ဂန်းနားတွေနဲ့ အာတီတာကို တရားဝင်ဝက်ဘ်ဆိုက်မှာ မဆီမဆိုင် ဝေဖန်ခဲ့တဲ့ မန်စီးတီး coyg

ဂန်းနားတွေနဲ့ အာတီတာကို တရားဝင်ဝက်ဘ်ဆိုက်မှာ မဆီမဆိုင် ဝေဖန်ခဲ့တဲ့ မန်စီးတီး

အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတဲ့အသင်းတွေဖြစ်ပြီး လက်ရှိ ချန်ပီယံတွေဟာ ဂန်းနားတွေနဲ့ နည်းပြ အာတီတာကို ရည်ရွယ်ပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပုံပေါ်တာကို မြင်တွေ့ခဲ့ရပါတယ်။

အာတီတာရဲ့အသင်းဟာ ယခုရာသီမှာ အလွန်ကောင်းမွန်နေခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းဖြစ်နေခဲ့တဲ့အပြင် ဥရောပမှာ အသက်အရွယ်ဆုံး ပွဲထွက်လူစာရင်းတွေထဲက တစ်ခုနဲ့ ဒီလို လုပ်ဆောင်ထားနိုင်ခဲ့တာကြောင့် အထင်ကြီးစရာပိုကောင်းခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ အာဆင်နယ်အသင်း အခုလို ကောင်းမွန်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်မှန်းထားထားတာကြောင့် ဖိအားတွေ ခံစားနေရပြီဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းဖြစ်နေခဲ့တာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ နောက်ဆုံး ၅ ရာသီမှာ ၄ ကြိမ်အထိ ဗိုလ်စွဲခဲ့သလို လိဂ်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ် ရရှိထားခဲ့တာဖြစ်ပြီး ယခုရာသီမှာလည်း ချန်ပီယံဘွဲ့ကာကွယ်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ်နဲ့ စတင်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူ။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းက မထင်မှတ်ဘဲ အရမ်းကောင်းနေတာဖြစ်ပြီး လက်ရှိမှာ မန်ချက်စတာစီးတီးကို ၈ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးက ၎င်းတို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးထဲမှာ ‘စီးတီးနဲ့အာဆင်နယ်-မမျှော်မှန်းထားတဲ့ ပရီးမီးယားလိဂ်ဆက်နွယ်မှု’လို့ ခေါင်းစဉ်တပ်ပြီး ဂန်းနားတွေကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အစပိုင်းမှာ “စီးတီးနဲ့ အာဆင်နယ်တို့ဟာ ပရီးမီးယားလိဂ်ခေတ်မှာ မတူညီတဲ့ အဆင့်အတန်းနဲ့ လုပ်ဆောင်ပြီး အချိန်အများစုကို ကုန်ဆုံးခဲ့ကြပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ၁၁ ရာသီစလုံးမှာ အဂ်လိပ်ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်ကတော့ ဥရောပတလွှားမှာ ကျွန်တော်တို့ရဲ့ လိဂ်ကို ကိုယ်စားပြုနေတဲ့ အသင်းတွေထဲက တစ်သင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ဆုံးရှုံးခဲ့ပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။

ပြီးတဲ့နောက်မှာတော့ အာတီတာကို သွယ်ဝိုက်ဝေဖန်ခဲ့တာဖြစ်ပြီး စပိန်လူမျိုးနည်းပြ မရှိဘဲ အောင်မြင်မှုတွေ ဆက်လက် ရယူနိုင်ခဲ့တယ်လို့ မလိုတမာရေးသားထားသလို အာဆင်နယ် အမှတ်ပေးဇယားထိပ်ဆုံးရောက်နေတာက ဇင်ချန်ကိုနဲ့ ဂျေးဇုတို့ကို နွေရာသီတုန်းက ရောင်းပေးခဲ့လို့ဆိုပြီး နာမည်ကောင်းဝင်ယူခဲ့ပြန်တာဖြစ်ပါတယ်။

“မိုးပြာရောင်တပ်သားတွေဟာ အာတီတာမပါဘဲ နိုင်ပွဲတွေ ဆက်လက်ရယူနိုင်ခဲ့ပြီး အဲဒီနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် ရနိုင်တဲ့အထဲက ၂ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မတိုင်ခင်အထိ သူတို့ရဲ့ လူစာရင်းထဲမှာ ဇင်ချန်ကိုနဲ့ ဂျေးဇုတို့ မရှိခင်က ဂန်းနားတွေဟာ ကျွန်တော်တို့ရဲ့ လိဂ်သရဖူကို ခြိမ်းခြောက်နိုင်လောက်တဲ့ အသင်းမဟုတ်ခဲ့ပါဘူး”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဝက်ဘ်ဆိုက်မှာ အခုလို ရေးသားဖော်ပြထားမှုဟာ ဂွါဒီယိုလာနဲ့ အာတီတာတို့ကြားက အပြန်အလှန်လေးစားမှုရှိနေချိန်မှာ အမုန်းပွားစရာ ကုန်းတိုက်မှုတစ်ခုလို့ ရှုမြင်မိပြီး ဂန်းနားနည်းပြဟာ စီးတီးကို ဒီနေ့လိုမျိုး အသင်းဖြစ်လာအောင် ကူညီရာမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေတောင် ပါဝင်ခဲ့သူဖြစ်ပါတယ်။

မန်စီးတီးအနေနဲ့ အာတီတာကို လွန်ခဲ့တဲ့  ၃ နှစ်တုန်းက ဂန်းနားတွေဆီ လက်လွှတ်ခဲ့ရတာကို အခဲမကြေဖြစ်နေသေးတာဖြစ်နိုင်ပြီး စပိန်လူမျိုးနည်းပြက အမ်းမရိတ်စ်ကို ဇင်ချန်ကိုနဲ့ ဂျေးဇုတို့ကို အရခေါ်ယူပြီးနောက် ဆုဖလားစိန်ခေါ်သူတွေဖြစ်လာခဲ့တာက အနာပေါ်တုတ်ကျသလို ဖြစ်ခဲ့တာ ဖြစ်နိုင်ပါတယ်။

အာဆင်နယ်သာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ဒီတိုင်း ဆက်ကစားပြီး ရယူသွားနိုင်မယ်ဆိုရင်တော့ မန်ချက်စတာစီးတီး ရေးသားခဲ့တဲ့ ဒီစာတွေက ပြန်ဖတ်မိတိုင်း ရယ်စရာကြီး ဖြစ်နေတော့မှာ ဖြစ်ပါတယ်။

Arsenal Myanmar
Ref: Internet