ဆာကာကို အံ့အားသင့်ဖွယ် သတိပေးလိုက်တဲ့ အာဆင်နယ်ဂန္တဝင် coyg

ဆာကာကို အံ့အားသင့်ဖွယ် သတိပေးလိုက်တဲ့ အာဆင်နယ်ဂန္တဝင်

အာဆင်နယ်ဂန္တဝင်ဂိုးသမားကြီး ဒေးဗစ် ဆီးမန်းက အာဆင်နယ်အသင်းသာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိခဲ့ဘူးဆိုရင် ဆာကာရဲ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်က ပင်နယ်တီလွဲချော်မှုဟာ မေ့လို့ရနိုင်မှာမဟုတ်တော့ဘူးလို့ သတိပေးခဲ့ပါတယ်။

ဂန်းနားတွေဟာ တနင်္ဂနွေနေ့မှာ ၂ ပွဲဆက်တိုက် ၂ -၀ နဲ့ ဦးဆောင်နိုင်ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီးနောက် ၂-၂ သရေကျသွားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာတော့ ရပ်တည်နေဆဲဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် အာဆင်နယ်ရဲ့  ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်ချက်ဟာ မှေးမှိန်သွားခဲ့တာဖြစ်ပြီး တစ်ပွဲလျော့နေတဲ့ မန်ချက်စတာစီးတီးအသင်းဟာ ဂန်းနားတွေနဲ့ ၄ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ဧပြီလ ၂၆ ရက်နေ့ အစ်တီဟတ်မှာ မြောက်လန်ဒန်ကလပ်အသင်းကို လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဆာကာဟာ အာဆင်နယ်ကို ၃-၁ နဲ့ ဦးဆောင်နိုင်အောင် လုပ်ပေးနိုင်ဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ပင်နယ်တီကန်သွင်းမှုဟာ အံ့အားသင့်ဖွယ် လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အတွက် ထူးခြားဆန်းကြယ်တဲ့ရာသီကို ပိုင်ဆိုင်နေခဲ့တဲ့ ဆာကာဟာ ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာ ဂန်းနားပရိသတ်တွေကို တောင်းပန်ခဲ့ပြီး မှားခဲ့တာကို မှန်ကန်အောင် လုပ်နိုင်ဖို့ အရာအားလုံး လုပ်ဆောင်သွားမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဂိုးသမားဟောင်းကြီး ဒေးဗစ် ဆီးမန်းက တနင်္ဂနွေနေ့ ရလဒ်နဲ့ပတ်သက်ပြီး ၎င်းရဲ့ Podcast မှာ “ခင်ဗျား သိလား။ ဝက်စ်ဟမ်းနဲ့ပွဲက ရလဒ်က လီဗာပူးလ်နဲ့တုန်းကထက် ပိုဆိုးတယ်လို့ ခံစားရတယ်။ သူတို့တွေက ပြီးခဲ့တဲ့အပတ်ကနေ သင်ခန်းစာယူခဲ့ရမှာလေ။ အဲဒါက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းခဲ့ပါတယ်။ ခင်ဗျား ပင်နယ်တီအတွက် ခံစစ်ကစားပုံကို ကြည့်လိုက်တဲ့အခါမှာ ဂါဘရီယဲလ် မာဂါလိုင်စ်က ဘာတွေတွေးနေလဲ ကျွန်တော် မသိဘူး။ အဲဒါက စိတ်ပျက်ဒေါသထွက်စရာကောင်းတယ်”

“ဆာကာရဲ့ ပင်နယ်တီက အဆုံးအဖြတ်အခိုက်အတန့်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ လိဂ်ဖလားကိုသာ အနိုင်မရခဲ့ဘူးဆိုရင် အဲဒီကိစ္စက အဓိကအချက်အဖြစ် အမှတ်ရနေတော့မှာ။ ပထမဆုံး မိနစ် ၃၀ က ထူးခြားကောင်းမွန်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးတွေ ထပ်သွင်းဖို့ မလုပ်ခဲ့ဘူး။ ကျွန်တော်တို့ ကစားအားကျသွားခဲ့တယ်။ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်မှု နည်းပါးခဲ့ပြီး အဲဒါက စိတ်ပျက်စရာပါပဲ။ ဒါပေမယ့် အဲဒါကမပြီးသေးပါဘူး(ဆုဖလားပြိုင်ပွဲ)”

အာဆင်နယ်က ဒီရာသီအစောပိုင်းမှာ ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကို လွှင့်ပစ်ခဲ့တယ်လို့ ခံစားခဲ့ရလားလို့ မေးမြန်းခံခဲ့ရချိန်မှာ ဆီးမန်းက “သူတို့တွေက အတွေ့အကြုံမရှိဘူးလို့ပဲ ကျွန်တော် ပြောမှာပါ။ အာဆင်နယ်က ရမှတ်ကွာဟနေမှုကို လွှင့်ပစ်ခဲ့တယ်လို့ ပြောနေကြတာတွေကို ကျွန်တော် မုန်းတယ်။ ကျွန်တော် ဂျင်မ် ဝှိုက် အဲဒါကို ရေဒီယိုမှာ ပြောနေတာကို ကြားတော့ ရေဒီယို ပိတ်လိုက်တယ်။ သူတို့တွေက သူတို့ကိုယ်ကို အကူအညီမပေးဘူး။ ဒါက အမှန်ပဲ။ အခု အဓိက အာရုံစိုက်ရမှာက ဆောက်သမ်တန်နဲ့ပွဲမှာ နိုင်ပွဲရရှိဖို့အတွက် မျှော်လင့်ရမှာပါ”

“အခု အာဆင်နယ်အတွက် ကစားဖို့ အရမ်းကောင်းတဲ့အချိန်ပါ။ ကျွန်တော်တို့ နည်းနည်း ခြေချော်ခဲ့ပြီး နည်းနည်း မတည်မငြိမ်ဖြစ်ခဲ့တယ်။ မန်စီးတီးလည်း နည်းနည်း မတည်မငြိမ်ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ အဲဒါက စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမယ့် သူတို့တွေ ဆုဖလားပြိုင်ပွဲထဲမှာ ရှိနေပါသေးတယ်။ သူတို့တွေ မန်စီးတီးအိမ်ကွင်းကို သွားရမှာဖြစ်ပြီး ဘာတွေ ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ သူတို့တွေ ကျွန်တော်တို့ကို အလဲထိုးမှာမဟုတ်ပါဘူး။ ကောင်းမွန်တဲ့ ဘောလုံးကစားပုံကို ကစားနေတဲ့အသင်း ၂ သင်းပါ။ သူတို့တွေ ကျွန်တော်တို့ကို အလဲထိုးမှာမဟုတ်ပါဘူး။ သူတို့တွေ အလဲမထိုးနိုင်ပါဘူး။ သူတို့တွေ အလဲမထိုးရင်ပိုကောင်းမယ်။ တကယ်လို့ သူတို့တွေ အလဲထိုးခဲ့ရင် သူတို့တွေက နောက်ထပ် Podcasts မှာ ပါတော့မှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar
Ref: Internet