ပဲလေ့စ်နဲ့ပွဲမှာ ချာကာ ဂိုးမသွင်းခင် ပြောခဲ့တဲ့ စကားကို ပြောပြခဲ့တဲ့ အာတီတာ coyg

ပဲလေ့စ်နဲ့ပွဲမှာ ချာကာ ဂိုးမသွင်းခင် ပြောခဲ့တဲ့ စကားကို ပြောပြခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ တနင်္ဂနွေနေ့က ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲမှာ ချာကာ ဂိုးသွင်းလိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုး ရှိခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ကွင်းလယ်ကြယ်ပွင့်ကိုလည်း အဲဒီအတိုင်း ပြောခဲ့တယ်လို့ သိရပါတယ်။

ချာကာဟာ စပို့တင်း လစ္စဘွန်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး နောက်ဆုံးမှာတော့ ပေါ်တူဂီကလပ်အသင်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်လက်ရွေးစင်ကြယ်ပွင့်ဟာ ခရစ္စတယ် ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာလည်း နောက်ထပ်တစ်ကြိမ် ဂိုးပေါက်ရှာတွေ့ခဲ့ပြီး အာဆင်နယ်ရဲ့ တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ်တိုက်စစ်မှူးဟာ ယခုရာသီမှာ သွင်းဂိုး ၆ ဂိုးသွင်းယူထားရာမှာ အဲဒီထဲက ၄ ဂိုးဟာ ပရီးမီးယားလိဂ်မှာ သွင်းယူထားတာဖြစ်ပြီး ၂၀၁၈-၂၀၁၉ တစ်ရာသီလုံးသွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်နဲ့ တူညီနေတာဖြစ်ပါတယ်။ နည်းပြ အာတီတာဟာ လေ့ကျင့်ရေးကွင်းမှာ ဂရာနစ် ချာကာဆီကနေ မြင်တွေ့ခဲ့ရတဲ့ အရာကြောင့် ဆွစ်ဇာလန်ကွင်းလယ်လူ ဂိုးသွင်းယူနိုင်ခဲ့တာကို သိပ်မအံ့ဩတော့တာဖြစ်ပါတယ်။ “ပွဲစဉ်အတွင်းမှာ မှန်ကန်တဲ့နေရာမှာ ဘောလုံးက မှန်ကန်တဲ့ အခိုက်အတန့်မှာ ရောက်လာခဲ့မယ်ဆိုရင် အဆုံးသတ်နိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်မှုက ရှိနေပါတယ်။ ကျွန်တော် ဒီနေ့မှာ ခံစားချက်တစ်ခု ရှိခဲ့တယ်။ ကျွန်တော် သူ့ကို မင်း နောက်ထပ် ဂိုးသွင်းယူနိုင်လိမ့်မယ်လို့ ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ လေ့ကျင့်ရေးမှာ သူ လေ့ကျင့်နေတဲ့ပုံစံကို ကျွန်တော်မြင်တွေ့နေရတဲ့အချိန်မှာ ကောင်းမွန်တဲ့အရာတွေက ဖြစ်လာတော့မယ်ဆိုတဲ့ အတွေးမျိုး ရှိနေတာမို့လို့ပါ။ သူက တစ်ရာသီလုံးကို ထူးခြားကောင်းမွန်နေခဲ့တာပါ။”လို့ ပြောကြားခဲ့ပါတယ်။

ဒီရလဒ်ကြောင့် အာဆင်နယ်အသင်းဟာ ဒုတိယနေရာက မန်ချက်စတာစီးတီးထက် ၁ ပွဲပိုကစားပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ နိုင်ငံတကာအားလပ်ရက်ကြောင့် ကစားသမားတွေကို လက်ရွေးစင်အသင်းတွေနဲ့ ပူးပေါင်းဖို့ စေလွှတ်ရမှာဖြစ်ပြီး ဧပြီလ ၁ ရက်နေ့မှာ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ရာသီကို ပြန်လည်စတင်သွားမှာဖြစ်ပါတယ်။

“ကျွန်တော် ပေးချင်တဲ့ မက်ဆေ့ချ်က ဒီကာလအတွင်းမှာ သူတို့ဘာသာ သူတို့ ဂရုစိုက်ကြဖို့ဖြစ်ပြီး ကျွန်တော်တို့နဲ့ အတူတူ ကျန်နေခဲ့မယ့်ကစားသမားတွေကိုတော့ ကျွန်တော် ဂရုစိုက်သွားမှာပါ။ သူတို့တွေ မသွားခင်တုန်းက တူညီတဲ့စိတ်ဓာတ်မျိုးနဲ့ ပြန်လာပြီး လိဒ်စ်ယူနိုက်တက်နဲ့ပွဲကို ကစားသွားရမှာမှာဖြစ်ပြီး ဒီပွဲက အခုအချိန်မှာ ကျွန်တော်တို့မှာရှိနေတဲ့ အရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တာကြောင့် အဲဒီပွဲကို အနိုင်ရဖို့ ကြိုးပမ်းသွားရမှာပါ။”

နောက်ဆုံး နိုင်ငံတကာပွဲစဉ် အားလပ်ရက်တုန်းက ဂါဘရီယဲလ် ဂျေးဇု ကမ္ဘာ့ဖလားမှာ ဒဏ်ရာရရှိသွားခ့ပေမယ့် လက်ရှိမှာတော့ ဘရာဇီးလ်ကြယ်ပွင့်က ပြန်လည်ကောင်းမွန်နေပြီဖြစ်ပြီး ပဲလေ့စ်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာတီတာက ယခုလာမယ့် အားလပ်ရက်အတွင်း နောက်ထပ် ဒဏ်ရာပြဿနာတွေ ရလာမှာကို စိုးရိမ်ပူပင်နေခြင်းမရှိဘူးလို့ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အပြုသဘောပဲ တွေးချင်တယ်။ ကျွန်တော် အကောင်းဘက်ကနေပဲ တွေးချင်ပါတယ်။ သူတို့တွေက ပွဲတွေ ကစားသွားရမှာဖြစ်ပြီး သူတို့တွေ ဒီမှာလုပ်နေတဲ့ပုံစံအတိုင်းပဲ လုပ်ရမှာပါ။ ဒါမှမဟုတ် ဒီမှာ လုပ်နေတာထက် ပိုကောင်းအောင်လုပ်ရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့တွေက သူတို့နိုင်ငံကို ကိုယ်စားပြုနေတာမို့လို့ပါ။ ကျွန်တော် သူတို့အားလုံးနဲ့ အဆက်အသွယ်မပြတ်ရှိနေမှာဖြစ်ပြီး သူတို့ကိုယ် သူတို့ ဘယ်လို ဂရုစိုက်ရမလဲဆိုတာ သူတို့ သိကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

အာဆင္နယ္နည္းျပ အာတီတာဟာ တနဂၤေႏြေန႔က ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲမွာ ခ်ာကာ ဂိုးသြင္းလိမ့္မယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ရွိခဲ့တယ္လို႔ ဝန္ခံခဲ့ၿပီး ကြင္းလယ္ၾကယ္ပြင့္ကိုလည္း အဲဒီအတိုင္း ေျပာခဲ့တယ္လို႔ သိရပါတယ္။

