ဂွါဒီယိုလာရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို တုံ့ပြန်လိုက်တဲ့ အာတီတာ coyg

ဂွါဒီယိုလာရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို တုံ့ပြန်လိုက်တဲ့ အာတီတာ

မီခေးလ် အာတီတာဟာ ဂွါဒီယိုလာရဲ့ ဆုဖလားပြိုင်ပွဲအတွက် စိတ်ဓာတ်စစ်ဆင်ရေးကို အာရုံမထားဘဲ အာဆင်နယ်အသင်းက ရောက်လာမယ့် တစ်နေ့ချင်းစီအပေါ်မှာပဲ အာရုံစိုက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ တနင်္ဂနွေနေ့ညနေမှာ ဖူလ်ဟမ်အသင်းကို ခရာဗင် ကော့တေ့ချ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ပထမပိုင်း စွမ်းဆောင်ရည်နဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး လီအန်ဒရို ထရော့ဆာ့ဒ်က ဂါဘရီယဲလ် မာဂါလိုင်စ်၊ မာတီနယ်လီနဲ့ မာတင် အော်ဒီဂွါဒ်တို့အတွက် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

စနေနေ့မှာ မန်ချက်စတာစီးတီးအသင်းက ခရစ္စတယ် ပဲလေ့စ်ကို ပင်နယ်တီရလို့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ဂွါဒီယိုလာက အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဆုဖလား ပျောက်ဆုံးနေမှုကို အဆုံးသတ်ဖို့အတွက် ဆာလောင်နေတာကြောင့် ဆုဖလားပြိုင်ပွဲမှာ ရေပန်းအစားဆုံးအသင်းဖြစ်နေဆဲဖြစ်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာတီတာက ဆုဖလားနဲ့ပတ်သက်တဲ့ ပြောဆိုမှုတွေကို ဆက်တိုက် ငြင်းပယ်ခဲ့သူဖြစ်ပြီး လေ့ကျင့်ရေးအစီအစဉ်တစ်ခုချင်းစီ၊ တစ်နေ့ချင်းစီ၊ တစ်ပွဲချင်းစီ အာရုံစိုက်နေဆဲ ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ မှတ်ချက်စကားက အပြုသဘောဆောင်လား ဒါမှမဟုတ် စီးတီးက အာဆင်နယ်အပေါ် ဖိအားတွေ ပေးနိုင်ဖို့ လုပ်ဆောင်တဲ့ အပျက်သဘောလားလို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ အာတီတာက “ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ အသင်းအတွင်းမှာ ဆွေးနွေးခဲ့တာက တကယ်ကို နှိမ့်ချတတ်ဖို့၊ လာမယ့် လေ့ကျင့်ရေးအစီအစဉ်မှာ အလုပ်လုပ်ဖို့နဲ့ နေ့တိုင်း ပိုပိုကောင်းလာအောင်လုပ်ဖို့ပါပဲ။ ဒါက ကျွန်တော်တို့ အာရုံစိုက်ထားတဲ့အရာပါ။ ပြီးဆုံးအောင် လုပ်ရဦးမယ့် ရာသီရဲ့ ကြီးမားတဲ့အစိတ်အပိုင်းကလည်း ရှိနေပါသေးတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေက ပရီးမီးယားလိဂ်ဖလား ရတော့မယ်လို့ ကြွေးကြော်မှုတွေ ရှိနေတဲ့အပေါ်မှာလည်း အာတီတာက “ကျွန်တော် အသင်းကို အားပေးဖို့အတွက် သူတို့နဲ့အတူ သီဆိုပေးမှာပါ။ အဲဒါက သေချာပါတယ်။ သူတို့တွေက သူမတူအောင် ထူးခြားခဲ့ပါတယ်။ ကျွန်တော်တို့ ဒီကို လာခဲ့တဲ့ လူဦးရေပမာဏ၊ သူတို့ရဲ့ ခံယူချက်၊ သူတို့ရဲ့ စိတ်ဆန္ဒပြင်းပြမှု၊ သူတို့ စိုက်ထုတ်ခဲ့တဲ့ အားတွေက မယုံနိုင်စရာပါပဲ။ ကျွန်တော်တို့ အဲဒါကို လိုအပ်မှာဖြစ်ပြီး ပရိသတ်တွေက ကျွန်တော်တို့အတွက် ပွဲကို ပြောင်းလဲပေးနိုင်သူတွေပါ။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်”လို့ ပြောကြားသွားပါတယ်။

ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့တဲ့အပေါ်မှာလည်း အာတီတာက “တကယ်ပျော်ရွှင်မိပါတယ်။ တကယ် လာကစားဖို့ ခက်ခဲတဲ့နေရာဖြစ်ပြီး တကယ်ကောင်းကောင်း စုဖွဲ့ထားတဲ့အသင်းပါ။ ကျွန်တော်တို့ ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပြီး အခွင့်အရေးတွေအများကြီးလည်း ဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်တို့ ပေးဂိုးမရှိပွဲစဉ်ရရှိအောင် ထိန်းသိမ်းနိုင်ခဲ့တယ်။ အဲဒါက တကယ်ကို အရေးပါပါတယ်။ ကျွန်တော်တို့ ပွဲကို ကောင်းမွန်တဲ့ပုံစံနဲ့ အနိုင်ရခဲ့လို့ တကယ်ပျော်ရွှင်မိပါတယ်”လို့ ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်အပြီးမှာ အာဆင်နယ်အသင်းဟာ အမှတ်ပေးဖလားအတွက် ပြိုင်ပွဲထဲမှာ ရေပန်းအစားဆုံးဖြစ်နေဆဲတင်မကဘဲ မန်စီးတီးမှာမရှိတဲ့အရာတစ်ခုလည်း ရှိတယ်လို့ ဝန်ခံ ပြောဆိုခဲ့တာဖြစ်ပါတယ်။ “အာဆင်နယ်က ရေပန်းအစားဆုံးဖြစ်နေတုန်းပဲ။ ဘာလို့လဲဆိုတော့ သူတို့က ရှေ့မှာရှိနေလို့ပါ။ သူတို့က ၅ မှတ်အသာနဲ့ ရှေ့မှာ ရှိနေလို့ပါ။ သူတို့တွေက မယုံနိုင်စရာကောင်းတဲ့ ပထမအကျော့(ရာသီရဲ့)ကို လုပ်ပြနိုင်ခဲ့ပြီး သူတို့တွေ ခြေစွမ်းနည်းနည်းလေးကျခဲ့ပေမယ့် နောက်ထပ်တစ်ကြိမ် ပြန်လာနိုင်ခဲ့တယ်။ သူတို့တွေက ပရီးမီးယားလိဂ်ဖလားကို မရရှိခဲ့တာ နှစ်တော်တော်ကြာနေပါပြီ။ ဒီဟာက ခင်ဗျားကို ၉၃ မိနစ်၊ ၉၆ မိနစ်၊ ဆောရီး ၉၈ မိနစ်မှာ ဂိုးသွင်းဖို့ အပို စိတ်ဓာတ်ခွန်အားမျိုးပေးပါတယ်။ အဲဒီတော့ ဒါက သူတို့မှာရှိပြီး ကျွန်တော်တို့ဆီမှာ မရှိတဲ့အရာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ၂ ရာသီဆက်တိုက် ဖလားရထားတာလေ။ ဒါကြောင့်ပဲ လူတွေက ပရီးမီးယားလိဂ်ဖလားကို ၂ ရာသီဆက်တိုက် အနိုင်ရပြီးနောက်မှာ ရာသီပထမအကျော့မှာ ရမှတ် ၅၀ လောက် ရယူနိုင်ခဲ့တဲ့ အသင်းနဲ့ ပတ်သက်တဲ့ ခင်ဗျားရဲ့ အတွေးအမြင်က ဘာလဲလို့ မေးတဲ့အခါ ကျွန်တော်တို့လည်း ဆုဖလားပြိုင်ပွဲထဲမှာရှိနေပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးနည်းပြက ၎င်းရဲ့ ကစားသမားတွေကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး အာဆင်နယ်အသင်းအနေနဲ့ မန်စီးတီးရဲ့ ရာသီကုန်တဲ့အထိ ပရီးမီးယားလိဂ်ဖလားအတွက် ဇွဲမလျှော့တမ်း ယှဉ်ပြိုင်သွားချင်တဲ့ စိတ်ဆန္ဒကို သတိပြုမိနေတာက အရမ်းကောင်းမွန်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ “သာမန်အားဖြင့် ဒီနိုင်ငံမှာ ခင်ဗျား တစ်စုံတခုကို အများကြီး အနိုင်ရရှိပြီး ရာသီကို ကောင်းကောင်းမစတင်နိုင်တာ ဒါမှမဟုတ် တစ်စုံတယောက်က ပိုပြီးကောင်းမွန်အောင် လုပ်နိင်တဲ့အခါမှာ ခင်ဗျား အဲဒါကို လက်လွှတ်ရမှာပါ။ ခင်ဗျားက ဒီလို ပုံသေလုပ်နိုင်နေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဆုဖလားပြိုင်ပွဲထဲမှာ ရှိနေပါသေးတယ်။ ဒါက အကောင်းဆုံးဆုဖလားနဲ့ ကျွန်တော်တို့ ရရှိနိုင်တဲ့ ချီးကျူးမှုပါ။ ရာသီကုန်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူတို့လည်း ကျွန်တော်တို့ ချန်ပီယံဖြစ်ချင်နေတယ်ဆိုတာကို သိနေပြီး ကျွန်တော်တို့ အဲဒီအတွက် တိုက်ပွဲဝင်သွားမှာပါ။ ဒီလိုတိုက်ပွဲဝင်ရတာ အရမ်းကောင်းပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

