နည်းပြကောင်းရှိလို့ ကျွန်တော်တို့လည်း အဆင်ပြေနေတာဆိုတဲ့ ဆာလီဘာ အင်တာဗျူးမှာ ပြောခဲ့သမျှ
ဝီလီယံ ဆာလီဘာဟာ အာဆင်နယ်က ၎င်းရဲ့ရာသီ၊ အသင်းဖော်တွေနဲ့ အခြားအကြောင်းအရာတွေကို ဆွေးနွေးဖို့အတွက် Stadium Astro နဲ့ စကားပြောခဲ့ပါတယ်။
မေး- ပရီးမီးယားလိဂ်မှာ ကစားနေရတာနဲ့ အင်္ဂလိပ်ပြိုင်ပွဲကို အသားကျအောင်လုပ်ရတဲ့အပေါ်။
ဖြေ- ခင်ဗျား ဒီရှပ်ကို ဝတ်ဆင်ထားတဲ့အချိန်မှာ ခင်ဗျားမှာရှိသမျှအားလုံးပေးရမှာပါ။ ခင်ဗျား ဒီရှပ်အတွက် အရာအားလုံးကို ပေးသွားရမှာပါ။ အဲဒါကြောင့်ပဲ ကျွန်တော် အဆင်ပြေနေတာပါ။ ဘာလို့လဲဆိုတော့ ဒီရှပ်က လေးလံပြီး ခင်ဗျားမှာရှိသမျှအားလုံးပေးရမှာမို့လို့ပါ။ ဟုတ်တာပေါ့။ ကျွန်တော့်မှာ အသင်းကောင်းရှိပြီး ကျွန်တော့်ကို ကောင်းမွန်လာဖို့နဲ့ ရင့်ကျက်လာဖို့ ကူညီပေးနေတဲ့ နည်းပြကောင်းရှိပါတယ်။
မေး- အာတီတာလက်အောက်မှာ အလုပ်လုပ်ရတဲ့အပေါ်။
ဖြေ- ဒီလိုမျိုးနည်းပြနဲ့ အလုပ်လုပ်ရတာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့ကို သူ့ရဲ့ စိတ်ဆန္ဒပြင်းပြမှုနဲ့ ယုံကြည်ချက်တွေ ပေးနေလို့ပါ။ အဲဒါကြောင့်လည်း ကျွန်တော်တို့ အရမ်းကောင်းနေတာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ နည်းပြကောင်းရှိပြီး သူကလည်း ကျွန်တော်တို့အပေါ် ယုံကြည်မှုရှိသလို ကျွန်တော်တို့ကလည်း ယုံကြည်မှုရှိလို့ပါ။
မေး- ဆုဖလားပြိုင်ပွဲအပေါ်ရော။
ဖြေ- နွေရာသီမတိုင်ခင်မှာ ကျွန်တော်တို့က ပထမဖြစ်ပြီးထိပ်ဆုံးမှာရှိနမယ်လို့ မသိခဲ့ဘူး။ ဒါပေမယ့် ခင်ဗျားက အာဆင်နယ်အတွက် ကစားရတဲ့အခါမှာ ခင်ဗျား ထိပ်ဆုံးရောက်ဖို့ပဲ တွေးရမှာပါ။ ဘာလို့လဲဆိုတော့ အာဆင်နယ်က အသင်းကောင်းဖြစ်ပြီး ကျွန်တော်တို့လည်း ထိပ်ဆုံးမှာ ပြန်ရပ်တည်နိုင်တာကို ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် အဲဒါက မပြီးဆုံးသေးပါဘူး။ ကျွန်တော်တို့သာ ထိပ်ဆုံးကနေ ရာသီပြီးဆုံးနိုင်ရင် ကောင်းမှာပါ။
မေး- ဆာကာအပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ- သူက အရမ်း၊ အရမ်းကောင်းတဲ့ကစားသမားဖြစ်နေပြီးသားဆိုတာကို ကျွန်တော်တို့ ပြောနိုင်တယ်။ သူက ငယ်ရွယ်သေးတာတောင်မှ ထိပ်တန်ကစားသမားဖြစ်နေပါပြီ။ သူ ဒီလိုမျိုးဆက်လုပ်နေလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အဲဒီလိုလည်း လုပ်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက လူကောင်းတစယောက်ဖြစ်ပြီး နှိမ့်ချတတ်တဲ့သူမို့လို့ပါ။ သူက တကယ်ကို သဘောကောင်းတဲ့သူပါ။ သူနဲ့အတူတူ ကစားရတာ ပျော်ရွှင်ရပါတယ်။
မေး- ခင်ဗျား အမြဲတမ်း နောက်ခံကစားသမားတစ်ဦး ဖြစ်လာချင်ခဲ့တာလား။
ဖြေ- ကျွန်တော် အသက် ၁၄ နှစ်သားအရွယ်မှာ နောက်ခံလူအဖြစ် စကစားခဲ့တယ်။ အဲဒီမတိုင်ခင် ၆ နှစ်သားလောက်တုန်းက ကျွန်တော် တိုက်စစ်မှူး၊ ကွင်းလယ်လူအဖြစ် ကစားခဲ့တယ်။ ကျွန်တော် တိုက်စစ်မှူးအဖြစ် ကစားတာ အရမ်းကောင်းတယ်ဆိုတာ ခင်ဗျားကို အတည်ပြောတာပါ။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် တိုက်စစ်မှူးအဖြစ် ဆက်ကစားခဲ့ရင် အာဆင်နယ်အသင်းမှာ ရှိနေခဲ့မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ပရော်ဖက်ရှင်နယ်ကစားသမားတော့ ဖြစ်လာလိမ့်မယ်ထင်တယ်။ လိဂ် ၂ ဒါမှမဟုတ် လိဂ် ၁ လောက်မှာ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် အာဆင်နယ်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် ကစားတာ ကောင်းခဲ့ပါတယ်။
မေး- အာဆင်နယ်အသင်းဖော်တွေထဲမှာ ဘယ်သူတွေက အရယ်ရဆုံးလို့ ထင်လဲ။
ဖြေ- ရော့ဘ် ဟိုးဒင်းက အရမ်းရယ်ရတယ်။ ဘန် ဝှိုက်လည်းရယ်ရတာပဲ။ ဒါပေမယ့် ဇင်ချန်ကိုက ကျွန်တော့်အတွက် အကောင်းဆုံးပဲ။ အရယ်ရဆုံးပဲ။ အရမ်းရယ်ရတယ်။ သူက ရူးနေတာ။ ကျွန်တော်တို့ အဝတ်လဲခန်းထဲမှာ မတူညီတဲ့ပုံစံနဲ့ လူတွေအများကြီးရှိတယ်။ အဲဒါက အမြဲတမ်း ကောင်းမွန်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Players' Talk