အာတီတာကို ပက်အသေးစားလို့ သတ်မှတ်ခဲ့တဲ့ သီယာရီ အွန်နရီ
အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက ဂန်းနားနည်းပြ မီခေးလ် အာတီတာဟာ ပက် ဂွါဒီယိုလာအသေးစားလို့ ပြောကြားခဲ့ပြီး ၎င်းရဲ့အသင်းဟောင်းရဲ့ နည်းဗျူဟာပိုင်းကို ပြောင်းလဲပေးခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။
ပြင်သစ်ဂန္တဝင်တိုက်စစ်မှူးဟာ ဘောလုံးဝေဖန်သုံးသပ်သူဖြစ်လာတဲ့အချိန်ကတည်းက ဂန်းနားတွေနဲ့ပတ်သက်ပြီး အမြဲတမ်း အပြုသဘောနဲ့ ဝေဖန်လေ့ရှိပေမယ့်လည်း ဒီကနေ့ အာတီတာရဲ့ အာဆင်နယ်စီမံကိန်းကိုတော့ အကောင်းမြင်ပုံပေါ်ပါတယ်။
အွန်နရီဟာ အသင်းဖော်ဟောင်းဖြစ်တဲ့ ဒေးဗစ် ဆီးမန်းနဲ့အတူ Podcast မှာ စကားပြောဆိုခဲ့တာဖြစ်ပြီးလက်ရှိမန်စီးတီးနည်းပြနဲ့ အာဆင်နယ်နည်းပြတို့ကြားမှာ တူတဲ့အရာတွေရှိလားလို့ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။
အွန်နရီဟာ အာဆင်နယ်ကို ကာလတို အငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့ကစားခဲ့တဲ့အချိန်တုန်းက အာတီတာနဲ့ အသင်းဖော်တွေဖြစ်ခဲ့ဖူးပြီး ၂၀၀၈ ခုနှစ်ကနေ ၂၀၁၀ အထိ ဂွါဒီယိုလာလက်အောက် ဘာစီလိုနာအတွက် ကစားပေးခဲ့သူဖြစ်ပါတယ်။
“သူက ပက်အသေးစားလိုပဲ။ ကျွန်တော် ပျော်ရွှင်မိတယ်။ သူက ပက်နဲ့ မတူဘူးလို့ ကျွန်တော် ပြောမှာမဟုတ်ပါဘူး။ သူက တူပါတယ်။ သူက ပက် အသေးစားလို့ ကျွန်တော် ပြောတဲ့အချိန်မှာ သူက သူ့ပုံစံနဲ့သူ လုပ်နေတယ်လို့ ပြောမှာပါ။ ခင်ဗျား မြင်တဲ့အတိုင်းပဲ သူက အချို့နေရာတွေမှာ ပက်နဲ့ အရမ်းကွာခြားပါတယ်။ ဒါပေမယ့် နည်းဗျူဟာပိုင်းကတော့ အတူတူပါပဲ။ သူ့အမူအရာ၊ သူ သတင်းမီဒီယာတွေနဲ့ စကားပြောတဲ့ပုံစံက အရမ်းကောင်းတယ်။ ကျွန်တော် သူ့ သဘောထားကို နှစ်သက်တယ်။ သူ့ရဲ့ အပြုအမူကို နှစ်သက်တယ်။ သူ့ကို နည်းပြတစ်ယောက်အနေနဲ့ နှစ်သက်တယ်။ သူ့ကို နည်းပြတစ်ယောက်အဖြစ်နဲ့ သူတို့တွေ ယုံကြည်မှုရှိတာကို နှစ်သက်တယ်။ အဲဒီတော့ အခုပျောက်ဆုံးနေတဲ့တစ်ခုတည်းသောအရာက ဆုဖလားတွေ အနိုင်ရဖို့ပဲဆိုတာ သိသာပါတယ်။”
အွန်နရီက ပက်နဲ့ အာတီတာတို့မှာ ဘယ်လိုမျိုး တူညီတဲ့ နည်းဗျူဟာပိုင်း ဖလော်ဆော်ဖီတွေရှိလဲဆိုတာကို ဆက်လက်ဆွေးနွေးခဲ့ပြီး ဂန်းနားတွေရဲ့ တည်ဆောက်ပုံကို ချိုးဖျက်ပြီး အာတီတာက ကစားသမားအချို့ရဲ့ ခံယူချက်ကို ပြောင်းလဲနိုင်ဖို့ ဘယ်လို ကူညီပေးခဲ့လဲဆိုတာ ထဲထဲဝင်ဝင် ရှင်းပြခဲ့ပါတယ်။
“နောက်ခံတောင်ပံကစားသမားက အတွင်းကို ဝင်တယ်။ တောင်ပံကစားသမားတွေက ရှေ့တက်ပြီး တောင်ပံထွက်ကစားသမားတယ်။ မနှစ်က ဂရာနစ် ချာကာက ပြောင်းလဲသွားတယ်နော်ဆိုပြီး သူတို့တွေ ဖြစ်သွားတုန်းက လူတွေက ကျွန်တော့်ကို ရယ်ရအောင် လုပ်တယ်။ ဟုတ်ပါတယ်။ ပြောင်းလဲသွားတာသိသာပါတယ်။ သူက ခံစစ်ရဲ့အရှေ့မှာမဟုတ်တော့ဘူးဆိုတော့ အမှားနည်းသွားတာပေါ့။ ဘောလုံး မကြာခဏ မဆုံးရှုံးတော့ဘူး။ အိုး သူ ဂိုးတွေလည်း ပိုသွင်းလာနိုင်တယ်နော်တဲ့။ အင်း ဟုတ်ပါတယ်။ သူက ရှေ့ပိုတက်ကစားနေတာကိုး။ ခင်ဗျား သိပါတယ်။ အိုး ပါတေးကလည်း အခု ကစားသမားကောင်းဖြစ်နေပြီတဲ့။ အင်း တန်ပြန်တိုက်စစ်ကို တစ်ယောက်တည်း တားဆီးဖို့ ကြိုးပမ်းမယ့်အစား သူ့မှာ ဘယ်နဲ့ ညာမှာ နောက်ခံတောင်ပံလူတွေ ရှိနေတာကိုး။အခု သူ့ရှေ့မှာရှိတဲ့ဟာကိုပဲ သူ အာရုံစိုက်နိုင်နေပြီကိုး”လို့ ပြောကြားခဲ့ပါတယ်။
အွန်နရီက ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ အာဆင်နယ်ရဲ့ ဆုဖလားစိန်ခေါ်မှု ရှုံးနိမ့်ခဲ့ရတဲ့ပုံစံက ဂန်းနားတွေ ပြုလုပ်နိုင်ခဲ့တဲ့ တိုးတက်မှုအပေါ် လူတွေရဲ့ ခံယူချက်ကို ဖုံးကွယ်ထားခဲ့ပေမယ့် အာတီတာရဲ့ နည်းဗျူဟာတွေက ပြဿနာမဟုတ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။
“ခင်ဗျားက ဘောလုံးရနေတဲ့အချိန်မှာ တန်ပြန်တိုက်စစ်ဆင်တာမခံချင်ဘူးဆိုရင် ဘောလုံးပိုင်ဆိုင်မှုကို ထိန်းသိမ်းနိုင်စေမယ့် စနစ်ရှိရမှာပါ။ အဲဒါက ပြီးဆုံးသွားခဲ့ပြီဆိုတာ သိသာပါတယ်။ ပြီးတာက ပြီးပြီ။ ဒါပေမယ့် ဟုတ်ပါတယ်။ တူညီမှုတွေက အများကြီးရှိပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဂႏၲဝင္တိုက္စစ္မႉး သီယာရီ အြန္နရီက ဂန္းနားနည္းျပ မီေခးလ္ အာတီတာဟာ ပက္ ဂြါဒီယိုလာအေသးစားလို႔ ေျပာၾကားခဲ့ၿပီး ၎ရဲ႕အသင္းေဟာင္းရဲ႕ နည္းဗ်ဴဟာပိုင္းကို ေျပာင္းလဲေပးခဲ့တဲ့အေၾကာင္းကို ေျပာျပခဲ့ပါတယ္။
ျပင္သစ္ဂႏၲဝင္တိုက္စစ္မႉးဟာ ေဘာလုံးေဝဖန္သုံးသပ္သူျဖစ္လာတဲ့အခ်ိန္ကတည္းက ဂန္းနားေတြနဲ႔ပတ္သက္ၿပီး အၿမဲတမ္း အျပဳသေဘာနဲ႔ ေဝဖန္ေလ့ရွိေပမယ့္လည္း ဒီကေန႔ အာတီတာရဲ႕ အာဆင္နယ္စီမံကိန္းကိုေတာ့ အေကာင္းျမင္ပုံေပၚပါတယ္။
အြန္နရီဟာ အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ေဒးဗစ္ ဆီးမန္းနဲ႔အတူ Podcast မွာ စကားေျပာဆိုခဲ့တာျဖစ္ၿပီးလက္ရွိမန္စီးတီးနည္းျပနဲ႔ အာဆင္နယ္နည္းျပတို႔ၾကားမွာ တူတဲ့အရာေတြရွိလားလို႔ ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။
အြန္နရီဟာ အာဆင္နယ္ကို ကာလတို အငွားစာခ်ဳပ္နဲ႔ ျပန္လည္ေျပာင္းေ႐ႊ႕ကစားခဲ့တဲ့အခ်ိန္တုန္းက အာတီတာနဲ႔ အသင္းေဖာ္ေတြျဖစ္ခဲ့ဖူးၿပီး ၂၀၀၈ ခုႏွစ္ကေန ၂၀၁၀ အထိ ဂြါဒီယိုလာလက္ေအာက္ ဘာစီလိုနာအတြက္ ကစားေပးခဲ့သူျဖစ္ပါတယ္။
“သူက ပက္အေသးစားလိုပဲ။ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိတယ္။ သူက ပက္နဲ႔ မတူဘူးလို႔ ကြၽန္ေတာ္ ေျပာမွာမဟုတ္ပါဘူး။ သူက တူပါတယ္။ သူက ပက္ အေသးစားလို႔ ကြၽန္ေတာ္ ေျပာတဲ့အခ်ိန္မွာ သူက သူ႔ပုံစံနဲ႔သူ လုပ္ေနတယ္လို႔ ေျပာမွာပါ။ ခင္ဗ်ား ျမင္တဲ့အတိုင္းပဲ သူက အခ်ိဳ႕ေနရာေတြမွာ ပက္နဲ႔ အရမ္းကြာျခားပါတယ္။ ဒါေပမယ့္ နည္းဗ်ဴဟာပိုင္းကေတာ့ အတူတူပါပဲ။ သူ႔အမူအရာ၊ သူ သတင္းမီဒီယာေတြနဲ႔ စကားေျပာတဲ့ပုံစံက အရမ္းေကာင္းတယ္။ ကြၽန္ေတာ္ သူ႔ သေဘာထားကို ႏွစ္သက္တယ္။ သူ႔ရဲ႕ အျပဳအမူကို ႏွစ္သက္တယ္။ သူ႔ကို နည္းျပတစ္ေယာက္အေနနဲ႔ ႏွစ္သက္တယ္။ သူ႔ကို နည္းျပတစ္ေယာက္အျဖစ္နဲ႔ သူတို႔ေတြ ယုံၾကည္မႈရွိတာကို ႏွစ္သက္တယ္။ အဲဒီေတာ့ အခုေပ်ာက္ဆုံးေနတဲ့တစ္ခုတည္းေသာအရာက ဆုဖလားေတြ အႏိုင္ရဖို႔ပဲဆိုတာ သိသာပါတယ္။”
အြန္နရီက ပက္နဲ႔ အာတီတာတို႔မွာ ဘယ္လိုမ်ိဳး တူညီတဲ့ နည္းဗ်ဴဟာပိုင္း ဖေလာ္ေဆာ္ဖီေတြရွိလဲဆိုတာကို ဆက္လက္ေဆြးေႏြးခဲ့ၿပီး ဂန္းနားေတြရဲ႕ တည္ေဆာက္ပုံကို ခ်ိဳးဖ်က္ၿပီး အာတီတာက ကစားသမားအခ်ိဳ႕ရဲ႕ ခံယူခ်က္ကို ေျပာင္းလဲႏိုင္ဖို႔ ဘယ္လို ကူညီေပးခဲ့လဲဆိုတာ ထဲထဲဝင္ဝင္ ရွင္းျပခဲ့ပါတယ္။
“ေနာက္ခံေတာင္ပံကစားသမားက အတြင္းကို ဝင္တယ္။ ေတာင္ပံကစားသမားေတြက ေရွ႕တက္ၿပီး ေတာင္ပံထြက္ကစားသမားတယ္။ မႏွစ္က ဂရာနစ္ ခ်ာကာက ေျပာင္းလဲသြားတယ္ေနာ္ဆိုၿပီး သူတို႔ေတြ ျဖစ္သြားတုန္းက လူေတြက ကြၽန္ေတာ့္ကို ရယ္ရေအာင္ လုပ္တယ္။ ဟုတ္ပါတယ္။ ေျပာင္းလဲသြားတာသိသာပါတယ္။ သူက ခံစစ္ရဲ႕အေရွ႕မွာမဟုတ္ေတာ့ဘူးဆိုေတာ့ အမွားနည္းသြားတာေပါ့။ ေဘာလုံး မၾကာခဏ မဆုံးရႈံးေတာ့ဘူး။ အိုး သူ ဂိုးေတြလည္း ပိုသြင္းလာႏိုင္တယ္ေနာ္တဲ့။ အင္း ဟုတ္ပါတယ္။ သူက ေရွ႕ပိုတက္ကစားေနတာကိုး။ ခင္ဗ်ား သိပါတယ္။ အိုး ပါေတးကလည္း အခု ကစားသမားေကာင္းျဖစ္ေနၿပီတဲ့။ အင္း တန္ျပန္တိုက္စစ္ကို တစ္ေယာက္တည္း တားဆီးဖို႔ ႀကိဳးပမ္းမယ့္အစား သူ႔မွာ ဘယ္နဲ႔ ညာမွာ ေနာက္ခံေတာင္ပံလူေတြ ရွိေနတာကိုး။အခု သူ႔ေရွ႕မွာရွိတဲ့ဟာကိုပဲ သူ အာ႐ုံစိုက္ႏိုင္ေနၿပီကိုး”လို႔ ေျပာၾကားခဲ့ပါတယ္။
အြန္နရီက ၿပီးခဲ့တဲ့ရာသီေႏွာင္းပိုင္းမွာ အာဆင္နယ္ရဲ႕ ဆုဖလားစိန္ေခၚမႈ ရႈံးနိမ့္ခဲ့ရတဲ့ပုံစံက ဂန္းနားေတြ ျပဳလုပ္ႏိုင္ခဲ့တဲ့ တိုးတက္မႈအေပၚ လူေတြရဲ႕ ခံယူခ်က္ကို ဖုံးကြယ္ထားခဲ့ေပမယ့္ အာတီတာရဲ႕ နည္းဗ်ဴဟာေတြက ျပႆနာမဟုတ္ဘူးလို႔ ဝန္ခံခဲ့ပါတယ္။
“ခင္ဗ်ားက ေဘာလုံးရေနတဲ့အခ်ိန္မွာ တန္ျပန္တိုက္စစ္ဆင္တာမခံခ်င္ဘူးဆိုရင္ ေဘာလုံးပိုင္ဆိုင္မႈကို ထိန္းသိမ္းႏိုင္ေစမယ့္ စနစ္ရွိရမွာပါ။ အဲဒါက ၿပီးဆုံးသြားခဲ့ၿပီဆိုတာ သိသာပါတယ္။ ၿပီးတာက ၿပီးၿပီ။ ဒါေပမယ့္ ဟုတ္ပါတယ္။ တူညီမႈေတြက အမ်ားႀကီးရွိပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Legends' Talk
- Team News