မီေခးလ္ အာတီတာဟာ ဂြါဒီယိုလာရဲ႕ ဆုဖလားၿပိဳင္ပြဲအတြက္ စိတ္ဓာတ္စစ္ဆင္ေရးကို အာ႐ုံမထားဘဲ အာဆင္နယ္အသင္းက ေရာက္လာမယ့္ တစ္ေန႔ခ်င္းစီအေပၚမွာပဲ အာ႐ုံစိုက္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ တနဂၤေႏြေန႔ညေနမွာ ဖူလ္ဟမ္အသင္းကို ခရာဗင္ ေကာ့ေတ့ခ်္မွာ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ပထမပိုင္း စြမ္းေဆာင္ရည္နဲ႔ အႏိုင္ယူခဲ့တာျဖစ္ၿပီး လီအန္ဒ႐ို ထေရာ့ဆာ့ဒ္က ဂါဘရီယဲလ္ မာဂါလိုင္စ္၊ မာတီနယ္လီနဲ႔ မာတင္ ေအာ္ဒီဂြါဒ္တို႔အတြက္ ဂိုးဖန္တီးမႈေတြ ျပဳလုပ္ေပးခဲ့တာ ျဖစ္ပါတယ္။

စေနေန႔မွာ မန္ခ်က္စတာစီးတီးအသင္းက ခရစၥတယ္ ပဲေလ့စ္ကို ပင္နယ္တီရလို႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ ဂြါဒီယိုလာက အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ဆုဖလား ေပ်ာက္ဆုံးေနမႈကို အဆုံးသတ္ဖို႔အတြက္ ဆာေလာင္ေနတာေၾကာင့္ ဆုဖလားၿပိဳင္ပြဲမွာ ေရပန္းအစားဆုံးအသင္းျဖစ္ေနဆဲျဖစ္တယ္လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

အာတီတာက ဆုဖလားနဲ႔ပတ္သက္တဲ့ ေျပာဆိုမႈေတြကို ဆက္တိုက္ ျငင္းပယ္ခဲ့သူျဖစ္ၿပီး ေလ့က်င့္ေရးအစီအစဥ္တစ္ခုခ်င္းစီ၊ တစ္ေန႔ခ်င္းစီ၊ တစ္ပြဲခ်င္းစီ အာ႐ုံစိုက္ေနဆဲ ျဖစ္ပါတယ္။ ဂြါဒီယိုလာရဲ႕ မွတ္ခ်က္စကားက အျပဳသေဘာေဆာင္လား ဒါမွမဟုတ္ စီးတီးက အာဆင္နယ္အေပၚ ဖိအားေတြ ေပးႏိုင္ဖို႔ လုပ္ေဆာင္တဲ့ အပ်က္သေဘာလားလို႔ ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ အာတီတာက “ကြၽန္ေတာ္ မသိပါဘူး။ ကြၽန္ေတာ္တို႔ အသင္းအတြင္းမွာ ေဆြးေႏြးခဲ့တာက တကယ္ကို ႏွိမ့္ခ်တတ္ဖို႔၊ လာမယ့္ ေလ့က်င့္ေရးအစီအစဥ္မွာ အလုပ္လုပ္ဖို႔နဲ႔ ေန႔တိုင္း ပိုပိုေကာင္းလာေအာင္လုပ္ဖို႔ပါပဲ။ ဒါက ကြၽန္ေတာ္တို႔ အာ႐ုံစိုက္ထားတဲ့အရာပါ။ ၿပီးဆုံးေအာင္ လုပ္ရဦးမယ့္ ရာသီရဲ႕ ႀကီးမားတဲ့အစိတ္အပိုင္းကလည္း ရွိေနပါေသးတယ္”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

အာဆင္နယ္ပရိသတ္ေတြက ပရီးမီးယားလိဂ္ဖလား ရေတာ့မယ္လို႔ ေႂကြးေၾကာ္မႈေတြ ရွိေနတဲ့အေပၚမွာလည္း အာတီတာက “ကြၽန္ေတာ္ အသင္းကို အားေပးဖို႔အတြက္ သူတို႔နဲ႔အတူ သီဆိုေပးမွာပါ။ အဲဒါက ေသခ်ာပါတယ္။ သူတို႔ေတြက သူမတူေအာင္ ထူးျခားခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ဒီကို လာခဲ့တဲ့ လူဦးေရပမာဏ၊ သူတို႔ရဲ႕ ခံယူခ်က္၊ သူတို႔ရဲ႕ စိတ္ဆႏၵျပင္းျပမႈ၊ သူတို႔ စိုက္ထုတ္ခဲ့တဲ့ အားေတြက မယုံႏိုင္စရာပါပဲ။ ကြၽန္ေတာ္တို႔ အဲဒါကို လိုအပ္မွာျဖစ္ၿပီး ပရိသတ္ေတြက ကြၽန္ေတာ္တို႔အတြက္ ပြဲကို ေျပာင္းလဲေပးႏိုင္သူေတြပါ။ အဲဒီအတြက္ ေက်းဇူးတင္ပါတယ္”လို႔ ေျပာၾကားသြားပါတယ္။

ဖူလ္ဟမ္အသင္းကို အႏိုင္ရရွိခဲ့တဲ့အေပၚမွာလည္း အာတီတာက “တကယ္ေပ်ာ္႐ႊင္မိပါတယ္။ တကယ္ လာကစားဖို႔ ခက္ခဲတဲ့ေနရာျဖစ္ၿပီး တကယ္ေကာင္းေကာင္း စုဖြဲ႕ထားတဲ့အသင္းပါ။ ကြၽန္ေတာ္တို႔ ပြဲကို လႊမ္းမိုးထားႏိုင္ခဲ့ၿပီး အခြင့္အေရးေတြအမ်ားႀကီးလည္း ဖန္တီးႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ေပးဂိုးမရွိပြဲစဥ္ရရွိေအာင္ ထိန္းသိမ္းႏိုင္ခဲ့တယ္။ အဲဒါက တကယ္ကို အေရးပါပါတယ္။ ကြၽန္ေတာ္တို႔ ပြဲကို ေကာင္းမြန္တဲ့ပုံစံနဲ႔ အႏိုင္ရခဲ့လို႔ တကယ္ေပ်ာ္႐ႊင္မိပါတယ္”လို႔ ေျပာဆိုသြားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာက ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲစဥ္အၿပီးမွာ အာဆင္နယ္အသင္းဟာ အမွတ္ေပးဖလားအတြက္ ၿပိဳင္ပြဲထဲမွာ ေရပန္းအစားဆုံးျဖစ္ေနဆဲတင္မကဘဲ မန္စီးတီးမွာမရွိတဲ့အရာတစ္ခုလည္း ရွိတယ္လို႔ ဝန္ခံ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ “အာဆင္နယ္က ေရပန္းအစားဆုံးျဖစ္ေနတုန္းပဲ။ ဘာလို႔လဲဆိုေတာ့ သူတို႔က ေရွ႕မွာရွိေနလို႔ပါ။ သူတို႔က ၅ မွတ္အသာနဲ႔ ေရွ႕မွာ ရွိေနလို႔ပါ။ သူတို႔ေတြက မယုံႏိုင္စရာေကာင္းတဲ့ ပထမအေက်ာ့(ရာသီရဲ႕)ကို လုပ္ျပႏိုင္ခဲ့ၿပီး သူတို႔ေတြ ေျခစြမ္းနည္းနည္းေလးက်ခဲ့ေပမယ့္ ေနာက္ထပ္တစ္ႀကိမ္ ျပန္လာႏိုင္ခဲ့တယ္။ သူတို႔ေတြက ပရီးမီးယားလိဂ္ဖလားကို မရရွိခဲ့တာ ႏွစ္ေတာ္ေတာ္ၾကာေနပါၿပီ။ ဒီဟာက ခင္ဗ်ားကို ၉၃ မိနစ္၊ ၉၆ မိနစ္၊ ေဆာရီး ၉၈ မိနစ္မွာ ဂိုးသြင္းဖို႔ အပို စိတ္ဓာတ္ခြန္အားမ်ိဳးေပးပါတယ္။ အဲဒီေတာ့ ဒါက သူတို႔မွာရွိၿပီး ကြၽန္ေတာ္တို႔ဆီမွာ မရွိတဲ့အရာပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က ၂ ရာသီဆက္တိုက္ ဖလားရထားတာေလ။ ဒါေၾကာင့္ပဲ လူေတြက ပရီးမီးယားလိဂ္ဖလားကို ၂ ရာသီဆက္တိုက္ အႏိုင္ရၿပီးေနာက္မွာ ရာသီပထမအေက်ာ့မွာ ရမွတ္ ၅၀ ေလာက္ ရယူႏိုင္ခဲ့တဲ့ အသင္းနဲ႔ ပတ္သက္တဲ့ ခင္ဗ်ားရဲ႕ အေတြးအျမင္က ဘာလဲလို႔ ေမးတဲ့အခါ ကြၽန္ေတာ္တို႔လည္း ဆုဖလားၿပိဳင္ပြဲထဲမွာရွိေနပါေသးတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးနည္းျပက ၎ရဲ႕ ကစားသမားေတြကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး အာဆင္နယ္အသင္းအေနနဲ႔ မန္စီးတီးရဲ႕ ရာသီကုန္တဲ့အထိ ပရီးမီးယားလိဂ္ဖလားအတြက္ ဇြဲမေလွ်ာ့တမ္း ယွဥ္ၿပိဳင္သြားခ်င္တဲ့ စိတ္ဆႏၵကို သတိျပဳမိေနတာက အရမ္းေကာင္းမြန္ပါတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “သာမန္အားျဖင့္ ဒီႏိုင္ငံမွာ ခင္ဗ်ား တစ္စုံတခုကို အမ်ားႀကီး အႏိုင္ရရွိၿပီး ရာသီကို ေကာင္းေကာင္းမစတင္ႏိုင္တာ ဒါမွမဟုတ္ တစ္စုံတေယာက္က ပိုၿပီးေကာင္းမြန္ေအာင္ လုပ္နိင္တဲ့အခါမွာ ခင္ဗ်ား အဲဒါကို လက္လႊတ္ရမွာပါ။ ခင္ဗ်ားက ဒီလို ပုံေသလုပ္ႏိုင္ေနမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ဆုဖလားၿပိဳင္ပြဲထဲမွာ ရွိေနပါေသးတယ္။ ဒါက အေကာင္းဆုံးဆုဖလားနဲ႔ ကြၽန္ေတာ္တို႔ ရရွိႏိုင္တဲ့ ခ်ီးက်ဴးမႈပါ။ ရာသီကုန္မွာ ဘာေတြျဖစ္လာမလဲဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ ဒါေပမယ့္ သူတို႔လည္း ကြၽန္ေတာ္တို႔ ခ်န္ပီယံျဖစ္ခ်င္ေနတယ္ဆိုတာကို သိေနၿပီး ကြၽန္ေတာ္တို႔ အဲဒီအတြက္ တိုက္ပြဲဝင္သြားမွာပါ။ ဒီလိုတိုက္ပြဲဝင္ရတာ အရမ္းေကာင္းပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet