပစ်မှတ်ဖြစ်ပေမယ့်လည်း အာဆင်နယ်ဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ကို ခေါ်ယူရာမှာ ယှဉ်ပြိုင်မှုတွေ အများအပြားနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့ကလည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြတဲ့အသင်းတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ မေဆန် မောင့်ကိုလည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး ချဲလ်ဆီးအကယ်ဒမီထွက်ဟာ လာမယ့် ၂၀၂၄ ခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ချဲလ်ဆီးနောက်ခံလူဟောင်း ဂလန်း ဂျွန်ဆင်က အာဆင်နယ်ဟာ အထင်ကြီးဖွယ်ရာသီကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဒီကလန် ရိုက်စ်လို အရည်အသွေးမျိုးနဲ့ ကစားသမားတွေကို ဆွဲဆောင်ရာမှာ အနည်းငယ်လိုအပ်နေသေးတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“အခုအချိန်မှာ သူက အရမ်းကောင်းတဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး အသင်းအများအပြားက သူ့ကို လိုချင်နေကြပါတယ်။ အာဆင်နယ်က စီးတီး ဒါမှမဟုတ် ဘိုင်ယန် ဒါမှမဟုတ် ပီအက်စ်ဂျီတို့နဲ့ ပြိုင်ပြီး ပြောင်းရွှေ့ကြေး ဒါမှမဟုတ် လစာပေးရမယ့်အချိန်ကျရင် ငွေကြေးပိုင်းအရ ယှဉ်ပြိုင်နိုင်စွမ်းရှိမှာမဟုတ်ပါဘူး။ သူက အာဆင်နယ်မှာ အရမ်းအံဝင်ခွင်ကျဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ သူ့မှာ နည်းစနစ်ပိုင်းအရည်အချင်းရှိပြီး အသင်းနဲ့ လုံးဝကို သင့်တော်ပါလိမ့်မယ်။ ဒါပေမယ့် သူသာ ခေါ်ယူလို့ရနိုင်တယ်ဆိုရင် ပိုပြီးကြီးမားတဲ့အသင်းကြီးတွေက သူ့ကို ခေါ်ယူသွားမှာပါ။ ဒီကလန် ရိုက်စ်က အာဆင်နယ်ထက်စာရင် ချဲလ်ဆီးကို ပိုပြီးသွားနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ အထူးသဖြင့် မေဆန် မောင့်သာ ဆက်နေခဲ့ရင်ပေါ့။ သူတို့တွေက သူငယ်ချင်းကောင်းတွေဆိုတာ သိသာပြီး သူတို့တွေ ပြန်ဆုံကြမှာပါ။ မေဆန် မောင့် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့က ဒီလိုအခြေအနေတွေအားလုံးထဲမှာ လက်တွေ့အကျဆုံး အပြောင်းအရွှေ့ဖြစ်နိုင်ပါတယ်။ သူက နောက်ထပ် ထူးခြားအံ့ဩစရာကောင်းတဲ့ကစားသမားဖြစ်ပြီး သူက အသင်းနဲ့ လိုက်ဖက်မယ့်သူဖြစ်ပြီး ပြောင်းရွှေ့ကြေးတဝက်(ဒီကလန် ရိုက်စ်ရဲ့ပြောင်းရွှေ့ကြေးနဲ့ယှဉ်ရင်)လောက်ပဲ ကုန်ကျပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဂရာနစ် ချာကာကို လေဗာကူဆင်အသင်းဆီ ထွက်ခွာခွင့်ပေးသွားတော့မှာဖြစ်တာကြောင့် ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ လိုအပ်နေတာဖြစ်ပြီး ရိုက်စ်နဲ့ မောင့်တို့ကိုပဲ ပစ်မှတ်ထားနေတာတော့မဟုတ်ဘဲ မန်စီးတီးအသင်းခေါင်းဆောင် ဂန်ဒိုဝမ်ကိုလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet