ဂန်းနားကြယ်ပွင့်က ဒီဘရိုင်းနားကို ကျော်တက်သွားပြီလို့ ပြောလိုက်တဲ့ ဂျေမီ ရက်နက် coyg

ဂန်းနားကြယ်ပွင့်က ဒီဘရိုင်းနားကို ကျော်တက်သွားပြီလို့ ပြောလိုက်တဲ့ ဂျေမီ ရက်နက်

ဂျေမီ ရက်နက်က အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ နံပါတ်တစ် ကွင်းလယ်ကစားသမားနေရာအတွက် မန်ချက်စတာစီးတီးကြယ်ပွင့် ဒီဘရိုင်းနားကို ကျော်တက်သွားပြီလို့ ယုံကြည်နေပါတယ်။

နော်ဝေကွင်းလယ်ကြယ်ပွင့်ဟာ တနင်္ဂနွေနေ့က ခရာဗင် ကော့တေ့ချ်မှာ အာဆင်နယ်ရဲ့ တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ ဖူလ်ဟမ်ကို ၃-၀ နဲ့ သက်တောင့်သက်သာ အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ် ဆက်လက်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂါဘရီယဲလ် မာဂါလိုင်စ်က အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပြီးနောက် မာတီနယ်လီနဲ့ အော်ဒီဂွါဒ်တို့က ပွဲပြတ်သွားစေမယ့် နောက်ထပ်ဦးဆောင်ဂိုးတွေကို ပထမပိုင်းမပြီးဆုံးခင်မှာပဲ သွင်းယူသွားခဲ့ကြတာ ဖြစ်ပါတယ်။ ဂန်းနားအသင်းခေါင်းဆောင်ဟာ ထရော့ဆာ့ဒ်ရဲ့ ဖြတ်တင်ပေးပို့မှုကို ရင်ဘတ်နဲ့ တည်တည်ငြိမ်ငြိမ် တစ်ချက်ထိန်းပြီး ဘယ်ခြေနဲ့ ဂိုးအောက်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသက် ၂၄ နှစ်အရွယ်ကွင်းလယ်ကစားသာမးဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဘောလုံးဝေဖန်သုံးသပ်သူ ဂျေမီ ရက်နက်က မာတင် အော်ဒီဂွါဒ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်ဘွဲ့ကို ရယူသွားနိုင်ခဲ့ပြိဖြစ်တယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။ “အခုအချိန်မှာ သူက နံပါတ် ၁ ပဲ။ သူ့ထက်ပိုကောင်းတဲ့သူ မရှိပါဘူး။ ပုံမှန်ဆိုရင် ကီဗင် ဒီဘရိုင်းနားက အကောင်းဆုံးကွင်းလယ်ကစားသမားလို့ ကျွန်တော်တို့ ပြောကြပါလိမ့်မယ်။ ပရီးမီးယားလိဂ်မှာတင်မဟုတ်ဘဲ ကမ္ဘာပေါ်မှာပါ အကောင်းဆုံးပါ။ ဒါပေမယ့် အခုအဲဒီပြောရင် သိပ်မမှန်တော့ဘူး။ သူက သူ ကစားချင်တဲ့အတိုင်း ပွဲတော်တော်များများမှာ မကစားနိုင်ဘူးဖြစ်နေတယ်။ ဒါပေမယ့် အော်ဒီဂွါဒ်ကတော့ အရမ်းကောင်းတဲ့ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ ဒီလိုအရာတွေကို လုပ်ပြနေတယ်။ သူ ဘောလုံးရသွားတဲ့အချိန်မှာ အချိန်တွေတောင် ရပ်သွားသလိုမျိုးပါပဲ။ ကစားသမားအများစုက ဒီကနေ့မှာ ပြေးလွှားပြီး ကန်ကြမှာပါ။ အထူးသဖြင့် အဲဒီလို အခြေအနေမျိုးမှာ ကွင်းလယ်ကစားသမားတွေ ကစားနေတာကို ကျွန်တော်တို့ မြင်နေကျမဟုတ်ပါဘူး။

ဒါပေမယ့် သူ ပိုင်ဆိုင်ထားတဲ့ အေးဆေးတည်ငြိမ်မှုနဲ့ သူက ဘယ်ခြေနဲ့အတူ ဂိုး ၄ ဂိုး၊ ၅ ဂိုးသွင်းယူထားတယ်။ သူက အသင်းခေါင်းဆောင်ပါ။ သူက ဦးဆောင်သူပါ။ ဟုတ်ပါတယ်။ ကျွန်တော့်အတွက်တော့ သူက နံပါတ် ၁ ပါပဲ(ပရီးမီးယားလိဂ်မှာ)။ သူက ဒီအသင်းကို ဦးဆောင်နေတာပါ။ တခြား သူလုပ်နေတဲ့အရာတွေလည်း ရှိပြီး သူ ဘောလုံးမရှိတဲ့အချိန်မှာ ဘောလုံးရအောင် ဖိအားပေးတာပဲ။ သူက ပထမဆုံးတစ်ယောက်ဖြစ်ပြီး ခံစစ်ရဲ့ ရှေ့ပြေးပါ။ သူက သွားပြီး ဘောလုံးရအောင် ဖိအားပေးပြီး ရုတ်တရက်ဆိုသလိုပဲ ဘောလုံးရသွားတယ်။ သူ အဲဒါကိုအရမ်းကောင်းကောင်းလုပ်နေတာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂျေမီ ရက်နက်နဲ့အတူ တင်ဆက်နေတဲ့ ဘောလုံးဝေဖန်သူ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဟက်ဆဲလ်ဘန့်ခ်ကလည်း အော်ဒီဂွါဒ်နဲ့ပတ်သက်ပြီး ချီးကျူးပြောဆိုမှုတွေ အပြည့်အဝ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ “သူက ဒီဘရိုင်းနားထက်တောင် ကွဲပြားခြားနားတဲ့ကစားသမားပါ။ ဒါပေမယ့် သူ့မှာ အမြဲတမ်း အဖြေရှိတယ်။ ခင်ဗျား သိလား။ သူ မှန်ကန်တဲ့အဖြေကို ရှာဖို့ တင်းကြပ်တဲ့ နေရာလွတ်ထဲကို ဝင်လာတဲ့အချိန်မှာ အရမ်းကို အေးဆေးတည်ငြိမ်မှုရှိတယ်။ သူက ဒီဘရိုင်းနားလောက် ဂိုးဖန်တီးမှုတွေ များများစားစား မပြုလုပ်ထားပါဘူး။ ဘာလို့လဲဆိုတော့ သူက အဲဒီလို ကစားသမားမျိုးမဟုတ်လို့ပါ။ ဒါပေမယ့် တခြားအရာတွေကို သူလုပ်နေတယ်။ သူ အဲဒါတွေကို သပ်သပ်ရပ်ရပ်နဲ့ အရမ်းကောင်းကောင်း လုပ်နေပါတယ်။ သူ ကစားတာကို ကြည့်ရတာက ဝမ်းမြောက်စရာကောင်းပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

ေဂ်မီ ရက္နက္က အာဆင္နယ္အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္က လက္ရွိမွာ ပရီးမီးယားလိဂ္ရဲ႕ နံပါတ္တစ္ ကြင္းလယ္ကစားသမားေနရာအတြက္ မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ဒီဘ႐ိုင္းနားကို ေက်ာ္တက္သြားၿပီလို႔ ယုံၾကည္ေနပါတယ္။

ေနာ္ေဝကြင္းလယ္ၾကယ္ပြင့္ဟာ တနဂၤေႏြေန႔က ခရာဗင္ ေကာ့ေတ့ခ်္မွာ အာဆင္နယ္ရဲ႕ တတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ဂန္းနားေတြဟာ ဖူလ္ဟမ္ကို ၃-၀ နဲ႔ သက္ေတာင့္သက္သာ အႏိုင္ယူၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္ျဖတ္ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂါဘရီယဲလ္ မာဂါလိုင္စ္က အာဆင္နယ္အသင္းအတြက္ အဖြင့္ဂိုးကို ေခါင္းတိုက္သြင္းယူေပးခဲ့ၿပီးေနာက္ မာတီနယ္လီနဲ႔ ေအာ္ဒီဂြါဒ္တို႔က ပြဲျပတ္သြားေစမယ့္ ေနာက္ထပ္ဦးေဆာင္ဂိုးေတြကို ပထမပိုင္းမၿပီးဆုံးခင္မွာပဲ သြင္းယူသြားခဲ့ၾကတာ ျဖစ္ပါတယ္။ ဂန္းနားအသင္းေခါင္းေဆာင္ဟာ ထေရာ့ဆာ့ဒ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို ရင္ဘတ္နဲ႔ တည္တည္ၿငိမ္ၿငိမ္ တစ္ခ်က္ထိန္းၿပီး ဘယ္ေျခနဲ႔ ဂိုးေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ အသက္ ၂၄ ႏွစ္အ႐ြယ္ကြင္းလယ္ကစားသာမးဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေဘာလုံးေဝဖန္သုံးသပ္သူ ေဂ်မီ ရက္နက္က မာတင္ ေအာ္ဒီဂြါဒ္ဟာ လက္ရွိမွာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ကြင္းလယ္ဖန္တီးရွင္ဘြဲ႕ကို ရယူသြားႏိုင္ခဲ့ၿပိျဖစ္တယ္လို႔ ခံစားေနရတာ ျဖစ္ပါတယ္။ “အခုအခ်ိန္မွာ သူက နံပါတ္ ၁ ပဲ။ သူ႔ထက္ပိုေကာင္းတဲ့သူ မရွိပါဘူး။ ပုံမွန္ဆိုရင္ ကီဗင္ ဒီဘ႐ိုင္းနားက အေကာင္းဆုံးကြင္းလယ္ကစားသမားလို႔ ကြၽန္ေတာ္တို႔ ေျပာၾကပါလိမ့္မယ္။ ပရီးမီးယားလိဂ္မွာတင္မဟုတ္ဘဲ ကမာၻေပၚမွာပါ အေကာင္းဆုံးပါ။ ဒါေပမယ့္ အခုအဲဒီေျပာရင္ သိပ္မမွန္ေတာ့ဘူး။ သူက သူ ကစားခ်င္တဲ့အတိုင္း ပြဲေတာ္ေတာ္မ်ားမ်ားမွာ မကစားႏိုင္ဘူးျဖစ္ေနတယ္။ ဒါေပမယ့္ ေအာ္ဒီဂြါဒ္ကေတာ့ အရမ္းေကာင္းတဲ့ကစားသမားေတြ ပိုင္ဆိုင္ထားတဲ့ ဒီလိုအရာေတြကို လုပ္ျပေနတယ္။ သူ ေဘာလုံးရသြားတဲ့အခ်ိန္မွာ အခ်ိန္ေတြေတာင္ ရပ္သြားသလိုမ်ိဳးပါပဲ။ ကစားသမားအမ်ားစုက ဒီကေန႔မွာ ေျပးလႊားၿပီး ကန္ၾကမွာပါ။ အထူးသျဖင့္ အဲဒီလို အေျခအေနမ်ိဳးမွာ ကြင္းလယ္ကစားသမားေတြ ကစားေနတာကို ကြၽန္ေတာ္တို႔ ျမင္ေနက်မဟုတ္ပါဘူး။ ဒါေပမယ့္ သူ ပိုင္ဆိုင္ထားတဲ့ ေအးေဆးတည္ၿငိမ္မႈနဲ႔ သူက ဘယ္ေျခနဲ႔အတူ ဂိုး ၄ ဂိုး၊ ၅ ဂိုးသြင္းယူထားတယ္။ သူက အသင္းေခါင္းေဆာင္ပါ။ သူက ဦးေဆာင္သူပါ။ ဟုတ္ပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ သူက နံပါတ္ ၁ ပါပဲ(ပရီးမီးယားလိဂ္မွာ)။ သူက ဒီအသင္းကို ဦးေဆာင္ေနတာပါ။ တျခား သူလုပ္ေနတဲ့အရာေတြလည္း ရွိၿပီး သူ ေဘာလုံးမရွိတဲ့အခ်ိန္မွာ ေဘာလုံးရေအာင္ ဖိအားေပးတာပဲ။ သူက ပထမဆုံးတစ္ေယာက္ျဖစ္ၿပီး ခံစစ္ရဲ႕ ေရွ႕ေျပးပါ။ သူက သြားၿပီး ေဘာလုံးရေအာင္ ဖိအားေပးၿပီး ႐ုတ္တရက္ဆိုသလိုပဲ ေဘာလုံးရသြားတယ္။ သူ အဲဒါကိုအရမ္းေကာင္းေကာင္းလုပ္ေနတာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေဂ်မီ ရက္နက္နဲ႔အတူ တင္ဆက္ေနတဲ့ ေဘာလုံးေဝဖန္သူ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း ဟက္ဆဲလ္ဘန႔္ခ္ကလည္း ေအာ္ဒီဂြါဒ္နဲ႔ပတ္သက္ၿပီး ခ်ီးက်ဴးေျပာဆိုမႈေတြ အျပည့္အဝ ျပဳလုပ္သြားခဲ့တာ ျဖစ္ပါတယ္။ “သူက ဒီဘ႐ိုင္းနားထက္ေတာင္ ကြဲျပားျခားနားတဲ့ကစားသမားပါ။ ဒါေပမယ့္ သူ႔မွာ အၿမဲတမ္း အေျဖရွိတယ္။ ခင္ဗ်ား သိလား။ သူ မွန္ကန္တဲ့အေျဖကို ရွာဖို႔ တင္းၾကပ္တဲ့ ေနရာလြတ္ထဲကို ဝင္လာတဲ့အခ်ိန္မွာ အရမ္းကို ေအးေဆးတည္ၿငိမ္မႈရွိတယ္။ သူက ဒီဘ႐ိုင္းနားေလာက္ ဂိုးဖန္တီးမႈေတြ မ်ားမ်ားစားစား မျပဳလုပ္ထားပါဘူး။ ဘာလို႔လဲဆိုေတာ့ သူက အဲဒီလို ကစားသမားမ်ိဳးမဟုတ္လို႔ပါ။ ဒါေပမယ့္ တျခားအရာေတြကို သူလုပ္ေနတယ္။ သူ အဲဒါေတြကို သပ္သပ္ရပ္ရပ္နဲ႔ အရမ္းေကာင္းေကာင္း လုပ္ေနပါတယ္။ သူ ကစားတာကို ၾကည့္ရတာက ဝမ္းေျမာက္စရာေကာင္းပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet