ဂန်းနားကြယ်ပွင့်ကမှ တစ်နှစ်တာအကောင်းဆုံးဆုရရမှာလို့ ဝန်ခံခဲ့တဲ့ ဟာလန်း coyg

ဂန်းနားကြယ်ပွင့်ကမှ တစ်နှစ်တာအကောင်းဆုံးဆုရရမှာလို့ ဝန်ခံခဲ့တဲ့ ဟာလန်း

အာလင်း ဟာလန်းက ပရီးမိးယားလိဂ်ဖလားပြိုင်ဘက် အာဆင်နယ်ကြယ်ပွင့် မာတင် အော်ဒီဂွါဒ်ကမှ FWA ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသင့်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးတိုက်စစ်မှူးဟာ အံ့အားသင့်ဖွယ်ရာသီကို ပိုင်ဆိုင်နိင်ခဲ့ပြီးနောက်ပိုင်း ကြာသပတေးနေ့ညနေမှာ ဘောလုံးကလောင်ရှင်များအဖွဲ့က နှစ်စဉ်ပေးအပ်တဲ့ ဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းဟာ မန်ချက်စတာစီးတီးကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ ၅၂ ဂိုးအထိ အံ့အားသင့်ဖွယ် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးတွေထဲက ၃၆ ဂိုးဟာ ပရီးမီးယားလိဂ်မှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အကောင်းဆုံးပုံစံမှာ ရှိနေတာကြောင့် သမိုင်းဝင် ဆုဖလား ၃ လုံးတပြိုင်နက်တည်း ဆွတ်ခူးနိုင်တော့မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၂ ပွဲကစားသွားဖို့ ရှိနေတာစြဖ်ပါတယ်။

နောက်ဆုံး တစ်ဦးချင်းဆုကို ရရှိခဲ့ပြီးနောက် အာလင်း ဟာလန်းက ၎င်းမဟုတ်ရင် ဆုရရှိဖို့ ထိုက်တန်တဲ့ ကစားသမားက ဘယ်သူလဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ၎င်းရဲ့ နော်ဝေလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် တခြားကစားသမားကို ရွေးချယ်ရမယ်ဆိုရင် ကျွန်တော့်ရဲ့ နော်ဝေသားသူငယ်ချင်းလို့ပဲ ပြောရပါလိမ့်မယ်။ အော်ဒီဂွါဒ်က တကယ်ကို ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီဆုကို အလွယ်တကူအနိုင်ရနိုင်တဲ့ အသင်းဖော်တွေလည်း ရှိပါတယ်။ ဘာလို့လဲဆိုတော့ မန်စီးတီးအသင်းမှာ ဒီရာသီ အရမ်း ထူးချွန်ခဲ့တဲ့ ကစားသမားတွေအများကြီးရှိနေတာမို့လို့ပါ”

“ခင်ဗျား ကျွန်တော်တို့ပွဲအားလုံးကို ကြည့်မယ်ဆိုရင် ခင်ဗျား တစ်ရာသီလုံး အရမ်း အားကောင်းခဲ့တဲ့ ရိုဒရီကို မြင်မှာပါ။ တစ်ခါတလေ သူက နည်းနည်း ပုံးလျှိုးကွယ်လျှိုးနေတတ်တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ သူက ကွင်းလယ်မှာနေပြီး အရာအားလုံးကို တစုတစည်းတည်းဖြစ်အောင် လုပ်ပေးရတဲ့သူဖြစ်နေလိုပါ။ ကျွန်တော် နာမည်တွေအများကြီးမပြောချင်ဘူး။ ဒါပေမယ့် ဒီဆုက အဲဒီထဲက တစ်ဦးနဲ့ ထိုက်တန်ခဲ့တာဖြစ်နိုင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

အော်ဒီဂွါဒ်ဟာ အာဆင်နယ်ကို မမျှော်လင့်ထားတဲ့ ဆုဖလားစိန်ခေါ်မှုပြုလုပ်နိုင်အောင် ကူညီပေးခဲ့ပြီးနောက် အလွန်ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး နော်ဝေကွင်းလယ်လူဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet