ဘာစီလိုနာနဲ့ပွဲအပြီး အင်တာဗျူးမှာ အာတီတာ ပြောခဲ့သမျှ 1024 576 coyg

ဘာစီလိုနာနဲ့ပွဲအပြီး အင်တာဗျူးမှာ အာတီတာ ပြောခဲ့သမျှ

အာဆင်နယ်နည်းပြ အာတီတာဟာ ဘာစီလိုနာအသင်းကို လော့စ်အိန်ဂျလိစ်မှာ ၅-၃ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေသိချင်တဲ့ မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။

မေး- ဒီညမှာ ရုပ်ပိုင်းဆိုင်ရာပိုင်း ယှဉ်ပြိုင်ဖို့ လိုအပ်ခဲ့လား။

ဖြေ- ချစ်ကြည်ရေးခြေစမ်းပွဲအတွက်ဆိုရင်တော့ တကယ်ကို ယှဉ်ပြိုင်မှုရှိခဲ့တယ်။ ပထမဆုံး ဖျက်ထုတ်မှုအပြီးမှာ ပထမဆုံးသွင်းဂိုးအပြီးမှာ အဲဒီပုံစံဖြစ်ခဲ့တယ်။ ပရိသတ် ၇ သောင်းရှေ့မှာ ကစားရတာက အငွေ့အသက်တစ်ခုကို ဖန်တီးဖို့ အကူအညီဖြစ်စေတယ်။ သူတို့တွေက ထိပ်တန်းကစားသမားတွေဖြစ်ပြီး သူတို့အားလုံးက အနိုင်လိုချင်ကြပါတယ်။ ဒါပေမယ့် အဆုံးမှာ ခြေစမ်းပွဲအတွက်ဆိုရင်တော့ အရမ်းများလွန်းတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ လာကြည့်တဲ့ပရိသတ်တွေအားလုံးအတွက် တန်အောင် အားကုန်စိုက်ထုတ်ခဲ့ကြတာတော့ တကယ်ကောင်းပါတယ်။

မေး- ဘာလိုဂန်က ဒီညလည်း မပါဘူးနော်။ သူ့ရဲ့ အခန်းကဏ္ဍက ဒီရာသီမှာ ရှိရဲ့လား။

ဖြေ- သူက ပါဝင်ကစားပေးလို့မရနိုင်တဲ့အခြေအနေပါ။ သူ့မှာ ခြေထောက်ဒဏ်ရာနည်းနည်းရှိပြီး ကျွန်တော်တို့နဲ့ လေ့ကျင့်ရေးမဆင်းနိုင်ခဲ့ပါဘူး။

မေး- သူ့မှာ အနာဂတ်ရောရှိလို့လား။

ဖြေ- ကျွန်တော်တို့ ကြည့်တာပေါ့ ။ပထမဆုံးအနေနဲ့ သူ ကြံ့ခိုင်မှုရှိဖို့လိုပြီး ပွဲကစားချိန်ရဖို့လိုတယ်။

မေး- ဒီပွဲက ဒီရာသီမှာ အာဆင်နယ်ကို ပရိသတ်တွေ မျှော်လင့်လို့ရနိုင်တဲ့အသင်းပုံစံမျိုးလား။

ဖြေ- ဟုတ်ပါတယ်။ ဒါက ကျွန်တော်တို့ ကစားချင်တဲ့ပုံစံပါ။ ကျွန်တော်တို့ ပြိုင်ဘက်တွေကို ချောချောမွေ့မွေ့ကစားသွားချင်တယ်။ ကျွန်တော်တို့ ကစားနိုင်တဲ့ပွဲကို ကစားသွားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်ကွင်းပဲသွားသွား ဒီလိုကစားသွားမှာပါ။ ကျွန်တော်တို့ ဘယ်ပွဲမှာပဲဖြစ်ဖြစ် ဒီလိုပုံစံအတိုင်းပဲ ကစားမှာပါ။

မေး- ဇာဗီက ဒီပွဲရဲ့ ပြင်းထန်မှုကို အံ့ဩမိခဲ့တယ်လို့ ပြောသွားတယ်။ ခင်ဗျားရော ဘယ်လိုထင်လဲ။

ဖြေ- အဆုံးမှာတော့ ဘောလုံးက ကစားသမားတွေနဲ့ပဲ သက်ဆိုင်တယ်။ ကျွန်တော်တို့ ပရိသတ် ၇ သောင်းရှေ့မှာ ကစားနေတာဖြစ်ပြီး ပွဲစတာနဲ့ သူတို့တွေ နည်းပြတွေနဲ့ ဆန့်ကျင်ပုန်ကန်ပြီး သူတို့လုပ်ချင်တာကို လုပ်ကြပါလိမ့်မယ်။သူတို့ဘက်က စခဲ့တဲ့ ပထမဆုံး ပြစ်ဒဏ်ကျူးလွန်မှုက ပွဲကို ပြင်းထန်စေခဲ့ပြီး သူတို့တွေ အဲဒီလို စပြီး ကစားလာတာပါ။

