စီးတီး ဖလားရသွားနိုင်တယ်လို့ သတိပေးခံခဲ့ရတဲ့ အာဆင်နယ်
အက်စတန် ဗီလာကြယ်ပွင့်ဟောင်း အဘွန်လဟောက မန်ချက်စတာစီးတီးဟာ ယခုရာသီ လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ယူနိုင်စွမ်းရှိနေတဲ့ပုံပေါ်နေပြီဖြစ်ပြီး ဂန်းနားတွေအနေနဲ့ အာတီတာလက်အောက်မှာ အလွန်ကောင်းမွန်တဲ့ရာသီပိုင်ဆိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ နောက်ကောက်ကျနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
မြောက်လန်ဒန်ကလပ်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၆ မှတ်ဖြတ် ဦးဆောင်ထားဆဲဖြစ်ပေမယ့်လည်း စီးတီးဟာ ၎င်းတို့ရဲ့ ဆုဖလားပြိုင်ဘက်တွေထက် တစ်ပွဲလျော့နေသေးတဲ့အပြင် ဧပြီလ ၂၆ ရက်နေ့ အစ်တီဟတ်မှာ ဂန်းနားတွေကို လက်ခံယှဉ်ပြိုင်ကစားသွားရဖို့လည်းရှိနေသေးတာဖြစ်ပါတယ်။
ပက် ဂွါဒီယိုလာရဲ့အသင်းဟာ လက်ရှိမှာတော့ အင်္ဂါနေ့ညမှာ ဘွန်ဒက်စ်လီဂါဘီလူးကြီး ဘိုင်ယန်မြူးနစ်ကို ၃-၀ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် လက်ကျန် ၉ ပွဲစလုံးကို အနိုင်ကစားသွားနိုင်တော့မယ့်ပုံပေါ်နေတာဖြစ်ပါတယ်။
အဘွန်လဟောရဲ့ အမြင်မှာလည်း မန်ချက်စတာစီးတီးက လက်ကျန်ပွဲစဉ်တွေအားလုံးကို အနိုင်ကစားပြီး ဆုဖလား ၃ လုံး တပြိုင်နက်ရယူနိုင်ဖို့ အရာအားလုံးကို လုပ်ဆောင်သွားတော့မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။
“မနေ့ညက သူတို့အသင်းပုံစံက တစ်စုံတခု ပူးကပ်ခံထားခဲ့ရသလိုပဲနော် လော်ရာ။ သူတို့တွေ မနေ့ညက ဘယ်သူ့ကိုမဆို ကစားနိုင်ပြီး ငါတို့တွေ မင်းကို အနိုင်ယူမယ်။ ငါတို့တွေ ဘောလုံးထိန်းသိမ်းတဲ့ပုံစံ၊ ကြီးမားတဲ့ ကွင်း၊ ပရိသတ်တွေကလည်း ငါတို့ဘက်မှာရှိတယ်လို့ ပြောခဲ့တယ်။ ဒါက မန်ချက်စတာစီးတီးရဲ့ အချိန်ပဲ။ ကျွန်တော်သာ လောင်းကစားသမားဆိုရင် သူတို့တွေအခုကနေ ရာသီကုန်အထိ ပွဲစဉ်တိုင်း အနိုင်ရရှိလိမ့်မယ်လို့ ပြောမှာပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒါက ပရီးမီးယားလိဂ်ဖလားပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်အသင်းအတွက်တော့ သတင်းဆိုးဖြစ်ခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ တနင်္ဂနွေနေ့က အန်းဖီးမှာ လီဗာပူးလ်ကို ၂-၂ သရေကျခဲ့တာဖြစ်ပါတယ်။
ဂန်းနားတွေဟာ အာရွန် ရမ်းစ်ဒေးလ်ရဲ့ ပွဲကစားချိန် နောက်ဆုံးမိနစ်တွေမှာ အံ့မခန်းကာကွယ်မှုတွေကြောင့်သာ ကံကောင်းလို့ သရေ ၁ မှတ်ရခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မန်စီးတီးက ၎င်းတို့ကို အချိန်မရွေး ကျော်ဖြတ်သွားနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ ဖိအားတွေ ဝင်နေမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet