စီးတီးကို အနိုင်ကစားနည်းကို ဂန်းနားတွေအတွက် အရှုံးနဲ့ရင်းပြီး ပြသခဲ့ပြီးဖြစ်တဲ့ ဘိုင်ယန် coyg

စီးတီးကို အနိုင်ကစားနည်းကို ဂန်းနားတွေအတွက် အရှုံးနဲ့ရင်းပြီး ပြသခဲ့ပြီးဖြစ်တဲ့ ဘိုင်ယန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဝိန်း ရူနီက အစ်တီဟတ်မှာ ယှဉ်ပြိုင်ကစားမယ့် ဆုဖလားအဆုံးအဖြတ်ပွဲစဉ်မတိုင်ခင် မန်စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းကို တားဆီးနိုင်မယ့် တစ်ဦးတည်းသော အာဆင်နယ်ကစားသမားဟာ ဒဏ်ရာရရှိနေတဲ့ ဆာလီဘာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ မန်ချက်စတာစီးတီးမှာ စိတ်လှုပ်ရှားဖွယ် ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်နေသူဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၄၈ ဂိုးအထိ သွင်းယူပေးပြီး ဂွါဒီယိုလာရဲ့အသင်းကို သမိုင်းဝင် ဆုဖလား ၃ လုံးတပြိုင်နက် စိန်ခေါ်နိုင်အောင်ကူညီပေးနေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ရမယ်ဆိုရင် အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်မှာဖြစ်သလို အက်ဖ်အေဖလားနဲ့ ဆီမီးဖိုင်နယ်နောက်ပိုင်းအဆင့်တွေကို တက်ရောက်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ညဟာ ဆုဖလားပြိုင်ပွဲမှာ အဆုံးအဖြတ်ပေးနိုင်မယ့် အခိုက်အတန့် ဖြစ်လာမှာဖြစ်ပြီး ဝိန်း ရူနီက အာဆင်နယ်ကစားသမား တစ်ဦးတည်းကသာ ဟာလန်းရဲ့ မြန်နှုန်းနဲ့ ပါဝါကို လိုက်မီနိုင်မှာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူတို့တွေ ဟာလန်းကို ဘယ်လို ရပ်တန့်မှာလဲ။ ဆာလီဘာက ဒဏ်ရာရနေတာကြောင့် သူ့ရဲ့ မြန်နှုန်းနဲ့ ပါဝါကို တစ်ဦးချင်း ယှဉ်နိုင်မယ့် အလားအလာမရှိပါဘူး။ တစ်ခုတည်းသောနည်းလမ်းက သူတို့ရဲ့ ကစားပုံရဲ့ ဟာကွက်ကို ရှာဖို့ ကြိုးစားဖို့ပဲ။ စီးတီးက ခင်ဗျား သူတို့ကို အကူးအပြောင်းမှာ တိုက်ခိုက်နိုင်ရင် ထိခိုက်လွယ်ပြီး ခင်ဗျား အဲဒါကို ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ မြင်ခဲ့တယ်။ အထူးသဖြင့် လီရွိုင်း ဆာနေးက ဘိုင်ယန်မြူးနစ်က ဘောလုံးပိုင်ဆိုင်မှုရပြီး သူတို့ကို ထိုးဖောက်ခဲ့ပြီးနောက်မှာ ဂိုးသွင်းယူနိုင်ခဲ့ရမှာပါ”

“ဒီဟာက ခင်ဗျား မန်စီးတီးနဲ့ ရင်ဆိုင်ကစားတဲ့အခါမှာ ရနိုင်တဲ့ အခွင့်အရေးတွေပဲ။ အာဆင်နယ်က ဘိုင်ယန်မြူးနစ်မလုပ်နိုင်ခဲ့တဲ့ အဲဒီပုံစံအတိုင်း အခွင့်ကောင်းယူနိုင်မယ့် ဘူကာယို ဆာကာ၊ မာတီနယ်လီနဲ့ ဂါဘရီယဲလ် ဂျေးဇုတို့လိုကစားသမားတွေရှိတယ်။ အာဆင်နယ်က ဟာလန်းကို အရမ်း အာရုံစိုက်မယ့်အစား အဲဒီ စီးတီးခံစစ်ကစားသမားတွေကို ဘယ်လို ထိုးဖောက်မလဲဆိုတဲ့အပေါ်မှာပဲ အာရုံစိုက်သင့်တယ်”

“သူတို့ ထားရမယ့် စိတ်က ဘယ်သူကမှ ငါတို့ကို ဒီနေရာမှာ ရှိနေမယ်လို့ မထင်ခဲ့ကြဘူး။ ငါတို့တွေ အခု ဆုဖလားအတွက် ကစားနေတယ်။ အဲဒီတော့ သွားပြီး ယူလိုက်ကြစို့လို့ သဘောထားရမယ်။ သူတို့တွေ အဲဒီလို အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုနဲ့သွားရင် အဲဒါက အရမ်းကောင်းတဲ့ပွဲဖြစ်ပါလိမ့်မယ်။ သူတို့တွေ ခံစစ်မှာ ထိုင်ပြီးစောင့်နေခဲ့ရင်ရောဆိုရင် စီးတီးနဲ့ အဲဒီလိုမျိုးသွားလုပ်ရင် ခင်ဗျား ဖြည်းဖြည်းချင်း သေသွားမှာပါ။စီးတီးက ထူးခြားပြီး ထိန်းသိမ်းလို့မရနိုင်ဘူး။ အဲဒီတော့ သူတို့တွေ တိုက်စစ်မှာ ဘာလုပ်နိုင်လဲဆိုတာနဲ့ နောင်တမရဖို့ပဲ အရေးကြီးပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ယခုရာသီ အချိန်အများစုကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်တို့နဲ့ ၃ ပွဲဆက်တိုက်သရေကျခဲ့ပြီးနောက် မန်စီးတီးက ဖြတ်ကျော်ခြင်းကို ခံရနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

“အာဆင်နယ်က သူတို့တွေသာ လက်ကျန် ၆ ပွဲစလုံးကို အနိုင်ရရှိခဲ့မယ်ဆိုရင် အားလုံး မျှော်မှန်းထားတဲ့ နေရာကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံး ၃ ပွဲမှာ သရေကျခဲ့တာက ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ မကြာသေးခင်က ဂယ်ရီ နဗီးက ရာသီအစမှာ တကယ်လို့ အာဆင်နယ်ကို စီးတီးကို တစ်ပွဲနိုင်ရင် လိဂ်ကို အနိုင်ရဖို့အတွက် ရေပန်းအစားဆုံးဖြစ်လိမ့်မယ်လို့ ကမ်းလှမ်းခဲ့ရင် သူတို့ အဲဒါကို ရယူလိမ့်မယ်လို့ ပြောခဲ့တာကို ကြားခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်ထင်တယ်။ ပြီးခဲ့တဲ့ပွဲစဉ်အနည်းငယ်မှာ ဖြစ်ခဲ့တဲ့အရာတွေကြောင့် အဲဒီလို ခံစားရတော့မှာ မဟုတ်ပါဘူး။ သူတို့တွေ ချန်ပီယံမဖြစ်ဘူးဆိုရင် သူတို့တွေ ဆုဖလားကို လွှင့်ပစ်လိုက်မိသလိုမျိုး ခံစားရမှာပါ”

“သူတို့တွေ လီဗာပူးလ်နဲ့ သရေကျတာ အဆင်ပြေတယ်။ အန်းဖီးမှာ ၁ မှတ်ရတယ်ဆိုတာ အမြဲတမ်း ကောင်းမွန်တဲ့ရလဒ်ဖြစ်နေမှာပါ။ ဒါပေမယ့် ဝက်စ်ဟမ်းနဲ့ ဆောက်သမ်တန်ကို အနိုင်မယူနိုင်ခဲ့တာကတော့ သူတို့ကို ခြောက်လှန့်နေတော့မှာပါ။အခုကနေစပြီး ဘာတွေပဲဖြစ်ဖြစ် ကျွန်တော် သူတို့ကို အထင်ကြီးမိခဲ့ပါတယ်။ သူတို့တွေက အရမ်းကောင်းတဲ့ရာသီကို ပိုင်ဆိုင်ခဲ့ပြီး တကယ်ကောင်းမွန်တဲ့ လူငယ်ကစားသမားအချို့ရှိပါတယ်။ ဒီ ဆုဖလားပြိုင်ပွဲအတွေ့အကြုံက အဲဒီကစားသမားတွေကို လာမယ့်ရာသီတွေအတွက် ကြီးကြီးမားမား အကူအညီဖြစ်စေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet