ဆုဖလားပြိုင်ပွဲမှာ လဲပြိုခဲ့မှုအတွက် ဝေဖန်သံတွေကို တုံ့ပြန်လိုက်တဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာဟာ မန်ချက်စတာစီးတီးကို ၃ နှစ်ဆက် ပရီးမီးယားလိဂ်ဖလား ရရှိဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိသွားအောင် ရာသီနောက်ဆုံးပိုင်းမှာ လဲပြိုခဲ့ပေမယ့်လည်း ဂန်းနားတွေရဲ့ မမျှော်လင့်ထားတဲ့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုဟာ လေးစားမှုနဲ့ ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ ဒုတိယနေရာက အာဆင်နယ်သာ ယနေ့ညနေ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်မကစားနိုင်ဘူးဆိုရင် အလိုအလျောက် ချန်ပီယံ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ချဲလ်ဆီးကို အနိုင်ယူနိုင်မယ်ဆိုရင် ချန်ပီယံဖြစ်တော့မှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ နောက်ဆုံး ၃ ပွဲကနေ ၁ ပွဲလောက်အနိုင်ရရုံနဲ့ ၆ ရာသီအတွင်း ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ လုံလောက်မှာဖြစ်ပြီး တစ်ရာသီလုံး အမှတ်ပေးဇယားထိပ်ဆုံးမှာ မင်းမူခဲ့တဲ့ အာတီတာရဲ့အသင်းအတွက်တော့ ခါးသီးတဲ့အတွေ့အကြုံဖြစ်ခဲ့တာဖြစ်ပါတယ်။
ဂန်းနားတွေဟာ မန်ချက်စတာစီးတီးကို အသာစီးရယူထားနိုင်မှုကို မထိန်းသိမ်းနိုင်ခဲ့မှုအတွက် ပြစ်တင်ဝေဖန်ခံခဲ့ရပြီး ပြီးခဲ့တဲ့အပတ်မှာ ဘရိုက်တန်ကို ၃-၀ နဲ့ အိမ်ကွင်းအမ်းမရိတ်စ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဂန်းနားတွေရဲ့ စိတ်ဓာတ်ပိုင်းကို မေးခွန်းထုတ်မှုတွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်နည်းပြ အာတီတာက ၎င်းရဲ့ အသင်းဟာ ဆုဖလား ၃ လုံး တပြိုင်နက် ကိုင်မြှောက်ဖို့ တွန်းအားပေးလုပ်ဆောင်နေတဲ့ မန်ချက်စတာစီးတီးကို မျှော်မှန်းချက်တွေ အားလုံးထက် ကျော်လွန်ပြီး လုပ်ပြနိုင်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဒီရာသီမှာ ကျွန်တော်တို့က လာမယ့်ရာသီ ဆုဖလားစိန်ခေါ်သူတွေထပ်ဖြစ်နိုင်မလားဆိုတာကို ပြသနိုင်ခဲ့တယ်။ ကျွန်တော်တို့ ၂ ပွဲကစားဖို့ ကျန်တဲ့အချိန်မှာ ဆုဖလားပြိုင်ပွဲမှာရှိနေပါသေးတယ်။ ကျွန်တော်တို့က ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးအသင်းဖြစ်နိုင်တဲ့အသင်းနဲ့ ရင်ဆိုင်ကစားပြီး ချန်ပီယံတွေဖြစ်နိုင်ပါသေးတယ်။ ၁၀ လလောက်အထိ ကျွန်တော်တို့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေခဲ့တယ်။ ၂ ပွဲကစားဖို့ ကျန်သေးပြီး ကျွန်တော်တို့ အဲဒါကို ပေါ့ပေါ့တန်တန် ကစားသွားမှာမဟုတ်တာ သေချာပါတယ်။ လာမယ့်ရာသီ ဘာဖြစ်မလဲဆိုတာက ကျွန်တော်တို့ ဘာလုပ်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ကျွန်တော်တို့ ဘယ်လို တိုတးက်အောင်လုပ်မလဲနဲ့ ဘယ်လို စတင်မလဲ။ ဒီခန့်မှန်းချက်က ဒီနေ့မှာ ပြောဖို့ အရမ်းကို ခက်ခဲပါတယ်။”
အာတီတာက လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ခုခု လုပ်ပြနိုင်မယ်လို့ မမျှော်လင့်ခင် ၎င်းရဲ့ ငယ်ရွယ်တဲ့အသင်းကို တိုးတက်အောင် လုပ်ဖို့ လိုအပ်မယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ လိုချင်တဲ့ အဆင့်အတန်းမှာလားဆိုရင် မဟုတ်ပါဘူး။ ကျွန်တော်တို့ ယူရိုပါလိဂ်မှာလည်း အဲဒီလို လုပ်ဖို့ အရည်အချင်းမရှိခဲ့ပါဘူး။ အဲဒီတော့ ဒါက ဆင့်ကဲ တိုးတက်မှုဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။”လို့ ပြောကြားသွားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Manager's Talk
- News
- Team News