ဆာကာက ကမ္ဘာ့အဆင့်မဟုတ်ဘူးလို့ ပြောလိုက်တဲ့ ဆိုင်မွန် ဂျော်ဒန်
ဆိုင်မွန် ဂျော်ဒန်က ဘူကာယို ဆာကာဟာ ကမ္ဘာ့အဆင့်ကစားသမားဆိုတာကို သက်သေပြသဖို့ လိုသေးတယ်လို့ ယုံကြည်နေပြီး ဒီလောက်အထိ အမွှမ်းတင်နေတာတွေက အကူအညီမဖြစ်ဘဲ မမျှတဘူးလို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ကြယ်ပွင့်ဟာ ဆက်လက်ပြီး ကောင်းသ့ည်ထက် ကောင်းလာနေတာဖြစ်ပြီး ကလပ်အသင်းနဲ့ နိင်ငံအသင်းအတွက် ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ဆက်တိုက်ပြသနေတာကြောင့် PFA ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိမယ့်သူအဖြစ် ဦးဆောင်နေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ တောက်ပတဲ့ ကစားသမားဘဝအတွင်း အကောင်းဆုံးရာသီကို ပိုင်ဆိုင်နေတဲ့ ဆာကာဟာ ယခုရာသီကို ပရီးမီးယားလိဂ်ချန်ပီယံ ဆုတံဆိပ်နဲ့အတူ အဆုံးသတ်နိုင်ခြေရှိနေပြီး ၎င်းရဲ့ ဂုဏ်သတင်းကျော်ကြားမှုကို တိုးမြှင့်နိင်မှာ ဖြစ်ပါတယ်။
ဆာကာဟာ အဆာင်နယ်အသင်းနဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့အတွက် အနီးစပ်ဆုံးအခြေအနေမှာ ရှိနေပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၃ သိန်းနဲ့ ဂန်းနားလူစာရင်းထဲမှာ လစာအမြင့်မားဆုံးကစားသမားဖြစ်လာတော့မှာ ဖြစ်ပါတယ်။
ဆာကာဟာ ကလပ်အသင်းအဆင့်မှာသာ အရည်အချင်းရှိသူမဟုတ်ဘဲ ကမ္ဘာ့ဖလားမှာလည်း အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့ပြီး မကြာသေးမီက ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် အီတလီ၊ ယူကရိန်းတို့နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာလည်း ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမား စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တာဖြစ်ပါတယ်။
ဆာကာဟာ လက်ရှိ ခြေစွမ်းကြောင့် ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံနေရပေမယ့်လည်း ဆိုင်မွန် ဂျော်ဒန်အတွက်ကတော့ အဲဒီလို သတ်မှတ်ခံရဖို့အတွက် သက်သေပြသဖို့ လိုအပ်သေးတာ ဖြစ်ပါတယ်။
ခရစ္စတယ် ပဲလေ့စ် ဥက္ကဌဟောင်းက “ကျွန်တော်တို့ ခြေစွမ်းကောင်းလေး စပြလာတဲ့ အင်္ဂလန်ကစားသမားတိုင်းကို သူတို့တွေက ကမ္ဘာ့အဆင့်လို့ ပြောနေတာက ကျွန်တော့်အတွက်တော့ လွဲမှားတဲ့ ညီမျှမှုတစ်ခုပါ။ ဆာကာက အရမ်းကောင်းတဲ့ကစားသမားဖြစ်ပြီး လက်ရှိ ယှဉ်ပြိုင်နေတဲ့ ဆုဖလားပြိုင်ပွဲမှာ အဓိကပါဝင်သူဖြစ်ပါတယ်။ ကျွန်တော်တို့ ရက်ရှ်ဖို့ဒ်က ဒီရာသီမှာ ကမ္ဘာ့အဆင့်လို့ ခေါ်ဝေါ်နေကြတာကို ကြားခဲ့ရပြီး ပြီးခဲ့တဲ့နှစ်တုန်းက သူက တော်တော်လေး ဆိုးရွားခဲ့ပါတယ်။ ဆာကာက တည်ဆောက်နေတုန်း၊ ပိုပြီးတော့ ကောင်းမွန်လာနေတုန်းပါ။ ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာ့အဆင့်အကြောင်း ပြောတဲ့အချိန်မှာ အမ်ဘာပေလိုမျိုး ပါရမီရှင်တွေ၊ ပါရမီရှင်လို့ ကျွန်တော် ယုံကြည်တဲ့ ရီးရဲလ်မက်ဒရစ်က ဗင်နီးရှပ်စ် ဂျူနီယာလိုမျိုး ချာတိတ်အကြောင်း ပြောရမှာပါ”
“ပြီးတော့မှ ကျွန်တော်တို့ ဆာကာအကြောင်း ပြောရမှာပါ။ သူက ကမ္ဘာ့အဆင့်ကစားသမားဖြစ်လာနိုင်ခြေရှိနေတဲ့ အရမ်းကောင်းတဲ့ အင်္ဂလိပ်ကစားသမားပါ။ သူက ကမ္ဘာ့အဆင့်ကစားသမားပါလို့ ပြောနေတာက ကျွန်တော်တို့ သူ့ကို အင်္ဂလိပ်ကစားသမားအဖြစ် အသုံးပြုနေလို့ပါ။ ရက်ရှ်ဖို့ဒ်နဲ့ ဆာကာလိုမျိုး ကစားသမားတွေက ထိန်းချုပ်လို့မရနိုင်ဘဲ အကောင်းဆုံးပုံစံရနေတယ်ဆိုတာကို ငြင်းလို့မရနိုင်ပေမယ့် ကမ္ဘာ့အဆင့်ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို အလိုအလျောက် တွန်းပို့ခံရတာက ကံဆိုးမှုလို့ ကျွန်တော်ထင်တယ်”
“ပြီးရင် သူတို့တွေ ခြေစွမ်းကျဆင်းလာတဲ့အချိန်မှာ လူတွေက စပြီးတော့ ဝေဖန်ပြစ်တင်ကြတော့မယ်။ ဘာလို့လဲဆိုတော့ သူတို့တွေကို သတ်မှတ်ထားခဲ့တဲ့နေရာမှာ မရှိတော့လို့ပါ။ ဆာကာက တောင်ပံကစားသမားတစ်ဦးထက်ပိုတဲ့ အလားအလာတွေရှိပါတယ်။ သူက ကျောနံပါတ် ၁၀ ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ဘောလုံးပေးပို့မှုတွေ မြင်နိုင်ပြီး ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်လို့ပါ။ ကျွန်တော်တို့ သူ့ကို ပိုင်ဆိုင်ထားရတာကို ဝမ်းသာပါ။ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာနိုင်ခြေရှိပါတယ်။ ဒါပေမယ့် ကမ္ဘာ့အဆင့်လို့ အခုအချိန်မှာ ပြောဖို့တော့ မလိုအပ်ပါဘူး။ အဲဒါက ကံဆိုးမှုနဲ့ မမျှတမှုပါ။ သူက အခုအချိန်မှာ ကမ္ဘာ့အဆင့်လို့ ကျွန်တော် မထင်ဘဲ အဲဒီလိုဖြစ်လာဖို့ လိုပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Critics' Talk
- News