ဆာလီဘာရဲ့ ဒဏ်ရာ၊ ဂျေးဇုရဲ့ ကြံ့ခိုင်မှုအကြောင်း၊ အော်ဒီဂွါဒ်ကို ရိုဒရီ ဖျက်ထုတ်မှုတွေအကြောင်း ပြောလာတဲ့ နည်းပြ အာတေတာ 150 150 mgsaw

ဆာလီဘာရဲ့ ဒဏ်ရာ၊ ဂျေးဇုရဲ့ ကြံ့ခိုင်မှုအကြောင်း၊ အော်ဒီဂွါဒ်ကို ရိုဒရီ ဖျက်ထုတ်မှုတွေအကြောင်း ပြောလာတဲ့ နည်းပြ အာတေတာ

နည်းပြ အာတေတာကတော့ လိဒ်ယူနိုက်တက်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီမှာ အာဆင်နယ်အသင်းရဲ့ ဒဏ်ရာအခြေအနေတွေနဲ့ လတ်တလော ဖြတ်သန်းမှုတွေအကြောင်းကို အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

ဆာလီဘာရဲ့ ဒဏ်ရာ အခြေအနေ

” သူ့ရဲ့ ဒဏ်ရာအခြေအနေကတော့ တိုးတက်နေပါတယ်။ ဒါပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ မသက်သာသေးပါဘူး။ ဒါကြောင့် လိဒ်ယူနိုက်တက်အသင်းနဲ့ပွဲမှာ သူ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ”

ဒီရာသီမကုန်ခင်မှာ ဆာလီဘာအနေနဲ့ အာဆင်နယ်အသင်းအတွက် ပြန်ကစားပေးနိုင်မယ်လို့ သူ အများကြီး မျှော်လင့်ထားတယ်လို့လည်း နည်းပြ အာတေတာက ဆိုသွားခဲ့ပါသေးတယ်။ လီဗာပူးလ်ပွဲအမီ ပါနိုင်မှာလား …

ဂျေးဇုရဲ့ ကြံ့ခိုင်မှု

” သူကတော့ (၁၀၀) ရာခိုင်နှုန်းပြည့် ကြံ့ခိုင်မှုပြန်ရဖို့ နီးစပ်နေပါပြီ။ ဒီအတွက် သူ နည်းနည်းလေး အသင့်မဖြစ်သေးဘူးလို့ မြင်ကောင်းမြင်နိုင်လိမ့်မယ်။ ဒါပေမယ့်လည်း လေ့ကျင့်ရေးကွင်းမှာ သူ ရာနှုန်းပြည့်နီးပါး စွမ်းဆောင်နေနိုင်ပါပြီ။ ”

အော်ဒီဂွါဒ်ကို ရိုဒရီရဲ့ ဖြတ်ထုတ်မှု

” ဒါတွေက ဘောလုံးမှာ ဖြစ်တတ်ပါတယ်။”

Ref : Charles Watts