အသင်းရဲ့ပထမဦးစားပေး ကစားသမားအဖြစ် နေမာထက် မာတီနယ်လီကိုသာ ရွေးချယ်မယ်လို့ ပြောသွားခဲ့တဲ့ ဒါရင်း ဘန့်တ်
talkSPORT မှ အစီအစဉ်တင်ဆက်သူ အန်ဒီ ဂိုးဒ်စတိန်းက အမေး အဖြေအစီအစဉ်တစ်ခုမှာ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်တ်ကို သူ့မှာ အသင်းတစ်သင်းရှိလျှင် နေမာနှင့် ဘရာဇီးလ်အသင်းဖော် မာတင်နယ်လီတို့ နှစ်ယောက်တွင် ဘယ်သူ့ကို ရွေးချယ်ရယူလိုသလဲဟု မေးမြန်းခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်တ်က ၎င်းအနေနဲ့ အာဆင်နယ်ကြယ်ပွင့်ကို ပီအက်စ်ဂျီကြယ်ပွင့် နေမာနဲ့တော့ ထပ်တူမနှိုင်းယှဉ်ချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ရှိ ပီအက်စ်ဂျီတိုက်စစ်မှူးရဲ့ အံ့မခန်းတဲ့ ခြေစွမ်းကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဘန့်တ်က “အခုအချိန်မှာ ကျွန်တော် နေမာထက်စာရင် မာတီနယ်လီကိုပဲ ကျွန်တော့်အသင်းမှာ ရှိစေချင်တယ်။ ဘာလို့လဲဆိုတော့ နေမာက ရာသီကုန်ထိ နားရတော့မှာမို့လို့ပါ။” လို့ ပြောခဲ့ပါတယ်။
အဲဒီနောက် ဂိုးဒ်စတိန်းက တကယ်လို့ နေမာ ဒဏ်ရာမရရှိမီ လွန်ခဲ့သည့် သုံးပတ်လောက်ကဆိုရင်ကော ဘယ်သူ့ကို ရွေးချယ်ဖြစ်မလဲဟု ထပ်မေးခဲ့သော်လည်း ဘန့်တ်က သူ့ရဲ့ ရွေးချယ်မှုကို မပြောင်းလဲခဲ့ပါဘူး။
ဒါရင်း ဘန့်တ်က ” တကယ်လို့ နေမာ မနားရဘူးဆိုရင်တောင်မှ ကျွန်တော့်ရွေးချယ်ထားတဲ့ အသင်းလူစာရင်းကိုပဲ နှစ်သက်ပါတယ်။ အဲဒီတော့ ကျွန်တော် မာတီနယ်လီပဲ ဆက်ပြီး ရွေးမှာပါ။ နေမာရဲ့ ခြေစွမ်းက မယုံနိုင်စရာကောင်းပါတယ်။ ဒါပေမယ့် သူ့မှာကြံ့ခိုင်မှုမပြည့်ဝတဲ့ အချိန်တွေက ခဏခဏရှိနေပါတယ်။ ခင်ဗျား သူကစားခဲ့တဲ့ပွဲတွေကို ပြန်ကြည့်လိုက်ရင် တစ်ရာသီမှာ ၂၀၊ ၁၇၊ ၁၅၊ ၁၈၊ ၂၂၊ ၂၀ တွေ ကစားနိုင်ခဲ့တာချည်းပါပဲ။ သူက အမြဲတမ်း ဒဏ်ရာရနေခဲ့တယ်။ သူက ကမ္ဘာ့အဆင့်ဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော့်အသင်းရဲ့ လူစာရင်းထဲမှာ နေမာကို ကစားသမားတစ်ဦးအဖြစ် ရွေးချယ်ထားရှိချင်ပေမယ့် သူက ဘယ်သူရဲ့ပွဲထွက် ၁၁ ယောက်စာရင်းရွေးချယ်မှုမှာတော့ ပါဝင်လာမှာ မဟုတ်ပါဘူး။
သူ့အရည်အချင်းကို ကျွန်တော် ဝေဖန်တာမဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူက သူမတူအောင်ထူးခြားတယ်။ သူ့အရည်အချင်းက ကြောက်စရာကောင်းတယ်။ ဘောလုံးနဲ့အတူ သူလုပ်နိုင်တဲ့အရာတွေက အံ့အားသင့်စရာတွေပါ။ ။ ဒါပေမယ့် သူနဲ့အတူ ပြဿနာတွေလည်း ပါလာနေပါတယ်။ အရင် ပီအက်စ်ဂျီနည်းပြတွေက သူနဲ့အလုပ်လုပ်ရတာနဲ့ပတ်သက်ပြီး ပြောခဲ့တာကို ကြည့်လိုက်လေ။ သူနဲ့ အလုပ်တွဲလုပ်ရတာ မယုံနိုင်စရာကောင်းလောက်အောင် ခက်ခဲစေခဲ့တယ်တဲ့ (မကြာခဏ မထင်မှတ်ပဲ ဒဏ်ရာရတာ ကြံ့ခိုင်မှုမပြည့်တာတွေဖြစ်တတ်လို့ လူရွေးချယ်မှုမှာ ဒုက္ခရောက်ရတယ်)”လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီများ ဆက်တိုက် နေမာရဲ့ ကြံ့ခိုင်မှုမပြည့် မတည်မြဲပုံကို ကိုးကားပြီး သူ့အနေနဲ့ အာဆင်နယ်အသင်းမှာ စိတ်ကြိုက်လူစာရင်း ရွေးချယ်ခိုင်းရင် နေမာကို အသင်းသားတစ်ဦးအဖြစ်တာ (အရန်လူစာရင်းထဲတွင်သာ) ရွေးချယ်လိုပြီး ပွဲထွက် ၁၁ ယောက်စာရင်းမှာတော့ မရွေးချယ် နေရာမပေးပဲ ခြေစွမ်းတက်လာပြီး ကြံ့ခိုင်မှုကောင်း ဒဏ်ရာကင်းလေ့ရှိတဲ့ မာတင်နယ်လီကိုသာ နေမာ ထက်ဦးစားပေးရွေးချယ်မယ်လို့ ဘန့်တ်က ကိုးကားပြောခဲ့ခြင်းဖြစ်ပါတယ်။
အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာအလွန်မှာ ဘရာဇီးလ်နဲ့ အာဆင်နယ်တိုက်စစ်မှူးမာတင်နယ်လီက ဘရာဇီးလ်အသင်းမှာ နေရာအမြဲရလာဖွယ်ရှိကြောင်းလည်း ဘန့်တ်က အရိပ်အမြွက်ပြောဆိုလိုက်တာ ဖြစ်တယ်လို့ ထင်မြင်မိပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။
ARSENAL MYANMAR
PHOTOS CREDIT
zawgyi:
A
talkSPORT မွ အစီအစဥ္တင္ဆက္သူ အန္ဒီ ဂိုးဒ္စတိန္းက အေမး အေျဖအစီအစဥ္တစ္ခုမွာ အဂၤလန္တိုက္စစ္မႉးေဟာင္း ဒါရင္း ဘန႔္တ္ကို သူ႔မွာ အသင္းတစ္သင္းရွိလွ်င္ ေနမာႏွင့္ ဘရာဇီးလ္အသင္းေဖာ္ မာတင္နယ္လီတို႔ ႏွစ္ေယာက္တြင္ ဘယ္သူ႔ကို ေ႐ြးခ်ယ္ရယူလိုသလဲဟု ေမးျမန္းခဲ့ပါတယ္။
ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉးေဟာင္း ဒါရင္း ဘန႔္တ္က ၎အေနနဲ႔ အာဆင္နယ္ၾကယ္ပြင့္ကို ပီအက္စ္ဂ်ီၾကယ္ပြင့္ ေနမာနဲ႔ေတာ့ ထပ္တူမႏႈိင္းယွဥ္ခ်င္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ လက္ရွိ ပီအက္စ္ဂ်ီတိုက္စစ္မႉးရဲ႕ အံ့မခန္းတဲ့ ေျခစြမ္းေၾကာင့္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ ဘန႔္တ္က “အခုအခ်ိန္မွာ ကြၽန္ေတာ္ ေနမာထက္စာရင္ မာတီနယ္လီကိုပဲ ကြၽန္ေတာ့္အသင္းမွာ ရွိေစခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ ေနမာက ရာသီကုန္ထိ နားရေတာ့မွာမို႔လို႔ပါ။” လို႔ ေျပာခဲ့ပါတယ္။
အဲဒီေနာက္ ဂိုးဒ္စတိန္းက တကယ္လို႔ ေနမာ ဒဏ္ရာမရရွိမီ လြန္ခဲ့သည့္ သုံးပတ္ေလာက္ကဆိုရင္ေကာ ဘယ္သူ႔ကို ေ႐ြးခ်ယ္ျဖစ္မလဲဟု ထပ္ေမးခဲ့ေသာ္လည္း ဘန႔္တ္က သူ႔ရဲ႕ ေ႐ြးခ်ယ္မႈကို မေျပာင္းလဲခဲ့ပါဘူး။
ဒါရင္း ဘန႔္တ္က ” တကယ္လို႔ ေနမာ မနားရဘူးဆိုရင္ေတာင္မွ ကြၽန္ေတာ့္ေ႐ြးခ်ယ္ထားတဲ့ အသင္းလူစာရင္းကိုပဲ ႏွစ္သက္ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ မာတီနယ္လီပဲ ဆက္ၿပီး ေ႐ြးမွာပါ။ ေနမာရဲ႕ ေျခစြမ္းက မယုံႏိုင္စရာေကာင္းပါတယ္။ ဒါေပမယ့္ သူ႔မွာႀကံ့ခိုင္မႈမျပည့္ဝတဲ့ အခ်ိန္ေတြက ခဏခဏရွိေနပါတယ္။ ခင္ဗ်ား သူကစားခဲ့တဲ့ပြဲေတြကို ျပန္ၾကည့္လိုက္ရင္ တစ္ရာသီမွာ ၂၀၊ ၁၇၊ ၁၅၊ ၁၈၊ ၂၂၊ ၂၀ ေတြ ကစားႏိုင္ခဲ့တာခ်ည္းပါပဲ။ သူက အၿမဲတမ္း ဒဏ္ရာရေနခဲ့တယ္။ သူက ကမာၻ႔အဆင့္ဆိုတာ ကြၽန္ေတာ္ သိတယ္။ ကြၽန္ေတာ့္အသင္းရဲ႕ လူစာရင္းထဲမွာ ေနမာကို ကစားသမားတစ္ဦးအျဖစ္ ေ႐ြးခ်ယ္ထားရွိခ်င္ေပမယ့္ သူက ဘယ္သူရဲ႕ပြဲထြက္ ၁၁ ေယာက္စာရင္းေ႐ြးခ်ယ္မႈမွာေတာ့ ပါဝင္လာမွာ မဟုတ္ပါဘူး။
သူ႔အရည္အခ်င္းကို ကြၽန္ေတာ္ ေဝဖန္တာမဟုတ္ဘူး။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ သူက သူမတူေအာင္ထူးျခားတယ္။ သူ႔အရည္အခ်င္းက ေၾကာက္စရာေကာင္းတယ္။ ေဘာလုံးနဲ႔အတူ သူလုပ္ႏိုင္တဲ့အရာေတြက အံ့အားသင့္စရာေတြပါ။ ။ ဒါေပမယ့္ သူနဲ႔အတူ ျပႆနာေတြလည္း ပါလာေနပါတယ္။ အရင္ ပီအက္စ္ဂ်ီနည္းျပေတြက သူနဲ႔အလုပ္လုပ္ရတာနဲ႔ပတ္သက္ၿပီး ေျပာခဲ့တာကို ၾကည့္လိုက္ေလ။ သူနဲ႔ အလုပ္တြဲလုပ္ရတာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ ခက္ခဲေစခဲ့တယ္တဲ့ (မၾကာခဏ မထင္မွတ္ပဲ ဒဏ္ရာရတာ ႀကံ့ခိုင္မႈမျပည့္တာေတြျဖစ္တတ္လို႔ လူေ႐ြးခ်ယ္မႈမွာ ဒုကၡေရာက္ရတယ္)”လို႔ ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ေဘာလုံးရာသီမ်ား ဆက္တိုက္ ေနမာရဲ႕ ႀကံ့ခိုင္မႈမျပည့္ မတည္ၿမဲပုံကို ကိုးကားၿပီး သူ႔အေနနဲ႔ အာဆင္နယ္အသင္းမွာ စိတ္ႀကိဳက္လူစာရင္း ေ႐ြးခ်ယ္ခိုင္းရင္ ေနမာကို အသင္းသားတစ္ဦးအျဖစ္တာ (အရန္လူစာရင္းထဲတြင္သာ) ေ႐ြးခ်ယ္လိုၿပီး ပြဲထြက္ ၁၁ ေယာက္စာရင္းမွာေတာ့ မေ႐ြးခ်ယ္ ေနရာမေပးပဲ ေျခစြမ္းတက္လာၿပီး ႀကံ့ခိုင္မႈေကာင္း ဒဏ္ရာကင္းေလ့ရွိတဲ့ မာတင္နယ္လီကိုသာ ေနမာ ထက္ဦးစားေပးေ႐ြးခ်ယ္မယ္လို႔ ဘန႔္တ္က ကိုးကားေျပာခဲ့ျခင္းျဖစ္ပါတယ္။
အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္တဲ့ ဘရာဇီးလ္နဲ႔ ပီအက္စ္ဂ်ီတိုက္စစ္မႉး ေနမာအလြန္မွာ ဘရာဇီးလ္နဲ႔ အာဆင္နယ္တိုက္စစ္မႉးမာတင္နယ္လီက ဘရာဇီးလ္အသင္းမွာ ေနရာအၿမဲရလာဖြယ္ရွိေၾကာင္းလည္း ဘန႔္တ္က အရိပ္အႁမြက္ေျပာဆိုလိုက္တာ ျဖစ္တယ္လို႔ ထင္ျမင္မိပါေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။
ARSENAL MYANMAR
PHOTOS CREDIT
- Posted In:
- Former Players' Talks
- News