စကားကျွံခဲ့တဲ့ ဆောင်းနက်စ်ကို တိတ်ဆိတ်စေခဲ့တဲ့ အာတီတာရဲ့ အဖြေ
အာဆင်နယ်နည်းပြ အာတီတာဟာ ယခုရာသီမှာ ကွင်းလယ်ကနေ သွင်းဂိုးတွေ ပိုမိုလိုအပ်တယ်လို့ ပြောကြားခဲ့ပြီး ဂန်းနားတွေရဲ့ အပြောင်းအရွှေ့ပစ်မှတ် ဒီကလန် ရိုက်စ်ဟာ ကြာသပတေးနေ့ညမှာ အင်္ဂလန်အတွက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီကလန် ရိုက်စ်ရဲ့ ဂိုးသွင်းယူနိုင်ခဲ့မှုက ယခုရာသီမှာ ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့်ဟာ ဂိုးတွေ လုံလောက်အောင် မသွင်းယူနိုင်ခဲ့တဲ့အတွက် လီဗာပူးလ်ဂန္တဝင် ဂရေမီ ဆောင်းနက်စ်က ပြစ်တင်ဝေဖန်ခဲ့ပြီးနောက် ဝေဖန်သံအချို့ကို တိတ်ဆိတ်စေခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ကို ကွင်းလယ်နေရာအတွက် ရေရှည်အစားထိုးမှုအဖြစ် ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကိုင်ဆေဒိုကို ခေါ်မရလို့ ဂျော်ဂျင်ညိုကို ခေါ်ခဲ့ပေမယ့် အာတီတာက ရေရှည်သွားဖို့ ပိုမို ငယ်ရွယ်တဲ့ကစားသမားတွေလိုအပ်တယ်ဆိုတာကို သိရှိနေတာဖြစ်ပါတယ်။
ဒီကလန် ရိုက်စ်ဟာ အာတီတာနှစ်သက်တဲ့ ကစားသမားမျိုး ဖြစ်ပုံပေါ်ပြီး နေပယ်မှာ အီတလီကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း အင်္ဂလန်အတွက် ဂိုးသွင်းယူနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတာကြောင့် စပိန်လူမျိုးနည်းပြအနေနဲ့ ဝမ်းမြောက်ကျေနပ်ခဲ့မှာ ဖြစ်ပါတယ်။
အာဆင်နယ်နည်းပြက ပြီးခဲ့တဲ့လတုန်းက ချာကာအကြောင်းဆွေးနွေးချိန်မှာ ၎င်းရဲ့အသင်းအနေနဲ့ ကွင်းလယ်ကနေ သွင်းဂိုးတွေ ပုံမှန်ရရှိနေဖို့လိုအပ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“သူ(ချာကာ)က သူ တိုက်စစ်နေရာမှာ ရှိနေခဲ့တဲ့အချိန်မှာ အချိန်တော်တော်များများမှာ ပိုကောင်းမွန်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့အဆင့်အတန်းကို ထိန်းသိမ်းနိုင်ဖို့က ကွင်းလယ်ကနေ ဂိုးတွေရရှိဖို့ လိုအပ်တာ ကျိန်းသေပြီး အဲဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ပစ်မှတ်ပါ”လို့ ပြောခဲ့တာပါ။
မကြာသေးမီက ကောလာဟလတွေအရ အာတီတာဟာ အဲဒီပြဿနာအတွက် ဒီကလန် ရိုက်စ်က အဖြေလို့ ခံစားနေရတာဖြစ်ပေမယ့်လည်း ဆောင်းနက်စ်ကတော့ အင်္ဂလန်အသင်းအတွက် ဂိုးသွင်းယူပေးခဲ့ပြီးနောက်မှာတောင် ဝက်စ်ဟမ်းကြယ်ပွင့်နဲ့ပတ်သက်ပြီး မသေချာနေတာဖြစ်ပါတယ်။
“သူ့အနေနဲ့ သူ့ရဲ့ နောက်ခံလူတွေဆီကနေ ဘောလုံးရတဲ့အချိန်မှာ ဆတ်ခနဲ ပိုလှည့်ပြီး တိုက်စစ်ပိုကစားဖို့လိုတယ်။ ဘောလုံးလာတဲ့နေရာကို ပြန်သွားပြီး ပြန်ပေးဖို့ မဟုတ်ပါဘူး။ သူ ဂိုးတွေလည်း ပိုရယူနိုင်ဖို့ လိုတယ်။ သူ ပရီးမီးယားလိဂ်မှာ ဒီရာသီ ၂၆ ပွဲကစားထားတာကို ၂ ဂိုးပဲ ရထားတယ်။ အဲဒါက မလုံလောက်ပါဘူး။
ကျွန်တော် အီတလီနဲ့ပွဲကို ကြည့်ခဲ့တယ်။ ထူးမခြားနားပါပဲ။ ဘယ်လို ကမ္ဘာ့အဆင့်ကွင်းလယ်ကစားသမားမျိုးမဆို အချိန်အများစုမှာ ဆတ်ခနဲလှည့်ပြီး တိုက်စ်ကစားဖို့ ကြိုးပမ်းကြပါတယ်။ ဒီကလန် ရိုက်စ်က နေပယ်မှာ အဲဒီလိုမျိုး ဘယ်နှခါများ လုပ်ခဲ့လို့လဲ။ ကျွန်တော့်အတွက်တော့ လုံလောက်တဲ့ အနီးအနားလေးတောင် မရှိပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ကောလာဟလတွေသာ ယုံကြည်ရမယ်ဆိုရင် အာတီတာကတော့ ဆောင်းနက်စ် ပြောတာတွေကို သဘောမတူဘဲ လာမယ့် နွေရာသီမှာ ဒီကလန် ရိုက်စ်ကို အနည်းဆုံး ပေါင် ၇၅ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref : Internet
- Posted In:
- Critics' Talk
- News