အာဆင်နယ် ခေါ်ရမယ့်ကစားသမားက ဘယ်လိုမျိုးလဲဆိုတာ ပြောပြခဲ့တဲ့ ပီတစ် 1024 504 coyg

အာဆင်နယ် ခေါ်ရမယ့်ကစားသမားက ဘယ်လိုမျိုးလဲဆိုတာ ပြောပြခဲ့တဲ့ ပီတစ်

အာဆင်နယ်အနေနဲ့ နယူးကာဆယ်ယူနိုက်တက်ကြယ်ပွင့် အလက်ဇန်းဒါး အိုင်းဆက်လိုမျိုး တိုက်စစ်မှူးကို ခေါ်ယူဖို့ ကြိုးပမ်းသင့်တယ်လို့ ဂန္တဝင်ကွင်းလယ်ကစားသမား အီမန်နျူရယ် ပီတစ်က ပြောကြားခဲ့ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားဟောင်းဟာ ၎င်းရဲ့အသင်းဟောင်းအနေနဲ့ ယခုရာသီမှာ ဆုဖလားတွေအတွက် ယှဉ်ပြိုင်ချင်တယ်ဆိုရင် တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

အိုင်းဆက်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီမှာ ရီးရဲလ်ဆိုစီဒက်ကနေ နယူးကာဆယ်ကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာပြီးကတည်းက အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့တာဖြစ်ပြီး ယခုရာသီမှာလည်း သွင်းဂိုး ၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

အာဆင်နယ်ရဲ့အဓိကပွဲထွက်တိုက်စစ်မှူးဖြစ်တဲ့ ဂါဘရီယဲလ် ဂျေးဇု ဒဏ်ရာရရှိနေတာကြောင့် ပါဝင်ကစားပေးနေတဲ့ အက်ဒီ အန်ကီးတီးယားဟာ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးအချို့ကို ဖြုန်းတီးခဲ့ပြီးနောက် ပီတစ်က အိုင်းဆက်လို အရည်အသွေးရှိတဲ့ တိုက်စစ်မှူးမျိုး အာတီတာ ရှာဖွေသင့်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“အိုင်းဆက်က အရပ်ရှည်တယ်။ကြမ်းကြမ်းတမ်းတမ်းကစားနိုင်ပြီး နည်းစနစ်ပိုင်းလည်း အရမ်းကောင်းတယ်။ သူက ဘောလုံးရတဲ့အချိန်တိုင်း ဂိုးသွင်းယူချင်နေပေမယ့် ပိုပြီး တိကျဖို့တော့ လိုပါသေးတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ နည်းစနစ်ပိုင်းဆိုင်ရာအရ သူ ကွင်းထဲမှာရှိနေတာက ကြီးမားတဲ့ အားတက်စရာတစ်ခုပါ။ တစ်စုံတစ်ယောက်က တစ်နေ့မှာ သူက သီယာရီ အွန်နရီလိုမျိုး ကစားနိုင်တယ်လို့ ပြောလာရင် သူတို့ပြောတာ ကျွန်တော် ယုံကြည်မိမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီလိုပြောဖို့က စောလွန်းပါသေးတယ်။သူက တိုက်စစ်မှူးကောင်းဖြစ်ပြီး အာဆင်နယ်က ရှိချင်မယ့် ကစားသမားမျိုးပါ။ ဘာလို့လဲဆိုတော့ သူက မတူညီတဲ့အရည်အသွေးတွေ ယူဆောင်လာမှာမို့လို့ပါ”

“ဂျေးဇုနဲ့ အန်ကီးတီးယားက တူညီတဲ့ပုံစံနဲ့ ကစားကြတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ၊ နည်းစနစ်ပိုင်းဆိုင်ရာနဲ့ သူတို့ရဲ့ အဆုံးသတ်က အရမ်းကြီး မကွာဘူး။ ကျွန်တော် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲက အန်ကီးတီးယားရဲ့ အဆုံးသတ်ကြောင့် စိတ်ပျက်ခဲ့တယ်။ သူ့မှာ အရမ်းကောင်းတဲ့ အခွင့်အရေး ၂ ကြိမ်တောင် ရခဲ့တာပါ။ အာဆင်နယ်က ပြိုင်ပွဲစုံမှာ တစ်ရာသီ ဂိုး ၃၀ လောက် သွင်းနိုင်မယ့် တိုက်စစ်မှူးမျိုး လိုပါတယ်။ အဲဒါက အာတီတာအနေနဲ့ အသင်းကို တိုးတက်အောင်လုပ်ချင်တယ်ဆိုရင် ပျောက်ဆုံးနေတဲ့အရာပါ။ အိုင်းဆက်က အရမ်းကောင်းတဲ့ တိုက်စစ်မှူးဖြစ်ပြီး ဒဏ်ရာရခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် ရာသီဒုတိယပိုင်းမှာ အဆုံးသတ်ပိုင်း အရမ်းကောင်းခဲ့တယ်။ သူ ဒီနှစ်မှာလည်း ကောင်းကောင်း စတင်နိုင်ခဲ့တယ်။ သူသာ ဒဏ်ရာမရအောင် ရှောင်ကစားနိုင်ရင် သူ့ရဲ့ အရည်အသွေးအစစ်အမှန်ကို ကျွန်တော်တို့ မြင်ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက နယူးကာဆယ်ကို ရောက်လာခဲ့တဲ့အချိန်ကတည်းက ခံစစ်ကစားသမားတွေအတွက် ပြဿနာဖြစ်ခဲ့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္အေနနဲ႔ နယူးကာဆယ္ယူႏိုက္တက္ၾကယ္ပြင့္ အလက္ဇန္းဒါး အိုင္းဆက္လိုမ်ိဳး တိုက္စစ္မႉးကို ေခၚယူဖို႔ ႀကိဳးပမ္းသင့္တယ္လို႔ ဂႏၲဝင္ကြင္းလယ္ကစားသမား အီမန္န်ဴရယ္ ပီတစ္က ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္ကြင္းလယ္ကစားသမားေဟာင္းဟာ ၎ရဲ႕အသင္းေဟာင္းအေနနဲ႔ ယခုရာသီမွာ ဆုဖလားေတြအတြက္ ယွဥ္ၿပိဳင္ခ်င္တယ္ဆိုရင္ တိုက္စစ္ကို အင္အားျဖည့္တင္းဖို႔ မျဖစ္မေန လိုအပ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

အိုင္းဆက္ဟာ ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီမွာ ရီးရဲလ္ဆိုစီဒက္ကေန နယူးကာဆယ္ကို အသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အထင္ႀကီးဖြယ္ေျခစြမ္းျပသခဲ့တာျဖစ္ၿပီး ယခုရာသီမွာလည္း သြင္းဂိုး ၂ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕အဓိကပြဲထြက္တိုက္စစ္မႉးျဖစ္တဲ့ ဂါဘရီယဲလ္ ေဂ်းဇု ဒဏ္ရာရရွိေနတာေၾကာင့္ ပါဝင္ကစားေပးေနတဲ့ အက္ဒီ အန္ကီးတီးယားဟာ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲစဥ္မွာ အလြန္ေကာင္းမြန္တဲ့ အခြင့္အေရးအခ်ိဳ႕ကို ျဖဳန္းတီးခဲ့ၿပီးေနာက္ ပီတစ္က အိုင္းဆက္လို အရည္အေသြးရွိတဲ့ တိုက္စစ္မႉးမ်ိဳး အာတီတာ ရွာေဖြသင့္တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“အိုင္းဆက္က အရပ္ရွည္တယ္။ၾကမ္းၾကမ္းတမ္းတမ္းကစားႏိုင္ၿပီး နည္းစနစ္ပိုင္းလည္း အရမ္းေကာင္းတယ္။ သူက ေဘာလုံးရတဲ့အခ်ိန္တိုင္း ဂိုးသြင္းယူခ်င္ေနေပမယ့္ ပိုၿပီး တိက်ဖို႔ေတာ့ လိုပါေသးတယ္။ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ နည္းစနစ္ပိုင္းဆိုင္ရာအရ သူ ကြင္းထဲမွာရွိေနတာက ႀကီးမားတဲ့ အားတက္စရာတစ္ခုပါ။ တစ္စုံတစ္ေယာက္က တစ္ေန႔မွာ သူက သီယာရီ အြန္နရီလိုမ်ိဳး ကစားႏိုင္တယ္လို႔ ေျပာလာရင္ သူတို႔ေျပာတာ ကြၽန္ေတာ္ ယုံၾကည္မိမွာပါ။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ အဲဒီလိုေျပာဖို႔က ေစာလြန္းပါေသးတယ္။သူက တိုက္စစ္မႉးေကာင္းျဖစ္ၿပီး အာဆင္နယ္က ရွိခ်င္မယ့္ ကစားသမားမ်ိဳးပါ။ ဘာလို႔လဲဆိုေတာ့ သူက မတူညီတဲ့အရည္အေသြးေတြ ယူေဆာင္လာမွာမို႔လို႔ပါ”

“ေဂ်းဇုနဲ႔ အန္ကီးတီးယားက တူညီတဲ့ပုံစံနဲ႔ ကစားၾကတယ္။ ဒါေပမယ့္ ႐ုပ္ပိုင္းဆိုင္ရာ၊ နည္းစနစ္ပိုင္းဆိုင္ရာနဲ႔ သူတို႔ရဲ႕ အဆုံးသတ္က အရမ္းႀကီး မကြာဘူး။ ကြၽန္ေတာ္ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲက အန္ကီးတီးယားရဲ႕ အဆုံးသတ္ေၾကာင့္ စိတ္ပ်က္ခဲ့တယ္။ သူ႔မွာ အရမ္းေကာင္းတဲ့ အခြင့္အေရး ၂ ႀကိမ္ေတာင္ ရခဲ့တာပါ။ အာဆင္နယ္က ၿပိဳင္ပြဲစုံမွာ တစ္ရာသီ ဂိုး ၃၀ ေလာက္ သြင္းႏိုင္မယ့္ တိုက္စစ္မႉးမ်ိဳး လိုပါတယ္။ အဲဒါက အာတီတာအေနနဲ႔ အသင္းကို တိုးတက္ေအာင္လုပ္ခ်င္တယ္ဆိုရင္ ေပ်ာက္ဆုံးေနတဲ့အရာပါ။ အိုင္းဆက္က အရမ္းေကာင္းတဲ့ တိုက္စစ္မႉးျဖစ္ၿပီး ဒဏ္ရာရခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ႏွစ္ ရာသီဒုတိယပိုင္းမွာ အဆုံးသတ္ပိုင္း အရမ္းေကာင္းခဲ့တယ္။ သူ ဒီႏွစ္မွာလည္း ေကာင္းေကာင္း စတင္ႏိုင္ခဲ့တယ္။ သူသာ ဒဏ္ရာမရေအာင္ ေရွာင္ကစားႏိုင္ရင္ သူ႔ရဲ႕ အရည္အေသြးအစစ္အမွန္ကို ကြၽန္ေတာ္တို႔ ျမင္ရပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ သူက နယူးကာဆယ္ကို ေရာက္လာခဲ့တဲ့အခ်ိန္ကတည္းက ခံစစ္ကစားသမားေတြအတြက္ ျပႆနာျဖစ္ခဲ့လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet