နောက်ဆုံးတွေ့ဆုံခဲ့တုန်းက ဂန်းနားကြယ်ပွင့်ကို အလွန်အထင်ကြီးခဲ့တဲ့ ကိုလ်ဝီလ် coyg

နောက်ဆုံးတွေ့ဆုံခဲ့တုန်းက ဂန်းနားကြယ်ပွင့်ကို အလွန်အထင်ကြီးခဲ့တဲ့ ကိုလ်ဝီလ်

ဘရိုက်တန် နောက်ခံလူ လီဗိုင်း ကိုလ်ဝီလ်က နောက်ဆုံးတစ်ခေါက် တွေ့ဆုံခဲ့ချိန်တုန်းက ဂန်းနားအသင်းခေါင်းဆောင်ရဲ့ စွမ်းဆောင်ရည်ကို အလွန်အထင်ကြီးမိခဲ့ပြီးနောက် မာတင် အော်ဒီဂွါဒ်နဲ့ နောက်ထပ်တစ်ကြိမ် ရင်ဆိုင်ပြီး ကိုယ့်ကိုကိုယ် စမ်းသပ်ရမယ့် အခွင့်အရေးကို စောင့်မျှော်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးကနေ အငှားနဲ့ လာကစားနေတဲ့ ကိုလ်ဝီလ်ဟာ ယခုရာသီမှာ ရောဘတ်တို ဒီဇာဘီရဲ့ ကြိုကြားကြိုကြား အသုံးပြုခဲ့ပြီး အဒမ် ဝက်ဘ်စတာ အနားယူနေရချိန်မှာတော့ အချိန်အများစုမှာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့်လည်း နှစ်သစ်ကူးအကြိုနေ့က အာဆင်နယ်နဲ့ ကစားခဲ့တဲ့ပွဲမှာ မိနစ် ၉၀ အပြည့်ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်အသင်းဟာ ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ ပွဲစဉ်အတွင်းကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပေမယ့်လည်း ဆုဖလားစိန်ခေါ်နေတဲ့ ဂန်းနားတွေရဲ့ အလဲထိုးခြင်းကို ခံခဲ့ရဖူးတာဖြစ်ပြီး ၄၇ မိနစ်မှာ အကြာမှာပဲ ၃-၀ နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်အသင်းဟာ နောက်ဆုံးမှာတော့ ၄-၂ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး မာတင် အော်ဒီဂွါဒ်က သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တဲ့အတွက် ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့်ဟောင်းကို အနီးကပ်မြင်တွေ့ခဲ့ရတဲ့ ကိုလ်ဝီလ်အတွက် အော်ဒီဂွါဒ် ဘယ်လောက်ကောင်းလဲဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရခဲ့တာဖြစ်ပြီး ဂန်းနားကြယ်ပွင့်ကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပေမယ့်လည်း နောက်ထပ်တစ်ကြိမ် ရင်ဆိုင်ရာမှာ အာဆင်နယ်အသင်းခေါင်းဆောင်ထက် သာအောင် လုပ်ပြချင်နေတာဖြစ်ပါတယ်။

“မာတင် အော်ဒီဂွါဒ်က အရမ်းကောင်းခဲ့တယ်။ သူ့အနီးအနားကို ရောက်လာမှ ဝိုးဆိုပြီး ဖြစ်မိတယ်။ သူ အဲဒီနေ့မှာ ရောက်ရှိနေခဲ့တဲ့အဆင့်အတန်းက အရမ်း အထင်ကြီးစရာကောင်းပါတယ်။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ သူနဲ့ တစ်ယောက်ချင်းရင်ဆိုင်ရာမှာ မတူညီတဲ့ရလဒ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပေမယ့်လည်း ရလဒ်မကောင်းပေမယ့် ကောင်းမွန်တဲ့ အတွေ့အကြုံဖြစ်ခဲ့ပါတယ် ။ခင်ဗျား ဒီအဆင့်အတန်းမှာ ဘယ်သူနဲ့ကစားနေရလဲဆိုတာက အရေးမကြီးပါဘူး။ ခင်ဗျား အချိန်မရွေး အာရုံစိုက်မှုကို ရပ်တန့်လိုက်လို့မရပါဘူး။ ခင်ဗျား အမြဲတမ်း အာရုံစိုက်ထားရမယ်။ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ်က ကစားသမားအချို့က ဘောလုံးနဲ့အတူ ဘာမဆို လုပ်နိုင်တာကြောင့်ပါ။ သူတို့ကို အခွင့်အရေးတဝက်လောက်ပေးလိုက်တာနဲ့ အဲဒါက ဂိုးဖြစ်ပြီပဲ။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet