ဘာလိုဂန်ရဲ့စာချုပ်သစ်အတွက် စတင်စီစဉ်လိုက်တဲ့ အာဆင်နယ်နဲ့ နိုင်ငံတကာပွဲကစားခဲ့တဲ့ ဂန်းနားများရဲ့ နောက်ဆုံးရ သတင်းများ
အာဆင်နယ်အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလ အစီအစဉ်တွေထဲမှာ ဘာလိုဂန်ရဲ့ စာချုပ်သစ် သက်တမ်းတိုးမှုကိုလည်း ထည့်သွင်းလိုက်တယ်လို့ သတင်းများအရ သိရှိရပါတယ်။ အာဆင်နယ်အသင်းရဲ့ ကစားသမား အငှားပြောင်းရွှေ့မှုများကို ကိုင်တွယ်ကြီးကြပ်တဲ့ အငှားမန်နေဂျာ ဘန် နာပါကို ဘာလိုဂန်ရဲ့တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်စေပြီး အာဆင်နယ်နည်းပြ အာတီတာနဲ့ အားကစား ဒါရိုက်တာ အီဒူးထံ အသေးစိတ်အစီရင်ခံ တင်ပြခိုင်းထားပြီး ပြင်သစ်မြေမှာ ခြေစွမ်းပြနေတဲ့ ဘာလိုဂန်ကို စာချုပ်သစ်သက်တမ်းတိုးဖို့ အလေးထားဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။
အာဆင်နယ်အနေဖြင့် ဘာလိုဂန်ကို စာချုပ်သစ်သက်တမ်းတိုးပြီး နောက်ရာသီသစ်မှာ အသင်းလူစာရင်းမှာ အားဖြည့်ဖွယ်ရှိနေသလို စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိတော့တဲ့ အသက် ၂၁ သားအရွယ် တိုက်စစ်မှူးရဲ့ ခြေစွမ်းကို သဘောကျနေတဲ့ တခြားအသင်းများလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။ ဟေးအန့် အကယ်ဒမီထွက်ဖြစ်တဲ့ ဘာလိုဂန်ကတော့ အာဆင်နယ်အသင်းဝတ်စုံနဲ့ သူရဲ့ပုံကို အငှားပြောင်းရွှေ့ရာ အသင်းတိုင်းကို ယူဆောင်သွားပြီး အာဆင်နယ်အသင်းကြီးမှာ ကစားရဖို့က သူ့ရဲ့ အဓိက ရည်ရွယ်ချက် အိပ်မက်ဖြစ်တယ်လို့ ပြောထားခဲ့ပါတယ်။
မာတင် အော်ဒီဂွါ့ဒ် အာဆင်နယ်အသင်းနဲ့ နော်ဝေအသင်းခေါင်းဆောင် အော်ဒီဂွါ့ဒ်ဟာ ဂျော်ဂျီယာအသင်းနဲ့ နော်ဝေအသင်းတို့ တဖက် ဂိုးစီ ၁ သရေကျခဲ့တဲ့ ပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့ပြီး ဒဏ်ရာ ပြဿနာ ကင်းစင်ပါတယ်။
ဂရာနစ် ချာကာ-ဆွစ်ဇာလန်အသင်းခေါင်းဆောင် ချာကာဟာ ဆွစ်ဇာလန်အသင်းက အစ္စရေးအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပွဲချိန်ပြည့် ကစားသွားခဲ့ပြီး ဒဏ်ရာပြဿနာ ကင်းစင်ခဲ့ပါတယ်။ မနေ့ညက ပွဲကို ကစားပြီးချိန်မှာ ချာကာဟာ ဆွစ်ဇာလန်နိုင်ငံအသင်းအတွက် ဒုတိယပွဲအများဆုံး ကစားပေးထားတဲ့ ကစားသမားဖြစ်လာပြီး ဆွစ်ဇာလန်အသင်းရဲ့ ပွဲအများဆုံး ကစားထားတဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်ထားတဲ့ ဟိန့်ဇ် ဟစ်မန်းရဲ့ ၁၁၈ ပွဲကို လိုက်မီဖို့ ၅ ပွဲသာ လိုပါတော့တယ်။
ထရော့စ်ဆာ့ဒ်- ဂျာမနီအသင်းကို ဘယ်လ်ဂျီယံအသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ထရော့စ်ဆာ့ဒ်ဟာ ၅၈ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး ၇၈ မိနစ်မှာ ဒီဘရိူင်းနားသွင်းယူခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းအတွက် တတိယ ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ အမ်းမရိတ်စ်က Assist King လက်သစ်အနေနဲ့လည်း ဒဏ်ရာပြဿနာ ကင်းစင်ပါတယ်။
ကီရန် တီယာနီ- ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု A ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စကော့တလန်အသင်းက စပိန်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲမှာ တီယာနီဟာ အနည်းငယ် နာကျင်သွားဟန်ရှိလို့ ဆေးအဖွဲ့ရဲ့ ကုသမှုခံယူပြီးနောက် ပွဲချိန် ၇၅ မိနစ်မှာ ကူးပါးနဲ့ လူစားလဲခဲ့ရပါတယ်။ ဒဏ်ရာက စိုးရိမ်ဖွယ်ရာသိပ်ရှိပုံမရဟု သတင်းများကဆိုထားပြီး ဆေးစစ်မှုအဆင်ပြေရင် လာမယ့်စနေနေ့ အမ်းမရိတ်စ်က လိဒ်စ်ယူနိုက်တက်နဲ့ ပွဲအတွက် ပါဝင်ဖို့အဆင်သင့်ဖြစ်နေလို့ သိရှိရပါတယ်။
စမစ်ရိုး- အင်္ဂလန် ယူ၂၁ အသင်းက ခရိုအေးရှား ယူ၂၁ အသင်းကို အင်္ဂလန်မြေမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ စမစ်ရိုးဟာ ပွဲချိန် ၆၂ မိနစ်မှာ လူစားဝင်ကစားပြီး ဒဏ်ရာ ပြဿနာကင်းစင်ပါတယ်။
Arsenal Myanmar
photos credit
- Posted In:
- News