ရာသီကြိုနဲ့ ကစားသမားသစ်တွေအပေါ် အကဲဖြတ်ခဲ့တဲ့ အာတီတာ အင်တာဗျူးမှာ ပြောခဲ့သမျှ
မိုနာကိုနဲ့ ယနေ့ညကစားရမယ့် အမ်းမရိတ်စ်ဖလားပွဲစဉ်မတိုင်ခင် အာတီတာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပရီးမီးယားလိဂ်ရာသီသစ် စဖို့ တဖြည်းဖြည်းနီးကပ်လာနေတာကြောင့် ရာသီကြိုနဲ့ လူစာရင်းကို အကဲဖြတ်မှုတွေပြုလုပ်ခဲ့ပါတယ်။
“အမေရိကားက ကျွန်တော်တို့ရဲ့ ရာသီကြိုခရီးစဉ်အတွင်း ရရှိခဲ့တဲ့ အားပေးမှုအဆင့်အတန်းက မယုံနိုင်စရာကောငး်ခဲ့ပါတယ်။ ကျွန်တော်တို့ အမ်းမရိတ်စ်ဖလားအတွက် မြောက်လန်ဒန်က ကျွန်တော်တို့ ပရိသတ်တွေရှေ့ကို ပြန်ရောက်လာရတာကိုလည်း အရမ်းစိတ်လှုပ်ရှားမိပါတယ်။”
”ကျွန်တော်တို့ ခရီးစဉ်က မြို့ ၃ မြို့ကို ခရီးတွေ ထွက်ခဲ့ရတာက စိန်ခေါ်မှုဖြစ်ခဲ့ပြီး ကျွန်တော်တို့ အရမ်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ခက်ခဲတဲ့ပွဲစဉ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒါက တကယ်ကို တန်ဖိုးရှိတဲ့အချိန်တွေ ဖြစ်ခဲ့တယ်။ သေချာကျကျနန ပြင်ဆင်ထားတဲ့ ခရီးစဉ်ဖြစ်ပြီး ကျွန်တော်တို့ လုပ်ခဲ့တာတွေက ကျွန်တော်တို့အတွက် တကယ်ကို အကျိုးရှိပါတယ်။ ကစားသမားတွေအနေနဲ့ အသင်းထဲမှာရှိနေတဲ့ ခွန်အားနဲ့ ယုံကြည်မှုကို မျက်မြင်တွေ့ခဲ့ရတာက အရမ်းကောင်းခဲ့ပါတယ်။ ကမ္ဘာတလွှားက ကျွန်တော်တို့ အသင်းကို လိုက်ပါအားပေးခဲ့တဲ့ ပရိသတ်တွေကလည်း အံ့မခန်းပါပဲ”
”ဒါက အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်မှာ တကယ်ကို တောင်းဆိုမှုများတဲ့ရာသီနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ဒါကို လိုအပ်ပါတယ်။ ပြက္ခဒိန်တစ်နှစ်ထဲမှာ မတူညီတဲ့ပြိုင်ပွဲ ၇ ခုမှာ ကစားခဲ့ရတဲ့ ကစားသမားတွေ လူစာရင်းထဲမှာရှိပြီး အဲဒီလိုမျိုး မကြားဖူးပါဘူး။ အဲဒီတော့ ကျွန်တော်တို့ ရာသီကြိုကို အသားကျအောင် လုပ်ခဲ့တယ်။ ကစားသမားအချို့ကို အကောင်းဆုံးအခြေအနေရအောင် အချိန်ကာလနဲ့ လုပ်အားနှုန်းကို ချိန်ဆခဲ့ရတယ်”
”အခု ကျွန်တော်တို့ အမ်းမရိတ်စ်ဖလားနဲ့ ကွန်မြူနတီဒိုင်း ကစားရမယ့် အချိန်အပိုင်းအခြားထဲမှာရှိနေပါပြီ။ ကျွန်တော်တို့ လန်းဆန်းအောင် လုပ်ဖို့လိုအပ်တဲ့အချိန်အပိုင်းအခြားပါ။ ကျွန်တော်တို့ လာမယ့်ရက်အနည်းငယ်အတွင်း ပရီးမီးယားလိဂ်ရာသီသစ်မစတင်ခင်မှာ ဟန်ချက်ညီမှုကို ရှာတွေ့အောင် လုပ်ရမှာပါ”
”ဒီနှစ်လူစာရင်းထဲမှာလည်း မျက်နှာသစ်အချို့လည်း ရှိပြီး အပြောင်းအရွှေ့စျေးကွက်ထဲမှာ ဒီလိုကစားသမားခေါ်ယူမှုတွေကို စောစောခေါ်ယူနိုင်ခဲ့တာ ကျွန်တော် အရမ်းဝမ်းသာတယ်။ အဲဒါကြောင့် သူတို့နဲ့အတူ အလုပ်လုပ်နိုင်ခဲ့တာပါ”
”ကစားသမားတွေဆီကနေ ကျွန်တော်တို့ ကြားခဲ့ရတဲ့ တုံ့ပြန်မှုက သူတို့တွေက ဒီမှာ ရှိနေခဲ့တာ နှစ်အတော်ကြာနေသလိုမျိုး ခံစားရတယ်တဲ့။ ဒါက ဒီက ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ခင်ဗျားကို အများကြီး ပြောပြနေပါတယ်။ ဘယ်လောက်အထိ ကြိုဆိုမှုရှိလဲ၊ ဒီမှာရှိတဲ့လူတွေအားလုံးက ဘယ်လောက်အထိ အေးအေးဆေးဆေးရှိလဲ။ ခင်ဗျားကို ဒီဟာရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ခံစားရအောင်နဲ့ အာဆင်နယ်မိသားစုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ချက်ချင်းခံစားရအောင် လုပ်ပေးနိုင်တယ်ဆိုတာကို ပြောပြနေတာပါ”
”သူတို့ထဲက အချို့အတွက်ကတော့ ကြီးမားတဲ့အပြောင်းအလဲဖြစ်ခဲ့မှာ သေချာပါတယ်။ သူတို့တွေ အသားကျနေတဲ့ ပုံစံ၊ တောင်းဆိုမှု၊ မျှော်မှန်းချက်တွေနဲ့ မတူညီတော့ပါဘူး။ ကျွန်တော်တို့ အဲဒါကို သိရှိပြီး သူတို့ကို မှန်ကန်တဲ့ပုံစံနဲ့ ဆက်ဆံနေပါတယ်”
”အဲဒီတော့ ကျွန်တော်တို့ ဒီလိုကစားသမားတွေကို အချိန်အချို့ ပေးရမှာဖြစ်ပြီး သူတို့ကိုယ်ကို ဖော်ပြဖို့အတွက် နေရာတစ်ခုရှိတယ်ဆိုတာကို သေချာသိအောင် အချိန်ပေးရမှာပါ။ ပြီးရင်တော့ သူတို့ဆီကနေ ကျွန်တော်တို့ လိုချင်တဲ့အဆင့်အတန်းတစ်ခု ရမှာပါ။ ဒါက ကစားသမားသစ်တွေကို အသင်းနဲ့ တစ်သားတည်းဖြစ်အောင် ကူညီရာမှာ အမြဲတမ်း အရေးကြီးပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Manager's Talk