ဂန်းနားတွေရဲ့ မယုံနိုင်ဖွယ် ပုံစံကောင်းအတွက် လျှို့ဝှက်ချက်ကို ပြောပြခဲ့တဲ့ အာတီတာနဲ့နောက်ဆုံးရဂန်းနားသတင်းများ
အာဆင်နယ်အသင်းအနေနဲ့ လာမည့် နှစ်ရက်အကြာ စနေနေ့မှာ လိဒ်စ် ယူနိုက်တက်အသင်းကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပြီး ကစားသမားအချို့အနေနဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ကီရန် တီယာနီ- စကော့တလန်အသင်းက စပိန်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ အာဆင်နယ် ဘယ်နောက်ခံကစားသမားဟာ မန်စီးတီး ကစားသမား ရိုဒရီရဲ့ ပြင်းထန်စွာ ဖျက်ထုတ်ခြင်းခံခဲ့ရပြီး ပွဲချိန် ၇၆ မိနစ်မှာ လူစားလဲခဲ့ရပါတယ်။ လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်ကစားနိုင်မလားဆိုတာတော့ အသင်းက သတင်းထုတ်ပြန်မှုကို စောင့်ဆိုင်းရမှာပဲဖြစ်ပါတယ်။
သောမတ်စ် ပါတေး – အန်ဂိုလာအသင်းနဲ့ပွဲအတွက် ဂါနာအသင်းနဲ့ လေ့ကျင့်ရေးပြုလုပ်နေစဉ် သောမတ်စ် ပါတေးဟာ ဒဏ်ရာအနည်းငယ်ရခဲ့ပြီး အန်ဂိုလာအသင်းနဲ့ပွဲမှာ အရန်ခုံမှာသာ ထိုင်ခဲ့ဲရပြီး ဂါနာနည်းပြကလည်း ပါတေးကို အနည်းငယ် နာကျင်တဲ့ ကြွက်သားဒဏ်ရာကြောင့် အသုံးမပြုပဲ အနားပေးခဲ့သည်ဟု သိရှိရပြီး လန်ဒန် ကိုနေးကို ပြန်လည်ရောက်ရှိပြီး ဆေးစစ်မှှုပြုလုပ်ပြီးမှ စနေ့နေ့ပွဲစဉ်မှာ ပါဝင်နိုင် မပါဝင်နိုင်သိရမယ်လို့ သိရှိရပါတယ်။
အန္ကီးတီးယား – ခြေချင်းဝတ် ဒဏ်ရာရရှိထားတဲ့ အာဆင်နယ်တိုက်စစ်မှူးဟာ ကြံ့ခိုင်ရေးပြန်လည်ထူထောင်မှု လုပ်ငန်းစဉ်များ လုပ်ဆောင်နေပြီး မကြာခင် ပြန်ကစားနိုင်တော့မည်ဟု သူ့ရဲ့အင်စတာအကောင့်မှာ မတ်လ ၁၈ က တင်သွားခဲ့ပြီး ဧပြီလ ပထမပတ်အတွင်းမှာ ပြန်လည်ကစားနိုင်တော့မယ်လို့ ခန့်မှန်းထားကြပါတယ်။
ဝီလီယမ် ဆာလီဘာ- စပို့တင်းနဲ့ပွဲမှာ ဒဏ်ရာရရှိသွားတဲ့ အားထားရတဲ့ နောက်ခံကစားသမားဟာ ပြင်သစ်အသင်း လူစာရင်းကနေပါ နှုတ်ထွက်ခဲ့ပြီး နည်းပြအာတီတာကတော့ ဆာလီဘာရဲ့ဒဏ်ရာ အရှင်းပျောက်ကင်းအောင် စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ပြောခဲ့တဲ့အတွက် လိဒ်စ်နဲ့ပွဲမှာ ပါဝင်ဖို့ ၅၀-၅၀ အခြေအနေအဖြစ် ရှိနေတုန်းဖြစ်ပါတယ်။
ဂျေးဇု – နိုင်ငံတကာပွဲတွေ မတိုင်ခင်မှာ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်အချို့မှာ အချိန်တချို့ကစားထားနိုင်တဲ့ ဂျေးဇုအနေနဲ့ ယခု လိဒ်စ်ပွဲကစပြီး ပွဲချိန်ပြည့်နီးပါး ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
-မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဝိန်း ရူနီက ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ဂန်းနားတွေက ထိပ်ဆုံးကနေ ဦးဆောင်နေပေမယ့်လည်း စီးတီးက အာဆင်နယ်ကို ကျော်ဖြတ်ပြီး ဗိုလ်စွဲသွားလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူးက ဂန်းနားတွေကို ပရီးမီးယားလိဂ်ဖလားရရှိသွားမယ်လို့ မျှော်လင့်မိပေမယ့်လည်း စီးတီးရဲ့ အတွေ့အကြုံက အာဆင်နယ်အသင်းကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ခံစားနေရတာဖြစ်ပါတယ်။
“အဲဒါက စိတ်ဝင်စားစရာကောင်းလာမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ်က ဒီအနေအထားမှာ မရှိခဲ့တာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပြီး သူတို့တွေအနေနဲ့ ဖိအားတွေ အများကြီးနဲ့ သွားနေရတာ ဖြစ်နိုင်ပါတယ်။ ခင်ဗျား ရာသီရဲ့ နောက်ဆုံး ၇ ပွဲ၊ ၈ ပွဲထဲကို ဝင်ရောက်တဲ့အချိန်မှာ ဖိအားတွေ စရှိလာမှာ သေချာပေါက်ပဲ။ သူတို့တွေ တစ်ရာသီလုံး လုပ်ခဲ့တာတွေကို ထိန်းသိမ်းနိုင်မလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ။
“စီးတီးကလည်း ရှိနေမယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း လိဂ်ကို အနိုင်ရရှိခဲ့တယ်။ ဆုဖလားတွေ အနိုင်ရခဲ့တယ်။ သူတို့တွေမှာ ဆုဖလားတွေ အနိုင်ရယူရာမှာ အတွေ့အကြုံအရမ်းရှိတဲ့ ဂွါဒီယိုလာလို နည်းပြရှိပါတယ်။ အဲဒီတော့ အာဆင်နယ်က ဆက်ထိန်းထားနိုင်မလား၊ မန်စီးတီးက ပြီးခဲ့တဲ့နှစ်တွေက သူတို့ရဲ့ အတွေ့အကြုံတွေကို အသုံးချသွားပြီး ဆုဖလားကို ရယူသွားနိုင်မလားဆိုတာ ကျွန်တော် အရမ်းသိချင်ပါတယ်။စီးတီးက သူတို့ကို ကျော်ဖြတ်သွားလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ယူနိုက်တက်က အခုအချိန်မှာ ဆုဖလားပြိုင်ပွဲကနေ ထွက်သွားလုနီးပါးဖြစ်နေပါပြီ။ ခင်ဗျား ကျွန်တော့်ကို အာဆင်နယ်နဲ့ စီးတီးတို့ထဲက ဘယ်သူ့ကို အနိုင်ရစေချင်လဲလို့ မေးရင် ကျွန်တော်ကတော့ အာဆင်နယ် အနိုင်ရရှိဖို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
-လွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းက ကြီးမားတဲ့ မေးခွန်းထုတ်စရာရှိတယ်လို့ ခံစားခဲ့ရတဲ့ အာဆင်နယ်ကစားသမား ၃ ဦးကို ရွိုင် ကီးန်က ဝေဖန်ပြစ်တင်ခဲ့ဖူးပြီး လက်ရှိမှာတော့ အဲဒီကစားသမား ၂ ဦးထဲက ၂ ဦးသာ ကျန်တော့တာဖြစ်ပါတယ်။ အဲဒီမှတ်ချက်ဟာ ၂၀၂၀ ခုနှစ်တုန်းက အာဆင်နယ်က လီဗာပူးလ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ပြောကြားခဲ့တာဖြစ်ပြီး အာတီတာက ပထမဆုံး ရာသီပြည့် ကိုင်တွယ်ခဲ့ချိန်မှာ စိတ်ပျက်ဖွယ်ရာသီဖြစ်ခဲ့ပေမယ့်လည်း ရွိုင်း ကီးန်က ၎င်းရဲ့ ခံစစ်ကစားသမားတွေအများအပြားကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။
ရွိုင် ကီးန်က ဒေးဗစ် လူးဝဇ်၊ ကီရန် တီယာနီ၊ ရော့ဘ် ဟိုးဒင်းတို့ကို ခံစစ်ပိုင်း အမှားတွေကြောင့် ကြီးမားတဲ့ မေးခွန်းထုတ်စရာရှိနေတဲ့သူတွေလို့ ပြောကြားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဒေးဗစ် လူးဝစ်ဇ်က အမ်းမရိတ်စ်ကို စွန့်ခွာသွားခဲ့ပြီဖြစ်ပြီး ဆာလီဘာနဲ့ ဂါဘရီယဲလ်တို့က ဂန်းနားဗဟိုခံစစ်မှာ ကစားနေကြတာဖြစ်ပါတယ်။ ရွိုင် နီးန်ပြောခဲ့တဲ့ မေးခွန်းထုတ်စရာကစားသမား ၃ ဦးထဲမှာ တီယာနီနဲ့ ဟိုးဒင်းတို့သာ ကျန်တော့တာဖြစ်ပြီး စကော့နောက်ခံလူဟာ ဇင်ချန်ကို ရောက်လာပြီးကတည်းက နေရာပျောက်သွားခဲ့ပြီးနောက် ယခုရာသီမှာ ၄ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိထားတာဖြစ်ပါတယ်။ ဟိုးဒင်းကတော့ အာဆင်နယ်အတွက် လိဂ်ပွဲ ၁ ပွဲသာ ပွဲထွက်ပါဝင်ခဲ့ရပြီး များသောအားဖြင့် ဖလားပွဲတွေမှာ ပိုမိုအသုံးပြုခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
-အာဆင်နယ်နည်းပြ အာတီတာက ၎င်းရဲ့အသင်းက အခုလိုမျိုး ထူးခြားတဲ့ခြေစွမ်းပြသနေပြီး ဆယ်စုနှစ် ၂ ခုနီးပါးအကြာမှာ ပထမဆုံး ဆုဖလားကို ရယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ နောက်ကွယ်က တွန်းအားက ဘာလဲဆိုတာကို ပြောပြခဲ့ပါတယ်။ “ကျွန်တော်တို့မှာ မှန်ကန်တဲ့ ယှဉ်ပြိုင်မှုအဆင့်အတန်းရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် တကယ်ကို အကူအညီပေးချင်ကြတယ်။ ဒါပေမယ့် သူတို့တွေ တစ်ယောက်နဲ့တစ်ယောက်လည်း စိန်ခေါ်မှုတွေ ပြုလုပ်ကြတာက အသင်းကို အကျိုးအမြတ်ရှိစေပြီး ကျွန်တော်တို့လိုချင်တဲ့ အဆင့်အတန်းမျိုးကိုလည်း မြှင့်တင်နိုင်ပါတယ်။ လျှို့ဝှက်ချက်က သူတို့တွေကြားထဲမှာရှိတဲ့ စည်းလုံးမှုနဲ့ တသားတည်းရှိမှုဖြစ်နိုင်ပါတယ်။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် အချိန်ကုန်ဆုံးရတာကို ချစ်မြတ်နိုးတယ်။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် ကစားရတာကို ချစ်မြတ်နိုးတယ်။ သူတို့တွေက ကျွန်တော်တို့ ပရိသတ်တွေရှေ့မှာ ကစားချင်ကြတယ်။ သူတို့တွေက အသင်းနဲ့ သက်ဆိုင်သူတွေဆိုတဲ့ ခံစားမှုမျိုး တကယ်ရှိကြတယ်။ အဲဒါက အရမ်းကို အားကောင်းတယ်လို့ ကျွန်တော်ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet