ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ ကစားသမားကို ထပ်ကမ်းလှမ်းမယ့် အာတီတာ
အာဆင်နယ်အသင်းဟာ အက်စတန် ဗီလာကွင်းလယ်ကစားသမား ဒေါက်ဂလပ် လူးဝိဇ်ကို ခေါ်ယူဖို့ မအောင်မြင်ခဲ့တာ ၁ နှစ်နီးပါးအကြာမှာ စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းလိုက်ပြီလို့ သိရပါတယ်။
အက်စတန် ဗီလာဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသက် ၂၅ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်ကစားသမားအတွက် အာဆင်နယ်အသင်းဆီကနေ ကမ်းလှမ်းမှု ၂ ကြိမ်စလုံးကို ငြင်းပယ်ခဲ့တာဖြစ်ပြီး ဒေါက်ဂလပ် လူးဝိဇ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။
အာတီတာက အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို အပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့မှာ ပေါင် ၂၃ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း အက်စတန် ဗီလာက လျင်လျင်မြန်မြန်ပဲ ငြင်းပယ်ခဲ့ပြီး အသင်းကို ချစ်မြတ်နိုးတယ်လို့ ပြောဆိုခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်ကစားသမားကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အသင်းက မန်ချက်စတာစီးတီးကြယ်ပွင့်ဟောင်းကို စိတ်ဝင်စားနေဆဲဖြစ်ပြီး ယခုနွေရာသီမှာ ကမ်းလှမ်းမှုအသစ် ပြုလုပ်ဖို့ စဉ်းစားသွားလိမ့်မယ်လို့ သိရပါတယ်။ ဂန်းနားတွေဟာ သောမတ်စ် ပါတေးရဲ့ အနာဂတ် မရေမရာဖြစ်နေတာကြောင့် ကွင်းလယ်ကစားသမားသစ် ရှာဖွေနေတာဖြစ်ပြီး ဂျူဗင်တပ်နဲ့ ဆော်ဒီ အာရေဗျကလပ်တွေက ဂါနာကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒီကလန် ရိုက်ကို ဝက်စ်ဟမ်းအသင်းကနေ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပေမယ့်လည်း ချာကာရဲ့ နေရာမှာ အစားထိုးခေါ်ယူခဲ့တာဖြစ်ပြီး အာတီတာအနေနဲ့ ပါတေးကို ဆက်နေစေချင်တယ်လို့ ယုံကြည်ရပါတယ်။
ဒါပေမယ့်လည်း ပါတေးသာ အသင်းကို စွန့်ခွာသွားမယ်ဆိုရင်တော့ မဖြစ်မနေ ကစားသမားသစ်ခေါ်ယူရမှာဖြစ်ပြီး The Sun ရဲ့ ဖော်ပြချက်အရ ဂန်းနားတွေဟာ ဒေါက်ဂလပ် လူးဝိဇ်ကို ယခုနွေရာသီမှာ ခေါ်ယူချင်နေပေမယ့် မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်နဲ့ အပြိုင်ခေါ်ရမှာဖြစ်တယ်လို့ သိရပါတယ်။
စပါးစ်ကလည်း အန်ဂီ ပိုစတီကိုဂလူကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဥရောပဝင်ခွင့်အတွက် စိတ်ပူစရာမလိုတဲ့ အသင်းတစ်သင်းကို တည်ဆောက်သွားချင်နေတာဖြစ်ပြီး ဂျိမ်းစ် မက်ဒီဆင်၊ ဗီကာရီယို၊ ဆော်လိုမွန်တို့ကို ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ဒေါက်ဂလပ် လူးဝိဇ်အတွက် အက်စတန် ဗီလာအသင်းက ပြောင်းရွှေ့ကြေး ဘယ်လောက်တောင်းမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့်လည်း ပြီးခဲ့တဲ့နွေရာသီတုန်းက အာဆင်နယ်ကမ်းလှမ်းခဲ့တဲ့ ပေါင် ၂၃ သန်းထက် တော်တော်လေးများပြားတဲ့ပမာဏဖြစ်မှာ သေချာပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News