စာချုပ်သက်တမ်းတိုးမယ့်အခြေအနေကို သဲလွန်စပေးလိုက်တဲ့ ဆာလီဘာရဲ့အေးဂျင့် coyg

စာချုပ်သက်တမ်းတိုးမယ့်အခြေအနေကို သဲလွန်စပေးလိုက်တဲ့ ဆာလီဘာရဲ့အေးဂျင့်

ဝီလီယံ ဆာလီဘာရဲ့အေးဂျင် ညွန် ဂျီဘရီလ်က အမ်းမရိတ်စ်ကွင်းအပြင်ဘက်မှာ ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် အစတုန်းက ထင်ထားခဲ့တာထက် စာချုပ်သက်တမ်းတိုးဖို့ကိစ္စက ပိုမိုနီးစပ်နေတယ်လို့ သဲလွန်စပေးခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ လာမယ့်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အာဆင်နယ်က အနာဂတ်ဟာ မရေမရာမှုတွေ မြင့်တက်လာတာကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းက ဆာလီဘာရဲ့တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေပြီး football.london ရဲ့ ဖော်ပြချက်အရ စာချုပ်သက်တမ်းတိုးဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေဟာ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အာတီတာဟာ ပြင်သစ်နောက်ခံလူက ဂန်းနားတွေရဲ့ဆုဖလားစိန်ခေါ်မှုမှာ အရေးပါတဲ့ကစားသမားဆိုတာကို ဆက်လက်သက်သေပြသနေတာကြောင့် ကာလရှည် စာချုပ်သစ် ချုပ်ဆိုချင်နေတာ ဖြစ်ပါတယ်။

ဆာလီဘာဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် သဘောတူညီမှု မရရှိခဲ့ဘူးဆိုရင် လာမယ့်နှစ် ဇန်နဝါရီလမှာ အင်္ဂလန်ပြင်ပက ကလပ်အသင်းတွေနဲ့ အကြိုသဘောတူစာချုပ်အတွက် ဆွေးနွေးခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဂန်းနားတွေဟာ အချိန်ဆွဲလို့မရဘဲ အသည်းအသန် ဆွေးနွေးနေရတာဖြစ်ပြီး ဂျီဘရီလ်ရဲ့ အမ်းမရိတ်စ်ကွင်းအပြင်ဘက်က ပို့စ်ဟာ လူမှုကွန်ရက်ပေါ်က အာဆင်နယ်ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့တာ ဖြစ်ပါတယ်။ ဘူကာယို ဆာကာကလည်း ၂၀၂၄ ခုနှစ်မှာ အာဆင်နယ်နဲ့ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က ၎င်းရဲ့အသင်းဟောင်းအနေနဲ့ ဆာလီဘာရဲ့အနာဂတ်ကို အရင်ဆုံး ဦးစားပေးလုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ခံစစ်ကစားသမားတစ်ယောက်အတွက် ကျွန်တော်ကတော့ ကွင်းလယ်ဗဟိုကစာသမားတွေနဲ့အတူတူပဲလို့ ခံစားရပါတယ်။ သူတို့တွေက အနေအထားကို သိဖို့အတွက် ပုံမှန်ကစားရမှာဖြစ်ပြီး အထူးသဖြင့် သူ့ရဲ့အသက်အရွယ်ကြောင့်ပါ။ အဲဒါကြောင့် သူတို့တွေ သူ့ကို နောက်ထပ်တစ်ကြိမ် အငှားထပ်ချခဲ့တာပါ။ အာဆင်နယ်ပရိသတ်တွေက နည်းနည်း စိတ်ပျက်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သူ့ကို လိုအပ်တယ်လို့ ခံစားခဲ့ရလို့ပါ။ ဒါပေမယ့် ခင်ဗျား အခု သူ့ကို ကြည့်လိုက်ပါ။ သူ ဒီရာသီကို စတင်ခဲ့တဲ့ပုံစံ့နဲ့ သူ ကစားခဲ့တဲ့ပုံစံက အံ့မခန်းပါပဲ”

“လူတွေက ဆာကာနဲ့ပတ်သက်ပြီး ပြောနေကြတယ်။ ဆာကာကို စာချုပ်သစ် ချုပ်ဆိုဖို့ အကြောင်းပေါ့။ ကျွန်တော်တို့ ဆာကာကို ဘယ်လောက်အထိ လိုအပ်လဲဆိုတာကို သိပါတယ်။ အဲဒါဖြစ်လာရင်လည်း ဘယ်လို ပြဿနာမျိုးမှ ရှိခဲ့မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ အသင်းနဲ့ သူနဲ့ ဆက်နွယ်မှုကြောင့်ပါ။ ဒါပေမယ့် ဆာလီဘာကိုပဲ စာချုပ်သစ်ချုပ်ဖို့ အားစိုက်သွားရမယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ ဒီလူကို ထိန်းသိမ်းထားနိုင်တာ သေချာအောင် လုပ်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

ဝီလီယံ ဆာလီဘာရဲ႕ေအးဂ်င္ ၫြန္ ဂ်ီဘရီလ္က အမ္းမရိတ္စ္ကြင္းအျပင္ဘက္မွာ ဓာတ္ပုံ႐ိုက္ကူးခဲ့ၿပီးေနာက္ အစတုန္းက ထင္ထားခဲ့တာထက္ စာခ်ဳပ္သက္တမ္းတိုးဖို႔ကိစၥက ပိုမိုနီးစပ္ေနတယ္လို႔ သဲလြန္စေပးခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ျပင္သစ္ေနာက္ခံလူဟာ လာမယ့္ရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ အာဆင္နယ္က အနာဂတ္ဟာ မေရမရာမႈေတြ ျမင့္တက္လာတာကို ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းက ဆာလီဘာရဲ႕တိုးတက္မႈကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး football.london ရဲ႕ ေဖာ္ျပခ်က္အရ စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈေတြဟာ ေကာင္းမြန္တဲ့ တိုးတက္မႈေတြ ရွိေနတယ္လို႔ သိရပါတယ္။

အာတီတာဟာ ျပင္သစ္ေနာက္ခံလူက ဂန္းနားေတြရဲ႕ဆုဖလားစိန္ေခၚမႈမွာ အေရးပါတဲ့ကစားသမားဆိုတာကို ဆက္လက္သက္ေသျပသေနတာေၾကာင့္ ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခ်င္ေနတာ ျဖစ္ပါတယ္။

ဆာလီဘာဟာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ သေဘာတူညီမႈ မရရွိခဲ့ဘူးဆိုရင္ လာမယ့္ႏွစ္ ဇန္နဝါရီလမွာ အဂၤလန္ျပင္ပက ကလပ္အသင္းေတြနဲ႔ အႀကိဳသေဘာတူစာခ်ဳပ္အတြက္ ေဆြးေႏြးခြင့္ ရရွိေတာ့မွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဂန္းနားေတြဟာ အခ်ိန္ဆြဲလို႔မရဘဲ အသည္းအသန္ ေဆြးေႏြးေနရတာျဖစ္ၿပီး ဂ်ီဘရီလ္ရဲ႕ အမ္းမရိတ္စ္ကြင္းအျပင္ဘက္က ပို႔စ္ဟာ လူမႈကြန္ရက္ေပၚက အာဆင္နယ္ပရိသတ္ေတြကို စိတ္လႈပ္ရွားေစခဲ့တာ ျဖစ္ပါတယ္။ ဘူကာယို ဆာကာကလည္း ၂၀၂၄ ခုႏွစ္မွာ အာဆင္နယ္နဲ႔ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္လည္း အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က ၎ရဲ႕အသင္းေဟာင္းအေနနဲ႔ ဆာလီဘာရဲ႕အနာဂတ္ကို အရင္ဆုံး ဦးစားေပးလုပ္ေဆာင္ရမယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ခံစစ္ကစားသမားတစ္ေယာက္အတြက္ ကြၽန္ေတာ္ကေတာ့ ကြင္းလယ္ဗဟိုကစာသမားေတြနဲ႔အတူတူပဲလို႔ ခံစားရပါတယ္။ သူတို႔ေတြက အေနအထားကို သိဖို႔အတြက္ ပုံမွန္ကစားရမွာျဖစ္ၿပီး အထူးသျဖင့္ သူ႔ရဲ႕အသက္အ႐ြယ္ေၾကာင့္ပါ။ အဲဒါေၾကာင့္ သူတို႔ေတြ သူ႔ကို ေနာက္ထပ္တစ္ႀကိမ္ အငွားထပ္ခ်ခဲ့တာပါ။ အာဆင္နယ္ပရိသတ္ေတြက နည္းနည္း စိတ္ပ်က္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ သူ႔ကို လိုအပ္တယ္လို႔ ခံစားခဲ့ရလို႔ပါ။ ဒါေပမယ့္ ခင္ဗ်ား အခု သူ႔ကို ၾကည့္လိုက္ပါ။ သူ ဒီရာသီကို စတင္ခဲ့တဲ့ပုံစံ့နဲ႔ သူ ကစားခဲ့တဲ့ပုံစံက အံ့မခန္းပါပဲ”

“လူေတြက ဆာကာနဲ႔ပတ္သက္ၿပီး ေျပာေနၾကတယ္။ ဆာကာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အေၾကာင္းေပါ့။ ကြၽန္ေတာ္တို႔ ဆာကာကို ဘယ္ေလာက္အထိ လိုအပ္လဲဆိုတာကို သိပါတယ္။ အဲဒါျဖစ္လာရင္လည္း ဘယ္လို ျပႆနာမ်ိဳးမွ ရွိခဲ့မယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အသင္းနဲ႔ သူနဲ႔ ဆက္ႏြယ္မႈေၾကာင့္ပါ။ ဒါေပမယ့္ ဆာလီဘာကိုပဲ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ အားစိုက္သြားရမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္တို႔ ဒီလူကို ထိန္းသိမ္းထားႏိုင္တာ ေသခ်ာေအာင္ လုပ္ရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet