ဘုန်းမောက်နဲ့ပွဲမှာ အာတီတာ မှားခဲ့တဲ့ အရာ ၃ ခုနဲ့ မှန်ကန်ခဲ့တဲ့အရာ coyg

ဘုန်းမောက်နဲ့ပွဲမှာ အာတီတာ မှားခဲ့တဲ့ အရာ ၃ ခုနဲ့ မှန်ကန်ခဲ့တဲ့အရာ

အာဆင်နယ်အသင်းဟာ စနေနေ့ညနေက ဘုန်းမောက်ကို နာကျင်အချိန်ပိုမှာ အနိုင်ဂိုး သွင်းယူပြီး ၃-၂ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်အတွက် အားတက်စရာဖြစ်ခဲ့ပါတယ်။

ဂန်းနားတွေဟာ ပထမပိုင်းစတင်ပြီး ၉ စက္ကန့်အကြာမှာပဲ ဖိလစ်ပ် ဘီလ်လင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယမြောက်အမြန်ဆုံးဂိုးကို ခွင့်ပြုပေးခဲ့ရပြီး အာတီတာရဲ့အသင်းဟာ ပထမပိုင်းမှာ လက်ထိဘောအတွက် ပင်နယ်တီနေတောင်းဆိုခဲ့ပေမယ့်လည်း ဒိုင်လူကြီး ခရစ္စ ကက်ဗာနာက လစ်လျူရှုခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဆီနီဆီရဲ့ ခေါင်းတိုက်သွင်းဂိုးကို ထပ်မံ ခွင့်ပြုခဲ့ရပေမယ့်လည်း အမှတ်ပေးဇယားဦးဆောင်သူတွေဟာ နောက်ဆုံးအချိန်အထိ အရှုံးမပေးဘဲ ချေပဂိုးတွေနဲ့ နောက်ကျအနိုင်ဂိုးကို သွင်းယူပြီး အနိုင်ရရှိခဲ့တာဖြစ်ပြီး စနေနေ့မှာတော့ နည်းပြ အာတီတာ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ အများအပြားပြုလုပ်ခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။

အိမ်စာမလုပ်ခဲ့ခြင်း

ပွဲကစားချိန် ၁၀ စက္ကန့်အတွင်းမှာ ဂိုးပေးရတာက ဘယ်လိုအဆင့်အတန်းမျိုးမှာမဆို ခွင့်မလွှတ်နိုင်စရာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားအောင်မြင်မှုအတွက် ရည်မှန်းနေတဲ့အချိန်မှာဆို ပိုတောင် ခွင့်မလွှတ်နိုင်စရာဖြစ်ပါတယ်။ ဘုန်းမောက်ရဲ့ လျင်မြန်လှတဲ့ အဖွင့်ဂိုးသွင်းယူသွားတဲ့ပုံစံဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ၎င်းတို့ရဲ့ လေ့ကျင့်သားကျနေတဲ့ ဘောလုံးကန်ပုံကြောင့် ပိုလို့တောင် အံ့အားသင့်စရာကောင်းခဲ့တာဖြစ်ပါတယ်။

အပြောင်းအလဲတွေ အများကြီး ပြုလုပ်ခဲ့ခြင်း

အာဆင်နယ်နည်းပြဟာ တန်းဆင်းဇုန်တိုက်ပွဲ နွှဲနေရတဲ့ ဘုန်းမောက်နဲ့ ရင်ဆိုင်ကစားရမှာဖြစ်တာကြောင့် ကစားသမားအချို့ကို အနားပေးဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အာတီတာဟာ ချာကာနဲ့ ဘန်ဝှိုက်တို့ကို ချန်လှပ်ပြီး ဖေဘီယို ဗီယာရာနဲ့ တိုမီယဆုတို့ကို ထည့်သွင်းခဲ့တာက အသင်းရဲ့ အရှိန်အဟုန်ကို အနှောင့်အယှက်ဖြစ်စေခဲ့တာဖြစ်နိုင်ပါတယ်။ ချာကာနဲ့ ဘန် ဝှိုက်တို့ဟာ ဗီယာရာနဲ့ တိုမီယဆုတို့ထက် အရည်အသွေးပိုမိုကောင်းမွန်ပြီး အတွေ့အကြုံပိုရှိကြသူတွေဖြစ်ပါတယ်။

ဘန် ဝှိုက်ကို ပွဲထွက်ခွင့်မပေးခဲ့ခြင်း

ဘန် ဝှိုက်အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် အာဆင်နယ်အတွက် မဖြစ်မနေ ပွဲထွက်ကစားရမှာပါ။ အင်္ဂလန်နောက်ခံလူဟာ ဆာကာနဲ့ ညာတောင်ပံမှာ စိတ်ချင်းဆက်သွယ်နိုင်စွမ်းက ဂန်းနားတွေရဲ့ ဒီရာသီအောင်မြင်မှုမှာ အဓိကကျခဲ့တာဖြစ်ပြီး ဘန် ဝှိုက်ရဲ့ ပန်းတက်ပြေးလွှားမှုနဲ့ နောက်ဆုံးပေးပို့မှုတွေဟာ စိတ်ပျက်စရာဖြစ်ခဲ့တာမျိုး ရှားပါးခဲ့တာဖြစ်ပါတယ်။ တိုမီယဆုဟာ ပထမပိုင်းမှာ ညာတောင်ပံမှာ ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ဘန် ဝှိုက်ကို ပထမပိုင်းအပြီးမှာ လူစားဝင်ကစားစေခဲ့တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက် ချမိခဲ့တယ်ဆိုတာကို အာတီတာကိုယ်တိုင် ဝန်ခံခဲ့တာဖြစ်ပါတယ်။ ဘန် ဝှိုက်ဟာ အဆက်မပြတ်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပြီး အလွန်ကောင်းမွန်တဲ့ မြေမကျဘောနဲ့ ချေပဂိုး သွင်းယူပြီး ၎င်းရဲ့ အရည်အသွေးကို ပြသခဲ့တာဖြစ်ပါတယ်။ ဒီတစ်နေရာမှာတော့ အာတီတာ မှန်ကန်သွားခဲ့ပါတယ်။

လူစားလဲလှယ်မှု

လူစားဝင်ကစားသမား ဘန် ဝှိုက်က ဂန်းနားတွေရဲ့ ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့သလို နောက်ထပ် လူစားဝင်ကစားသမားဖြစ်တဲ့ ရိစ် နယ်လ်ဆန်ကလည်း တိုက်စစ်စတင်ချိန်မှာ အဓိကပါဝင်ပတ်သက်ခဲ့ပါတယ်။ နယ်လ်ဆန်ဟာ တိုက်စစ်ထဲကို နောက်ထပ် ရှုထောင့်တစ်ခု ထည့်သွင်းနိုင်ခဲ့ပြီး ဘန် ဝှိုက်ကို အလွန်ကောင်းမွန်တဲ့ဖြတ်တင်ပေးပို့မှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ နယ်လ်ဆန်ဟာ ဘုန်းမောက်ကို ၎င်းရဲ့ အလွန်ကောင်းမွန်တဲ့ အလိမ်အခေါက်စွမ်းရည်နဲ့ နောက်ပိုင်းမှာလည်း ပြဿနာတွေ ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်သူကမှ နယ်လ်ဆန်က ထောင့်ကန်ဘောကနေ ပွဲစဉ်ရဲ့နောက်ဆုံးကန်ချက်တွေထဲက တစ်ခုကနေ ဂိုးသွင်းယူသွားလိမ့်မယ်ဘယ်သူကမှ မထင်ထားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar
Ref:Internet
ZAWGYI:

အာဆင္နယ္အသင္းဟာ စေနေန႔ညေနက ဘုန္းေမာက္ကို နာက်င္အခ်ိန္ပိုမွာ အႏိုင္ဂိုး သြင္းယူၿပီး ၃-၂ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ဖလား ေမွ်ာ္လင့္ခ်က္အတြက္ အားတက္စရာျဖစ္ခဲ့ပါတယ္။

ဂန္းနားေတြဟာ ပထမပိုင္းစတင္ၿပီး ၉ စကၠန႔္အၾကာမွာပဲ ဖိလစ္ပ္ ဘီလ္လင္းရဲ႕ ပရီးမီးယားလိဂ္သမိုင္းမွာ ဒုတိယေျမာက္အျမန္ဆုံးဂိုးကို ခြင့္ျပဳေပးခဲ့ရၿပီး အာတီတာရဲ႕အသင္းဟာ ပထမပိုင္းမွာ လက္ထိေဘာအတြက္ ပင္နယ္တီေနေတာင္းဆိုခဲ့ေပမယ့္လည္း ဒိုင္လူႀကီး ခရစၥ ကက္ဗာနာက လစ္လ်ဴရႈခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ဆီနီဆီရဲ႕ ေခါင္းတိုက္သြင္းဂိုးကို ထပ္မံ ခြင့္ျပဳခဲ့ရေပမယ့္လည္း အမွတ္ေပးဇယားဦးေဆာင္သူေတြဟာ ေနာက္ဆုံးအခ်ိန္အထိ အရႈံးမေပးဘဲ ေခ်ပဂိုးေတြနဲ႔ ေနာက္က်အႏိုင္ဂိုးကို သြင္းယူၿပီး အႏိုင္ရရွိခဲ့တာျဖစ္ၿပီး စေနေန႔မွာေတာ့ နည္းျပ အာတီတာ မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ေတြ အမ်ားအျပားျပဳလုပ္ခဲ့တဲ့အတြက္ ေဝဖန္ခံခဲ့ရပါတယ္။

အိမ္စာမလုပ္ခဲ့ျခင္း

ပြဲကစားခ်ိန္ ၁၀ စကၠန႔္အတြင္းမွာ ဂိုးေပးရတာက ဘယ္လိုအဆင့္အတန္းမ်ိဳးမွာမဆို ခြင့္မလႊတ္ႏိုင္စရာျဖစ္ၿပီး ပရီးမီးယားလိဂ္ဖလားေအာင္ျမင္မႈအတြက္ ရည္မွန္းေနတဲ့အခ်ိန္မွာဆို ပိုေတာင္ ခြင့္မလႊတ္ႏိုင္စရာျဖစ္ပါတယ္။ ဘုန္းေမာက္ရဲ႕ လ်င္ျမန္လွတဲ့ အဖြင့္ဂိုးသြင္းယူသြားတဲ့ပုံစံဟာ ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔ခဲ့တဲ့ ၎တို႔ရဲ႕ ေလ့က်င့္သားက်ေနတဲ့ ေဘာလုံးကန္ပုံေၾကာင့္ ပိုလို႔ေတာင္ အံ့အားသင့္စရာေကာင္းခဲ့တာျဖစ္ပါတယ္။

အေျပာင္းအလဲေတြ အမ်ားႀကီး ျပဳလုပ္ခဲ့ျခင္း

အာဆင္နယ္နည္းျပဟာ တန္းဆင္းဇုန္တိုက္ပြဲ ႏႊဲေနရတဲ့ ဘုန္းေမာက္နဲ႔ ရင္ဆိုင္ကစားရမွာျဖစ္တာေၾကာင့္ ကစားသမားအခ်ိဳ႕ကို အနားေပးဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ အာတီတာဟာ ခ်ာကာနဲ႔ ဘန္ဝႈိက္တို႔ကို ခ်န္လွပ္ၿပီး ေဖဘီယို ဗီယာရာနဲ႔ တိုမီယဆုတို႔ကို ထည့္သြင္းခဲ့တာက အသင္းရဲ႕ အရွိန္အဟုန္ကို အေႏွာင့္အယွက္ျဖစ္ေစခဲ့တာျဖစ္ႏိုင္ပါတယ္။ ခ်ာကာနဲ႔ ဘန္ ဝႈိက္တို႔ဟာ ဗီယာရာနဲ႔ တိုမီယဆုတို႔ထက္ အရည္အေသြးပိုမိုေကာင္းမြန္ၿပီး အေတြ႕အႀကဳံပိုရွိၾကသူေတြျဖစ္ပါတယ္။

ဘန္ ဝႈိက္ကို ပြဲထြက္ခြင့္မေပးခဲ့ျခင္း

ဘန္ ဝႈိက္အေနနဲ႔ ႀကံ့ခိုင္မႈျပည့္ဝေနမယ္ဆိုရင္ အာဆင္နယ္အတြက္ မျဖစ္မေန ပြဲထြက္ကစားရမွာပါ။ အဂၤလန္ေနာက္ခံလူဟာ ဆာကာနဲ႔ ညာေတာင္ပံမွာ စိတ္ခ်င္းဆက္သြယ္ႏိုင္စြမ္းက ဂန္းနားေတြရဲ႕ ဒီရာသီေအာင္ျမင္မႈမွာ အဓိကက်ခဲ့တာျဖစ္ၿပီး ဘန္ ဝႈိက္ရဲ႕ ပန္းတက္ေျပးလႊားမႈနဲ႔ ေနာက္ဆုံးေပးပို႔မႈေတြဟာ စိတ္ပ်က္စရာျဖစ္ခဲ့တာမ်ိဳး ရွားပါးခဲ့တာျဖစ္ပါတယ္။ တိုမီယဆုဟာ ပထမပိုင္းမွာ ညာေတာင္ပံမွာ ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ဘန္ ဝႈိက္ကို ပထမပိုင္းအၿပီးမွာ လူစားဝင္ကစားေစခဲ့တာက မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ ခ်မိခဲ့တယ္ဆိုတာကို အာတီတာကိုယ္တိုင္ ဝန္ခံခဲ့တာျဖစ္ပါတယ္။ ဘန္ ဝႈိက္ဟာ အဆက္မျပတ္ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ခဲ့ၿပီး အလြန္ေကာင္းမြန္တဲ့ ေျမမက်ေဘာနဲ႔ ေခ်ပဂိုး သြင္းယူၿပီး ၎ရဲ႕ အရည္အေသြးကို ျပသခဲ့တာျဖစ္ပါတယ္။ ဒီတစ္ေနရာမွာေတာ့ အာတီတာ မွန္ကန္သြားခဲ့ပါတယ္။

လူစားလဲလွယ္မႈ

လူစားဝင္ကစားသမား ဘန္ ဝႈိက္က ဂန္းနားေတြရဲ႕ ဒုတိယေျမာက္သြင္းဂိုးကို သြင္းယူေပးခဲ့သလို ေနာက္ထပ္ လူစားဝင္ကစားသမားျဖစ္တဲ့ ရိစ္ နယ္လ္ဆန္ကလည္း တိုက္စစ္စတင္ခ်ိန္မွာ အဓိကပါဝင္ပတ္သက္ခဲ့ပါတယ္။ နယ္လ္ဆန္ဟာ တိုက္စစ္ထဲကို ေနာက္ထပ္ ရႈေထာင့္တစ္ခု ထည့္သြင္းႏိုင္ခဲ့ၿပီး ဘန္ ဝႈိက္ကို အလြန္ေကာင္းမြန္တဲ့ျဖတ္တင္ေပးပို႔မႈ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ နယ္လ္ဆန္ဟာ ဘုန္းေမာက္ကို ၎ရဲ႕ အလြန္ေကာင္းမြန္တဲ့ အလိမ္အေခါက္စြမ္းရည္နဲ႔ ေနာက္ပိုင္းမွာလည္း ျပႆနာေတြ ျဖစ္ေစခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘယ္သူကမွ နယ္လ္ဆန္က ေထာင့္ကန္ေဘာကေန ပြဲစဥ္ရဲ႕ေနာက္ဆုံးကန္ခ်က္ေတြထဲက တစ္ခုကေန ဂိုးသြင္းယူသြားလိမ့္မယ္ဘယ္သူကမွ မထင္ထားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar
Ref:Internet