ဆောက်ဟမ်တန်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲက နည်းပြ အာတေတာရဲ့ စကားသံများ
မနက်ဖြန် သောကြာနေ့မှာ ဆောက်ဟမ်တန်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲက နည်းပြ အာတေတာရဲ့ စကားသံတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ဒဏ်ရာအခြေအနေ
” ဆာလီဘာကို ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ရပါဦးမယ်။ ကျွန်တော်တို့ မျှော်လင့်ထားသလိုမျိုး သူ့ရဲ့ဒဏ်ရာက လျင်လျင်မြန်မြန် မသက်သာလာဘူး။ ဒဏ်ရာအခြေအနေက သိမ်မွေ့ပါတယ်။ ကျွန်တော်တို့တွေ သေချာမှ ရပါမယ်။ သူကတော့ စွန့်စားချင်ပေမယ့် လတ်တလောမှာတော့ မဖြစ်နိုင်ပါဘူး။ ”
” (ဆာလီဘာရဲ့ ဒီရာသီက အဆုံးသတ်သွားပြီလား) အဲဒါလည်း ကျွန်တော် မသိသေးပါဘူး။ ပြောဖို့ရာ စောပါသေးတယ်။ နောက်တပတ်မှာတော့ ကျွန်တော်တို့တွေ ပိုပြီး တိတိကျကျ သိရနိုင်ပါတယ်။ တိုးတက်မှုအချို့တော့ ရှိနေတယ်။ လေ့ကျင့်ခန်းအချို့ လုပ်နိုင်နေပြီဖြစ်ပေမယ့် ကွင်းထက်ကို ပြန်လာနိုင်တဲ့အဆင့်ထိတော့ သူ မရောက်သေးပါဘူး။ ”
” ဇင်ချင်ကိုရဲ့ ဒဏ်ရာကလည်း စောင့်ကြည့်ရဦးမှာပါ။ ကြွက်သားဒဏ်ရာဆိုတာဟာ ပြန်လည်သက်သာလာဖို့ရာ အချိန်တခု ယူရပါတယ်။ သူဟာ အဲဒီလောက်အထိ မသက်သာသေးပါဘူး။ ”
ဝက်စ်ဟမ်းပွဲမှာ ပယ်နယ်တီလွဲခဲ့တဲ့ ဆာကာကို အဓိက ကန်သွင်းသူအဖြစ် သတ်မှတ်ထားသေးလား
” ဒါပေါ့။ မဟုတ်ရင် ကျွန်တော် ကွင်းထဲထိဝင်ပြီး သူ့ဆီ ဘောလုံးပစ်ပေးလိုက်မှာပါ။ နောက်ပယ်နယ်တီတွေကိုလည်း သူပဲ ကန်ရမှာ ဖြစ်ပါတယ်။ ”
မစ်လန်းနိုင်းစ်ရဲ့ အနာဂတ်
” သူဟာ အသင်းအတွက် အရေးပါသူ ဖြစ်ခဲ့ပါတယ်။ နေရာစုံမှာ တကယ်ကိုပဲ အသားတကျ ကစားနိုင်တဲ့ ကစားသမားပါ။ ဒါပေမယ့်လည်း အချို့ အကြောင်းပြချက်တွေ၊ အချို့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ၊ အချို့ ပရိုဖက်ရှင်နယ်တွေကြောင့် သူ့ အခြေအနေတွေက ပြောင်းလဲခဲ့တယ်။ အကောင်းဆုံး ဖြစ်မယ့် နည်းလမ်းကို ရွေးနိုင်ဖို့ ကျွန်တော်တို့တွေ ရာသီကုန်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ”
ကစားသမားတွေဟာ စိတ်ခံချက်တွေ လွန်ကဲနေကြတယ်ဆိုတဲ့ ဂန္ထဝင် အွန်နရီရဲ့ မှတ်ချက်စကားအပေါ်
” ဒါဟာ ထင်မြက်ချက်တခု ဖြစ်ပါတယ်။ ”
မနက်ဖြန်ပွဲနဲ့ ပတ်သက်လို့
” ကျွန်တော်တို့အသင်း ဘောလုံးထိလိုက်တိုင်း ပရိသတ်တွေက အားပေးနေတာမျိုးကို လိုချင်ပါတယ်။ အရင်က ကွင်းလုံးပြည့် အားပေးခဲ့ကြတဲ့ အငွေ့အသက်တွေနဲ့ တူညီတဲ့ ခံစားချက်မျိုးနဲ့ပေါ့။ ပရိသတ်တွေဟာ ကစားသမားတွေအတွက် ခွန်အား ဖြစ်တယ်။ အားလုံးဟာ အသင်းကို အပြုသဘောဆန်ဆန်နဲ့ တွန်အားပေးကြတယ်။ ”
” သောကြာညမှာလည်း ဒါဟာ လျှပ်စစ်လို ဓာတ်ကူးသွားနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အဲဒီအတွက် တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိတဲ့အတိုင်းပဲ ရှေ့ဆက်သွားနိုင်ဖို့က အကောင်းဆုံးလမ်းပါပဲ။ မနက်ဖြန်မှာ ပရိသတ်တွေနဲ့အတူ ထိချက်တိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်။ အံ့မခန်း အငွေ့အသက်တခုကို ဖန်တီးပြီး နိုင်ပွဲကို ပုံဖော်သွားမယ်။ ကျွန်တော့် ကစားသမားတွေဟာလည်း မနက်ဖြန်အတွက် အသင့်ဖြစ်နေပါပြီ။ ”
Ref : Football London
- Posted In:
- Manager's Talk