စီးတီးဖလားရသွားတဲ့အပေါ် ခံစားချက်ကို ပြောပြခဲ့ပြီး ဟာလန်းနဲ့ပတ်သက်ပြီး ဝန်ခံခဲ့တဲ့ အော်ဒီဂွါဒ် coyg

စီးတီးဖလားရသွားတဲ့အပေါ် ခံစားချက်ကို ပြောပြခဲ့ပြီး ဟာလန်းနဲ့ပတ်သက်ပြီး ဝန်ခံခဲ့တဲ့ အော်ဒီဂွါဒ်

မာတင် အော်ဒီဂွါဒ်က ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အာဆင်နယ်က မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့မှုဟာ နာကျင်နေရဆဲဖြစ်ပြီး အဲဒါကြောင့် လက်ရွေးစင်အသင်းဖော် အာလင်း ဟာလန်း အောင်ပွဲခံတာကိုတောင် မကြည့်ဘဲနေခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဂန်းနားအသင်းခေါင်းဆောင်ဟာ ၂၀၂၂-၂၀၂၃ ရာသီ အချိန်အများစုမှာ အလွန်ထူးချွန်တဲ့ ခြေစွမ်းကို ပြသခဲ့သူဖြစ်ပြီး ကွင်းလယ်ကနေ သင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပါဝင်ပတ်သက်မှု ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အော်ဒီဂွါဒ်အပြင် ဘူကာယို ဆာကာ၊ ဂါဘရီယဲလ် မာတီနယ်လီ၊ ဝီလီယံ ဆာလီဘာနဲ့ အခြား ကစားသမားတွေလည်း အကောင်းဆုံးရာသီကို ပိုင်ဆိုင်ခဲ့ကြပေမယ့်လည်း အာဆင်နယ်အသင်းဟာ နိုင်ပွဲဆက်နေမှုကို မထိန်းသိမ်းနိုင်ခဲ့ဘဲ နောက်ဆုံးမှာတော့ ဇွဲကြီးတဲ့ မန်စီးတီးကို ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အသင်းသမိုင်းမှာ မကြုံစဖူး အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား ၃ လုံးတပြိုင်နက် ဆွတ်ခူးသွားနိုင်ခဲ့တာဖြစ်ပြီး မာတင် အော်ဒီဂွါဒ်က နော်ဝေအသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ်အတွက် ပူးပေါင်းနေချိန်မှာ စီးတီးနဲ့ လက်ရွေးစင်အသင်းဖော် ဟာလန်းတို့ အောင်ပွဲခံနေရတာကို မကြည့်ဘဲ နေခဲ့တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အဲဒီမှာ မန်စီးတီးအောင်ပွဲခံတာကို မမြင်ရအောင် ကြိုးစားခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒါက နာကျင်နေရဆဲမို့လို့ပါ။ ကျွန်တော် အဲဒီအကြောင်း အများကြီးမတွေးဘဲနေဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ အချိန်အကြာကြီး အရမ်းကောင်းတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့တာတောင်မှပဲ ကျွန်တော် ခါးသီးတဲ့ ခံစားချက်နဲ့အတူ ထွက်ခွာခဲ့ရတယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့မှုအပေါ် တုံ့ပြန်မှုက ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အာတီတာကို အားပေးထောက်ခံသွားမှာဖြစ်ပြီး ဒီကလန် ရိုက်စ်ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ၂၀၁၆-၂၀၁၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် အမ်းမရိတ်စ်ကွင်းကို ချန်ပီယံလိဂ်ညချမ်းကို ယူဆောင်လာနိုင်ခဲ့ပြီဖြစ်ပြီး အော်ဒီဂွါဒ်က စကော့တလန်နဲ့ ဆိုက်ပရပ်စ်တို့နဲ့ ကစားရမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ နော်ဝေကို ၂ ပွဲစလုံးအနိုင်ရရှိအောင် ဦးဆောင်ပေးနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet