ဆုဖလားချိန်ရွယ်မှုအတွက် ပြီးပြည့်စုံတဲ့အခွင့်အရေးဖြစ်လာမယ့် ဆောက်သမ်တန်နဲ့ပွဲ coyg

ဆုဖလားချိန်ရွယ်မှုအတွက် ပြီးပြည့်စုံတဲ့အခွင့်အရေးဖြစ်လာမယ့် ဆောက်သမ်တန်နဲ့ပွဲ

အာဆင်နယ်အသင်းအနေနဲ့ ဆိုးရွားတဲ့အချိန်ကိုက် ခြေချော်မှုကနေ ကျော်လွှားဖို့ အမှတ်ပေးဇယားအောက်ခြေက ဆောက်သမ်တန်ကို အိမ်ကွင်းအမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ အနိုင်ကလွဲပြီး တောင်းဆိုစရာ ဘာမှမရှိပါဘူး။

 

ဘောလုံးဟာ မမျှော်မှန်းထားတာတွေကိုပဲ ပေးလေ့ရှိပြီး ယနေ့ညပွဲစဉ်ဟာ ၂ ပွဲဆက်တိုက် ၂-၀ နဲ့ ဦးဆောင်ပြီးမှ ရမှတ် ၄ မှတ်လျော့ကျခဲ့ပြီး ချက်ချင်းပဲ နောက်ပြန်လှည့်ကြည့်ချိန်မှာ မန်စီးတီး အနားရောက်နေတာကို မြင်တွေ့ခဲ့ရတဲ့အာဆင်နယ်အတွက် ဒီအခြေအနေကနေ ရုန်းထွက်ဖို့ ပြီးပြည့်စုံတဲ့အခွင့်အရေးဖြစ်လာမှာဖြစ်ပါတယ်။

အမှတ်ပေးဇယားဦးဆောင်သူတွေအတွက် စိုးရိမ်ရတဲ့နေရာက ဆာလီဘာ မပါဝင်နိုင်တဲ့ ဗဟိုခံစစ်နေရာဖြစ်ပြီး ပြင်သစ်နောက်ခံလူ မပါဝင်နိုင်ခဲ့တဲ့ ၄ ပွဲမှာ ၆ ဂိုးအထိ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။

 

ပြင်သစ်နောက်ခံလူဟာ ယနေ့ညပွဲကို လွဲချော်မှာဖြစ်ပြီး မန်ချက်စတာစီးတီးနဲ့ ကစားရမယ့်ပွဲစဉ်အတွက်လည်း ပါဝင်နိုင်ဖို့ မသေချာပေမယ့်လည်း သတင်းကောင်းတစ်ခုကတော့ ဇင်ချန်ကို ဘယ်တောင်ပံမှာ ပြန်ပါလာမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်တိုက်စစ်ဟာ နောက်ဆုံး ၆ ပွဲစလုံး အနိုင်မရခဲ့တဲ့ ဆောက်သမ်တန်အသင်းအတွက် အရမ်းကောင်းလွန်းနေမှာဖြစ်ပြီး ဆောက်သမ်တန်ရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဝါ့ဒ်-ပရောက်စ်က တန်းဆင်းဇုန်က လွတ်မြောက်ဖို့ ရုန်းကန်နေရတဲ့ စိန့်တွေအတွက် အံ့အားသင့်စရာတွေ လုပ်ပြဖို့ မျှော်လင့်ချက်ထားရာမှာ အရေးကြီးတဲ့ ကစားသမားအဖြစ် ရှိနေတာဖြစ်ပါတယ်။

 

ဆောက်သမ်တန်တိုက်စစ်ကလည်း ပြီးခဲ့တဲ့အပတ်က ခရစ္စတယ် ပဲလေ့စ်ကို အိမ်ကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကြီးမားတဲ့ အခွင့်အရေးအများအပြားကို ကားလို့စ် အယ်လ်ကာရက်ဇ်က ဖြုန်းတီးခဲ့ပြီးနောက် ဒီတစ်ပွဲမှာ အနိုင်ရချင်ရင် အဆုံးသတ်ပိုင်း သေချာဖို့ လိုမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘူကာယို ဆာကာက စိန့်တွေကို ဒုက္ခအများဆုံးပေးသွားမယ့် ကစားသမားဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့မှုကြောင့် မှန်ကန်အောင် ပြန်လည်လုပ်ဆောင်သွားမယ်လို့ ကတိပေးထားတာက ဆောက်သမ်တန်အတွက် အန္တရာယ်အချက်ပေးခေါင်းလောင်းသံ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

 

မာတင် အော်ဒီဂွါဒ်ရဲ့ အေးဆေးတည်ငြိမ်မှုက အာဆင်နယ်ရဲ့ ကစားကွက်အတွက် အရေးကြီးလာမှာဖြစ်ပြီး ဂန်းနားတွေအနေနဲ့ အလွန်ကောင်းမွန်တဲ့ရာသီဖြစ်ခဲ့တယ်ဆိုရုံနဲ့ နှစ်သိမ့်မနေရအောင် ဆုဖလားပြိုင်ပွဲမှာ အမှားခံတော့မှာ မဟုတ်တာသေချာပါတယ်။

နှစ်ဖက်အသင်းသတင်းများ


ဆာလီဘာဟာ အာဆင်နယ်အတွက် မပါဝင်နိုင်ခဲ့တာ တစ်လကျော်ခဲ့ပြီဖြစ်ပြီး ဒီနေ့ပွဲမှာလည်း နောက်ထပ်တစ်ကြိမ် ပါဝင်နိုင်မှာမဟုတ်ဘဲ ဇင်ချန်ကိုကတော့ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝနေပြီဖြစ်ပါတယ်။ ဂျော်ဂျင်ညိုနဲ့ အန်ကီးတီးယားတို့ကလည်း အာဆင်နယ်နည်းပြ အာတီတာ အပြောင်းအလဲတွေ ပြုလုပ်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ပွဲထွက်ခွင့်ရဖို့အတွက် တွန်းအားပေးလုပ်ဆောင်နေတဲ့ ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။

 

ဆောက်သမ်တန်အသင်းဘက်မှာတော့ မိတ်လန်း-နိုင်းစ်က မိခင်ကလပ်အသင်းနဲ့ ပွဲမှာ ပါဝင်ကစားပေးလို့မရတာကြောင့် လဲချော်မှာဖြစ်ပြီး သီယို ဝဲလ်ကော့တ်ကတော့ ပွဲထက်ပါဝင်လာမှာဖြစ်ပါတယ်။ ချီ အဒမ်စ်က ခြေသလုံးဒဏ်ရာကနေ ပြန်လာနိုင်ဖို့ နီးစပ်နေပြီဖြစ်ပေမယ့်လည်း စကော့တလန် တိုက်စစ်မှူးအတွက် ဒီပွဲက စောလွန်းနေသေးတာဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

 

အာဆင်နယ်- ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဂါဘရီယဲလ်၊ ဟိုးဒင်း၊ ဇင်ချန်ကို၊ ပါတေး၊ ချာကာ၊ အော်ဒီဂွါဒ်၊ မာတီနယ်လီ၊ ဆာကာ၊ ဂျေးဇု။

ဆောက်သမ်တန်-ဘဇာနူ၊ ပဲဟို့၊ ဘက်နာရတ်ခ်၊ ဘယ်လာ-ကော့ချက်၊ ဝေါ်ကာ-ပီတာစ်၊ ဂျန်နက်ပို၊ ဝ့ါဒ်-ပရောက်စ်၊ လာဗီယာ၊ ဆူလီမာနာ၊ အယ်လ်ကာရက်ဇ်၊ အိုနူအာချူ

 

ပွဲကြိုသုံးသပ်ချက်

 

အာဆင်နယ်အတွက် အရမ်းကို အန္တရာယ်များတဲ့ ပွဲစဉ်ဖြစ်လာနိုင်ခြေရှိပြီး ဆောက်သမ်တန်ဟာ ယခုရာသီမှာ ရုန်းကန်နေခဲ့ရပေမယ့်လည်း အိမ်ကွင်းပွဲစဉ်တွေမှာ ကြီးမားတဲ့ရလဒ်တွေကို ရယူနိုင်စွမ်းရှိတာဖြစ်ပါတယ်။ ဂန်းနားတွေကလည်း ပြီးခဲ့တဲ့ ၂ ပွဲစလုံးမှာ အနိုင်ရသင့်ရက်နဲ့ သရေကျခဲ့ပြီးနောက် နိုင်ပွဲတွေ ပြန်လည်ရယူသွားချင်နေမှာဖြစ်ပြီး ဒီပွဲမှာတော့ အာတီတာရဲ့အသင်းက ဆုဖလားပြိုင်ပွဲအတွက် ခြေချော်ခံမှာမဟုတ်တော့ဘူးဆိုတာ သေချာပါတယ်။

 

AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၁ ဆောက်သမ်တန်)

ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၀ ဆောက်သမ်တန်)

ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၀ ဆောက်သမ်တန်)

Arsenal Myanmar

Ref: Internet