ခ်ာကာဟာ စပို႔တင္း လစၥဘြန္းနဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ အာဆင္နယ္အသင္းအတြက္ ဂိုးသြင္းယူေပးခဲ့သူျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ေပၚတူဂီကလပ္အသင္းက ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။ ဆြစ္ဇာလန္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ခရစၥတယ္ ပဲေလ့စ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာလည္း ေနာက္ထပ္တစ္ႀကိမ္ ဂိုးေပါက္ရွာေတြ႕ခဲ့ၿပီး အာဆင္နယ္ရဲ႕ တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္တိုက္စစ္မႉးဟာ ယခုရာသီမွာ သြင္းဂိုး ၆ ဂိုးသြင္းယူထားရာမွာ အဲဒီထဲက ၄ ဂိုးဟာ ပရီးမီးယားလိဂ္မွာ သြင္းယူထားတာျဖစ္ၿပီး ၂၀၁၈-၂၀၁၉ တစ္ရာသီလုံးသြင္းယူခဲ့တဲ့ သြင္းဂိုးအေရအတြက္နဲ႔ တူညီေနတာျဖစ္ပါတယ္။ နည္းျပ အာတီတာဟာ ေလ့က်င့္ေရးကြင္းမွာ ဂရာနစ္ ခ်ာကာဆီကေန ျမင္ေတြ႕ခဲ့ရတဲ့ အရာေၾကာင့္ ဆြစ္ဇာလန္ကြင္းလယ္လူ ဂိုးသြင္းယူႏိုင္ခဲ့တာကို သိပ္မအံ့ဩေတာ့တာျဖစ္ပါတယ္။ “ပြဲစဥ္အတြင္းမွာ မွန္ကန္တဲ့ေနရာမွာ ေဘာလုံးက မွန္ကန္တဲ့ အခိုက္အတန႔္မွာ ေရာက္လာခဲ့မယ္ဆိုရင္ အဆုံးသတ္ႏိုင္လိမ့္မယ္ဆိုတဲ့ ယုံၾကည္မႈက ရွိေနပါတယ္။ ကြၽန္ေတာ္ ဒီေန႔မွာ ခံစားခ်က္တစ္ခု ရွိခဲ့တယ္။ ကြၽန္ေတာ္ သူ႔ကို မင္း ေနာက္ထပ္ ဂိုးသြင္းယူႏိုင္လိမ့္မယ္လို႔ ေျပာခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ေလ့က်င့္ေရးမွာ သူ ေလ့က်င့္ေနတဲ့ပုံစံကို ကြၽန္ေတာ္ျမင္ေတြ႕ေနရတဲ့အခ်ိန္မွာ ေကာင္းမြန္တဲ့အရာေတြက ျဖစ္လာေတာ့မယ္ဆိုတဲ့ အေတြးမ်ိဳး ရွိေနတာမို႔လို႔ပါ။ သူက တစ္ရာသီလုံးကို ထူးျခားေကာင္းမြန္ေနခဲ့တာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီရလဒ္ေၾကာင့္ အာဆင္နယ္အသင္းဟာ ဒုတိယေနရာက မန္ခ်က္စတာစီးတီးထက္ ၁ ပြဲပိုကစားၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္အသာနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ အာတီတာရဲ႕အသင္းဟာ ႏိုင္ငံတကာအားလပ္ရက္ေၾကာင့္ ကစားသမားေတြကို လက္ေ႐ြးစင္အသင္းေတြနဲ႔ ပူးေပါင္းဖို႔ ေစလႊတ္ရမွာျဖစ္ၿပီး ဧၿပီလ ၁ ရက္ေန႔မွာ လိဒ္စ္ယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္ရာသီကို ျပန္လည္စတင္သြားမွာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ေပးခ်င္တဲ့ မက္ေဆ့ခ်္က ဒီကာလအတြင္းမွာ သူတို႔ဘာသာ သူတို႔ ဂ႐ုစိုက္ၾကဖို႔ျဖစ္ၿပီး ကြၽန္ေတာ္တို႔နဲ႔ အတူတူ က်န္ေနခဲ့မယ့္ကစားသမားေတြကိုေတာ့ ကြၽန္ေတာ္ ဂ႐ုစိုက္သြားမွာပါ။ သူတို႔ေတြ မသြားခင္တုန္းက တူညီတဲ့စိတ္ဓာတ္မ်ိဳးနဲ႔ ျပန္လာၿပီး လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲကို ကစားသြားရမွာမွာျဖစ္ၿပီး ဒီပြဲက အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔မွာရွိေနတဲ့ အေရးပါတဲ့ပြဲစဥ္တစ္ပြဲျဖစ္တာေၾကာင့္ အဲဒီပြဲကို အႏိုင္ရဖို႔ ႀကိဳးပမ္းသြားရမွာပါ။”

ေနာက္ဆုံး ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္တုန္းက ဂါဘရီယဲလ္ ေဂ်းဇု ကမာၻ႔ဖလားမွာ ဒဏ္ရာရရွိသြားခ့ေပမယ့္ လက္ရွိမွာေတာ့ ဘရာဇီးလ္ၾကယ္ပြင့္က ျပန္လည္ေကာင္းမြန္ေနၿပီျဖစ္ၿပီး ပဲေလ့စ္နဲ႔ပြဲစဥ္မွာ လူစားဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာတီတာက ယခုလာမယ့္ အားလပ္ရက္အတြင္း ေနာက္ထပ္ ဒဏ္ရာျပႆနာေတြ ရလာမွာကို စိုးရိမ္ပူပင္ေနျခင္းမရွိဘူးလို႔ ျငင္းဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အျပဳသေဘာပဲ ေတြးခ်င္တယ္။ ကြၽန္ေတာ္ အေကာင္းဘက္ကေနပဲ ေတြးခ်င္ပါတယ္။ သူတို႔ေတြက ပြဲေတြ ကစားသြားရမွာျဖစ္ၿပီး သူတို႔ေတြ ဒီမွာလုပ္ေနတဲ့ပုံစံအတိုင္းပဲ လုပ္ရမွာပါ။ ဒါမွမဟုတ္ ဒီမွာ လုပ္ေနတာထက္ ပိုေကာင္းေအာင္လုပ္ရမွာပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက သူတို႔ႏိုင္ငံကို ကိုယ္စားျပဳေနတာမို႔လို႔ပါ။ ကြၽန္ေတာ္ သူတို႔အားလုံးနဲ႔ အဆက္အသြယ္မျပတ္ရွိေနမွာျဖစ္ၿပီး သူတို႔ကိုယ္ သူတို႔ ဘယ္လို ဂ႐ုစိုက္ရမလဲဆိုတာ သူတို႔ သိၾကပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet