ခိုင် ဟာဗတ်ဇ်ကို ဘယ်နေရာထားကစားသင့်လဲဆိုတာ အကြံပေးလိုက်တဲ့ အီယန် ရိုက်
အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး အီယန် ရိုက်က ခိုင် ဟာဗတ်ဇ်အနေနဲ့ ယခုရာသီမှာ အာဆင်နယ်အတွက် ဘယ်နေရာမှာ ကစားပေးသင့်လဲဆိုတာကို အကြံပေးခဲ့ပြီး ဂန်းနားတွေရဲ့ ရာသီစတင်မှုနဲ့ပတ်သက်ပြီး အင်္ဂလန်ဂန္တဝင်က အလွန်ကျေနပ်နေတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ကွန်မြူနတီဒိုင်းလုပွဲမှာ မန်ချက်စတာစီးတီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ရာသီအဖွင့်ပွဲစဉ်အဖြစ် နော်တင်ဟမ် ဖောရက်စ်ကို ၂-၁ နဲ့ အမ်းမရိတ်စ်မှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂ ပွဲစလုံးမှာ အာတီတာက ခိုင် ဟာဗတ်ဇ်ကို မတူညီတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားစေခဲ့တာဖြစ်ပြီး ကွန်မြူနတီဒိုင်းလုပွဲမှာ အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့ပေမယ့်လည်း ပြီးခဲ့တဲစနေနေ့ပွဲစဉ်မှာတော့ ကွင်းလယ်ကနေ ကစားစေခဲ့တာဖြစ်ပါတယ်။
အီယန် ရိုက်က လက်ရှိမှာတော့ ခိုင် ဟာဗတ်ဇ်အနေနဲ့ အာဆင်နယ်အတွက် ပုံမှန်ကစားပေးရမယ့် နေရာကို ပြောပြခဲ့တာဖြစ်ပြီး အာတီတာရဲ့ အကြံအစည်နဲ့ တူညီနေမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
“ထပ်ပြောရဦးမှာပေါ့။ သူနဲ့ပတ်သက်ပြီး ဒါရင်း ဘန့်တ်ရေ ခင်ဗျား ကျွန်တော်တို့ သူ့ကို တိုက်စစ်မှာ ထားကစားတာလည်း မြင်ခဲ့ပြီးပြီ။ ကွင်းလယ်ကို ဆင်းကစားခိုင်းတာလည်း မြင်ခဲ့ရပြီးပြီ။ ခိုင် ဟာဗတ်ဇ်လို ကစားသမားမျိုးနဲ့အတူ သောမတ်စ် ပါတေးက အတူတူ ကစားပြီး ကျောနံပါတ် ၈ နှစ်ဦးကစားနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ခင်ဗျား တကယ်လို့ တစ်ယောက်တည်းသုံးချင်ရင် ခိုင် ဟာဗတ်ဇ်ကို သုံးနိုင်တယ်။ ဒီကလန် ရိုက်တစ်ယောက်တည်းလည်း သုံးချင်သုံးနိုင်တယ်။ အဲဒီတော့ ခင်ဗျား သူ့ကို နည်းနည်း နောက်ပိုဆင်းကစားခိုင်းနိုင်တယ်။ ဒါမှမဟုတ် ခင်ဗျား သူ့ကို နည်းနည်း တိုက်စစ်လိုက်ပါတဲ့ အခန်းကဏ္ဍကနေလည်း ကစားခိုင်းနိုင်တယ်။ ကျွန်တော်တို့ သူ့ကို ကျောနံပါတ် ၉ အဖြစ် မလိုအပ်ဘူးဆိုတာ သိသာပါတယ်။ ဒါပေမယ့် သူက ပင်နယ်တီဧရိယာထဲကို ထိုးဖောက်နိုင်တဲ့သူဆိုတာ ကျွန်တော် သိတယ်။ သူက အသင်းတွေနဲ့ ကျွန်တော်တို့အတွက် ပြဿနာတွေ အများကြီး ဖြစ်စေလိမ့်မယ်လို့ ကျွန်တော် ယုံတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အီယန် ရိုက်က ဟာဗတ်ဇ်အနေနဲ့ တိုက်စစ်ဧရိယာတွေမှာ ပြဿနာတွေ ပိုပြီး ဖန်တီးနိုင်ဖို့အတွက် နောက်နည်းနည်းရောက်တဲ့ နေရာမှာ ကစားသင့်တယ်လို့ ယုံကြည်နေတာဖြစ်ပြီး ဂျာမန်ကြယ်ပွင့်က ၎င်းရဲ့ အရှေ့မှာ အသင်းဖော်တစ်ယောက်လောက် အနည်းဆုံးရှိနေရင် ကစားရတာ ပိုပြီးပျော်ရွှင်ပုံပေါ်တာတော့ အမှန်ပဲဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Legends' Talk
- Team News