ပေါင် ၆၁ သန်းတန်ကြယ်ပွင့်နဲ့ ဆက်သွယ်ခဲ့တဲ့ အာဆင်နယ်
အာဆင်နယ်ဟာ မန်ချက်စတာစီးတီးမှာ နေရာမရဖြစ်နေတဲ့ နောက်ခံတောင်ပံကစားသမား ဂျာအို ကန်ဆယ်လိုကို အပြောင်းအရွှေ့ပြုလုပ်ဖို့အတွက် ဆက်သွယ်ခဲ့တယ်လို့ နာမည်ကျော်ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ သိရပါတယ်။
ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့ရာသီဒုတိယပိုင်းကို ဘိုင်ယန်မြူးနစ်အသင်းမှာ ကုန်ဆုံးခဲ့တာဖြစ်ပြီး ရာသီနောက်ဆုံးနေ့ ဒေါ့မွန်အသင်းရဲ့ ခြေချော်မှုကြောင့် ၁၁ ကြိမ်မြောက် ဘွန်ဒက်စ်လီဂါဖလားကို တူဟယ်ရဲ့အသင်းက ကိုင်မြှောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
ကန်ဆယ်လိုဟာ ဘွန်ဒက်စ်လီဂါမှာ ၁၁ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး Sky Sports ရဲ့ ဖော်ပြချက်အရ ပေါ်တူဂီကြယ်ပွင့်ရဲ့ အငှားစာချုပ်ထဲမှာ ပေါင် ၆၁ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ကို ထည့်သွင်းခဲ့ပေမယ့်လည်း ဂျာမန်ဘီလူးကြီးက အဲဒီအချက်ကို အသက်မသွင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Mirror က မတ်လမှာ ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဇန်နဝါရီလမှာ ကန်ဆယ်လိုကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးကြယ်ပွင့်ရဲ့ လစာအပြည့်ကို ပေးချေသွားဖို့အတွက် ကြိုတင်ပြင်ဆင်ခဲ့ခြင်းမရှိဘူးလို့ Manchester Evening News က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ ယခုနွေရာသီမှာ ကစားသမားကို အဲဒီပမာဏထက် ပိုမိုလျော့နည်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးသွားဖွယ်ရှိနေပြီး အရင်တုန်းကလည်း ပရီးမီးယားလိဂ်ဖလားပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်ကို ဂျေးဇုနဲ့ ဇင်ချန်ကိုတို့ကို ရောင်းချခဲ့ဖူးတာကြောင့် ဒီတစ်ကြိမ်မှာလည်း အလုပ်လုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။
အာဆင်နယ်နည်းပြ အာတီတာရဲ့ မန်ချက်စတာစီးတီးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် ဒီအပြောင်းအရွှေ့တွေ ဖြစ်လာရတာဆိုရင် မှားမှာမဟုတ်ဘဲ မန်ချက်စတာစီးတီးက နောက်ထပ်တစ်ကြိမ် ကြယ်ပွင့်ကစားသမားကို ရောင်းချဖို့ သဘောတူဖွယ်ရှိပါတယ်။
“ကန်ဆယ်လိုအတွက် သူတို့တွေ စိတ်ဝင်စားနေပါတယ်။ ဟုတ်ပါတယ်။ သူတို့တွေ အဆက်အသွယ်အချို့ ပြုလုပ်ခဲ့ပြီး သူတို့တွေက အေးဂျင့်တွေနဲ့ အရမ်းကောင်းတဲ့ဆက်ဆံရေးရှိပါတယ်။ အဲဒီတော့ ကန်ဆယ်လိုကို ခေါ်ယူဖို့ ပြောဆိုဆွေးနွေမှုတွေ ရှိခဲ့ပါတယ်”လို့ ဖက်ဘရီဇီယို ရိုမာနိုက ပြောကြားခဲ့ပါတယ်။
နေသန် အာကီနဲ့ အကန်းဂျိတို့ ၂ ဦးစလုံးဟာ ဂွါဒီယိုလာရဲ့ခံစစ် ဘယ်ခြမ်းမှာ တောင်ပံထွက်ကစားနိုင်တဲ့ ဗဟိုခံစစ်ကစားသမားတွေအဖြစ် တောက်ပနေတာကြောင့် ကန်ဆယ်လိုရဲ့ တောင်ပံတကြော အတက်အဆင်းလုပ်နိုင်တဲ့ စွမ်းရည်ကို မန်စီးတီးက လိုအပ်ခြင်းမရှိတော့ပုံပေါ်ပြီး အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီနောက်ခံလူကို ရောင်းထုတ်ဖို့ အချိန်ကောင်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းကလည်း အရည်အသွေးရှိတဲ့ နောက်ခံတောင်ပံကစားသမားတွေကို လူစာရင်းထဲမှာ အားဖြည့်ဖို့ လိုအပ်နေတာဖြစ်ပြီး ဂျေးဇုနဲ့ ဇင်ချန်ကိုတို့ရဲ့ အပြောင်းအရွှေ့တုန်းက နှစ်သင်းစလုံး အကျိုးအမြတ်ဖြစ်ခဲ့တာကြောင့် ကန်ဆယ်လိုရဲ့ အပြောင်းအရွှေ့လည်း လျင်လျင်မြန်မြန်ဖြစ်လာမယ်ဆိုရင် အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။
ကန်ဆယ်လိုအနေနဲ့ အာဆင်နယ်ရဲ့ ကစားကွက်ထဲမှာ အံဝင်ပါ့မလားဆိုတဲ့ မေးခွန်းတွေရှိလာနိုင်ပြီး အဲဒီအတွက်လည်း စိတ်ပူစရာ မရှိတာဖြစ်ပါတယ်။ ယခုရာသီမှာ ညာတောင်ပံခြမ်းမှာ ဘန် ဝှိုက်နဲ့ ဆာကာတို့အတွဲမိခဲ့ကြပြီး ညာနောက်ခံလူရဲ့ ခံစစ်အရည်အသွေးကောင်းမွန်မှုကြောင့် အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ တိုက်စစ်မှာ တောက်ပပြခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ တိုက်စစ်ဟာ မကြာခဏ အကောင်းဆုံးခံစစ်ဖြစ်ကြောင်း ပြသခဲ့ပြီးဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ ပြိုင်ဘက်ကို ဘောလုံးပိုင်ဆိုင်ခွင့်မပေးဘဲ တရစပ်ထိုးစစ်ဆင်ပြီး လဲပြိုစေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘန် ဝှိုက်ရဲ့ နေရာမှာ ကန်ဆယ်လိုကို အစားထိုးမယ်ဆိုရင် အနည်းဆုံးတော့ ညာတောင်ပံဟာ တိုက်စစ်အားသန်တဲ့ ကစားသမား ၂ ဦး(ဆာကာနဲ့ ကန်ဆယ်လို) ပေါင်းစပ်မှုကြောင့် တိုက်စစ်မှာ အောင်မြင်မှုရရှိနိုင်မှာ သေချာပါတယ်။
ယခုရာသီမှာ ဆာကာက သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့ချိန်မှာ ကန်ဆယ်လိုက တစ်ပွဲမှာ ပျမ်းမျှ အဓိကကျတဲ့ ပေးပို့မှု ၁.၁ ကြိမ်၊ ဖျက်ထုတ်မှု ၂.၃ ကြိမ်ကို ထိန်းသိမ်းထားပြီး ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News