မေး- စီးတီးနဲ့ ယှဉ်နိုင်ဖို့ သွင်းဂိုးတွေ မျှဝေလို့ ရနိုင်မလား။

ဖြေ- ကျွန်တော် မသိဘူး။ ကျွန်တော်တို့ တတ်နိုင်သမျှ ဂိုးများများ သွင်းဖို့လိုပြီး ကျွန်တော်တို့မှာ ဂိုး ၂၅ ဂိုး၊ ၃၀၊ ၄၀ လောက် သွင်းနိုင်တဲ့သူရှိရင် ကောင်းတာပေ့ါ။ ဂါဘီ(ဂျေးဇု)က ဒီနေ့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ လပေါင်းများစွာမြင်တွေ့ခဲ့တဲ့ အကောင်းဆုံးဂါဘီပါ။ ခွန်အား၊ ယုံကြည်မှုတွေကို အသင်းဖော်တွေဆီ လွှင့်ထုတ်ပေးပါတယ်။ သူက ကစဉ့်ကလျားဖြစ်မှုတွေ အများအပြားကို ဖန်တီးပေးပါတယ်။ ကောင်းမွန်တဲ့အခိုက်အတန့်တွေအများကြီးနဲ့ အားလုံးကို ပိုပြီးကောင်းမွန်လာစေပါတယ်။ ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး တကယ်စိတ်ကျေနပ်မိပြီး ခိုင်ရဲ့ ဂိုးပါဝင်ပတ်သက်မှုကိုရောပါပဲ။ သူ့မှာက အရည်အချင်းရှိတယ်။ အဲဒါကြောင့်ပဲ သူ လီယိုနဲ့ အဲဒီနေရာမှာ ကစားရတာပါ။ ကျွန်တော်တို့ တိုက်စစ်မှာ ရွေးစရာတွေအများကြီးရှိတယ်။ သူတို့တွေ အချင်းချင်းကြားမှာ ကျွန်တော့်ကို ရွေးရခက်အောင် လုပ်ဖို့ ယှဉ်ပြိုင်မှုတွေ ရှိလာတော့မှာပါ။

မေး- ရိုက်က ဒီည မပါဘူး။ သူ အဆင်ပြေလား။ ဇင်ချန်ကိုကရာသီအစမှာ ပြန်လာနိုင်မယ်ထင်လား။

ဖြေ- ဒီကလန်က လေ့ကျင့်ရေးမှာ အားကောင်းတဲ့ကန်ချက်တွေ တော်တော်လေး လုပ်ခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ အရဲစွန့် မသုံးချင်ခဲ့ဘူး။ သူက မနေ့က တကယ့်ကို သက်တောင့်သက်သာမဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ လေ့ကျင့်ရေးမဆင်းခိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲလက်စ်ကျတော့ ကြွက်သားပြဿနာနည်းနည်းရှိတယ်။ သူ မကြာခင်ပြန်လာမယ်လို့ ကျွန်တေ်ာ ထင်တယ်။ ဒါပေမယ့် သူ ရာသီကြိုခရီးစဉ်တစ်ခုလုံး ကျွန်တော်တို့နဲ့ အတူတူမရှိနေခဲ့တာက နှမြောစရာကောင်းပါတယ်။

မေး- ဒီည ထရော့ဆာ့ဒ်နဲ့ပတ်သက်ပြီး ခင်ဗျား ဘာပြောချင်လဲ။

ဖြေ- သူ ဂိုးသွင်းယူတာ မြင်ရတာ အရမ်းကောင်းပါတယ်။ သူက အရမ်းပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ပြီး ရာသီကြိုအတွက် တကယ်ကောင်းမွန်တဲ့အခြေအနေနဲ့ ရောက်လာခဲ့ပါတယ်။ သူက ကျွန်တော်တို့မှာ ရှိနေတဲ့ တခြားတောင်ပံကစားသမားတွေနဲ့ အရမ်းကွာခြားတဲ့အရာကို ပေးနေပြီး သူ့မှာ မယုံနိုင်စရာကောင်းတဲ့ နေရာစုံကစားနိုင်စွမ်းနဲ့ ခန့်မှန်းဖို့ ခက်ခဲခြင်းနဲ့အတူ မတူညီတဲ့နေရာတွေမှာ ကစားနိုင်ပါတယ်။ ဂိုးတွေ သွင်းယူနိုင်တာက သူ့ရဲ့ ယုံကြည်ချက်အတွက် ကောင်းမွန်တာတော့ သေချာပါတယ်။

Arsenal Myanmar

Ref: Internet