နယူးကာဆယ်နဲ့ပွဲမတိုင်ခင် လေ့ကျင့်ရေးမှာ ပျောက်ဆုံးနေတဲ့ အဓိကကစားသမား coyg

နယူးကာဆယ်နဲ့ပွဲမတိုင်ခင် လေ့ကျင့်ရေးမှာ ပျောက်ဆုံးနေတဲ့ အဓိကကစားသမား

အာဆင်နယ်အသင်းဟာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ယနေ့ညပွဲစဉ်မတိုင်ခင် ဂါဘရီယဲလ် မာဂါလိုင်စ်ရဲ့ ကြံ့ခိုင်မှုအပေါ်မှာ ဆက်လက်ပြီး စိုးရိမ်ပူပင်နေရတယ်လို့ သိရပါတယ်။

မန်ချက်စတာစီးတီးက စနေနေ့က လိဒ်စ်ယူနိုက်တက်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ဦးဆောင်ခွင့် ပြန်ပေးခဲ့ရတာဖြစ်ပြီး ဂန်းနားတွေအနေနဲ့ နောက်ထပ် ဘယ်လိုအမှားမှ ကျူးလွန်လို့မရတာဖြစ်ပါတယ်။

စိန့်ဂျိမ်းစ်ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ရမယ့်ခရီးစဉ်ဟာ တော်တော်လေး ပြင်းထန်တဲ့ ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး အက်ဒီ ဟောင်းရဲ့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက် ဆက်လက်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ခံစစ်ပိုင်း ဒဏ်ရာပြဿနာအကြပ်အတည်းတွေနဲ့ အရှေ့မြောက်ပိုင်းကို ခရီးထွက်ခဲ့ချိန်တုန်းက ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံး ၄ နေရာဝင်ခွင့် လက်လွှတ်ခဲ့ရပြီး ဒီတစ်ကြိမ်မှာလည်း တိုမီယဆု၊ ဆာလီဘာတို့ ဒဏ်ရာ ရရှိနေတာကြောင့် ဂန်းနားတွေရဲ့ ခံစစ်ပိုင်းဟာ အားနည်းနေတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဟိုးဒင်းရဲ့ ခြေစွမ်းကြောင့် အင်္ဂါနေ့က ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဇန်နဝါရီ ကစားသမားခေါ်ယူမှုဖြစ်တဲ့ ခီဗီယောက ပွဲချိန်ပြည့် ပွဲဦးထွက်ခွင့် ရရှိခဲ့တာဖြစ်ပြီး လန်ဒန်ပြိုင်ဘက်တွေကို အနိုင်ရရှိခဲ့မှုက ယခုရာသီ ပွဲတိုင်း ပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ ဂါဘရီယဲလ် ဒဏ်ရာရရှိသွားမှုကြောင့် အပြည့်အဝ မပျော်ရွှင်ခဲ့ရတာဖြစ်ပါတယ်။

အာတီတာက ဘရာဇီးလ်နောက်ခံလူအနေနဲ့ ပါဝင်ကစားပေးဖို့ ကြံ့ခိုင်မှု ပြည့်ဝလိမ့်မယ်လို့ မျှော်လင့်နေပေမယ့်လည်း စနေနေ့က အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာတီတာက “ကျွန်တော်တို့ မနက်ဖြန် သူ ဘယ်လိုနေလဲ ကြည့်ရမှာပါ။ ဒါပေမယ့် သူ ပွဲကိုပြီးအောင် မကစားနိုင်ခဲ့ဘူး။ အဲဒီတော့ ကျွန်တော်တို့အတွက် ကြီးမားတဲ့လက္ခဏာတစ်ခုဆိုတာ သိသာပြီး ကျွန်တော်တို့ မနက်ဖြန် သူ ဘယ်လိုနေလဲဆိုတာ ကြည့်သွားမှာပါ”

လာမယ့်ရက်သတ္တပတ်တွေမှာ ဆာလီဘာ နောက်ထပ်တစ်ကြိမ် ပါဝင်ကစားပေးနိုင်မယ့် အခွင့်အရေးနဲ့ပတ်သက်ပြီးလည်း “သူ နေ့တိုင်း ပိုပြီးကောင်းမွန်လာတယ်လို့ ခံစားနေရပါတယ်။ ဒါပေမယ့် သူ ပထမအသင်းနဲ့ ပါဝင်လှုပ်ရှားမှု မလုပ်နိုင်ခဲ့ပါဘူး။ အဲဒီတော့ ကျွန်တော်တို့နဲ့အတူ ရှိနေမယ်လို့ မျှော်မှန်းလို့မရပါဘူး(နယူးကာဆယ်နဲ့ပွဲအတွက်)။ ပြန်လည်ကုစားခြင်း လုပ်ငန်းစဉ်နဲ့ပဲ ဆိုင်ပါတယ်။ နာကျင်ကိုက်ခဲမှုနဲ့ အခု သူ လုပ်နိုင်နေတဲ့ ကွင်းပြင်ပက အရာတွေနဲ့အတူ သူက ကောင်းမွန်တဲ့နေရာမှာ ရှိနေတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် မှန်ကန်တဲ့အကျိုးသက်ရောက်မှု၊ မှန်ကန်တဲ့ ဝန်နဲ့ လေ့ကျင့်ရေးလုပ်ဖို့ ကောင်းမွန်တဲ့ အခြေအနေ၊ အသင်းအတွက် ကစားပေးဖို့ သူ့ရဲ့ စွမ်းဆောင်ရည်ကို တည်ဆောက်ရမှာပါ။ ကျွန်တော်တို့ ပြောလို့မရသေးပါဘူး(ရာသီကုန်ထိ လွဲချော်)။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အမြဲတမ်း မျှော်လင့်ချက်ထားပြီး ကစားသမားကလည်း အမြဲတမ်း ကစားဖို့ တွန်းအားပေးလုပ်ဆောင်နေလို့ပါ။ ဒါပေမယ့် အဲဒီလို မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ ကြေညာသွားမှာပါ။ အဲဒီလို မဖြစ်ပါစေနဲ့လို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet