အသင်းဟောင်း ၂ သင်းရဲ့ ဆုဖလားစိန်ခေါ်နိုင်စွမ်းကို သတ်မှတ်ခဲ့တဲ့ ဖာဘရီဂတ်စ်
အာဆင်နယ်နဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဆက်စ် ဖာဘရီဂတ်စ်က အာဆင်နယ်ရဲ့ ယခုနွေရာသီ ကစားသမားသစ်တွေဟာ အသင်းကို ပိုမိုအားကောင်းစေခဲ့ပြီး နောက်ထပ် ဆုဖလားစိန်ခေါ်မှု ပြုလုပ်နိုင်စေလိမ့်မယ်လို့ ယုံကြည်နေပေမယ့်လည်း ချဲလ်ဆီးကတော့ ဂန်းနားတွေ အဆင့်အတန်းကို ရောက်ဖို့ အချိန်အနည်းငယ် ယူရဦးမယ်လို့ သံသယရှိနေပါတယ်။
ဂန်းနားတွေဟာ ယခုနွေရာသီမှာ ဒီကလန် ရိုက်၊ ကိုင် ဟာဗတ်ဇ်၊ ယူရီယန် တင်းဘားနဲ့ ဒေးဗစ် ရာယာတို့ကို ပေါင်သန်း ၂၃၀ ဝန်းကျင် သုံးစွဲပြီး ခေါ်ယူခဲ့ပြီးနောက် ရာသီသစ်မှာ ပထမဆုံး ၂ ပွဲဆက်တိုက် နိုင်ပွဲရခဲ့ပေမယ့် ပြီးခဲ့တဲ့ စနေနေ့မှာ ဖူလ်ဟမ်ကို အိမ်ကွင်းမှာ သရေကျခဲ့တာဖြစ်ပါတယ်။
ဖာဘရီဂတ်စ်က အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဒီကလန် ရိုက်က အာဆင်နယ်အတွက် ပွဲအဖြေပြောင်းလဲပေးနိုင်တဲ့ ကစားသမားဖြစ်ပြီး ၎င်းရဲ့ အသင်းဟောင်းက နောက်ထပ်တစ်ကြိမ် မန်စီးတီးကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။
“အာဆင်နယ်က နောက်ထပ်တစ်ကြိမ် ဆုဖလားအတွက် ယှဉ်ပြိုင်နိုင်မယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ အာဆင်နယ်က ပြီးခဲ့တဲ့နှစ်ကထက် ပိုအားကောင်းလာတာကို ကျွန်တော် မြင်နေရပါတယ်။ အဲဒီတော့ သူတို့တွေ မန်စီးတီးကို ပိုလို့တောင်မှ တွန်းအားပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သူတို့တွေ ဆုဖလားအနိုင်ရရှိချင်တယ်ဆိုရင် မနှစ်ကထက်တော့ ပိုပြီးတော့ ပြင်းပြင်းထန်ထန် အလုပ်ပိုလုပ်ရမယ်လို့ ထင်ပါတယ်။ သူတို့တွေ မနှစ်ကလုပ်ခဲ့တာကလည်း တကယ်ကို ကောင်းမွန်ခဲ့တာပါ”
“ချဲလ်ဆီးကလည်း ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ ကျွန်တော် ကျိန်းသေပေါက်မြင်နေရပါတယ်။ အရမ်းကို ငယ်ရွယ်ပြီး လှုပ်ရှားတက်ကြွနေတဲ့၊ အားကောင်းတဲ့၊ အင်အားအပြည့်နဲ့ ပရီးမီးယားလိဂ်ဖလားကို နှစ်အတော်ကြာ ယှဉ်ပြိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေမယ့် လူစာရင်းကို တည်ဆောက်နေတာပါ။ သူတို့ခေါ်ယူခဲ့တဲ့ ကစာသးမားတွေက ထိပ်တန်းအရည်အသွေးရှိတဲ့သူတွေပါ။ အခု သူတို့ကို အတူတူ ပေါင်းစည်းကစားစေပြီး ကြီးထွားခွင့်ပေးဖို့နဲ့ လိဂ်အသစ်မှာ အသားကျအောင် လုပ်ခိုင်းဖို့ပဲ ကျန်ပါတော့တယ်”
“ဥပမာအနေနဲ့ အန်ဇို ဖာနန်ဒက်ဇ်က ပြီးခဲ့တဲ့နှစ်မှာ ရာသီတဝက်လောက် ကစားခဲ့ပြီးပြီ။ သူ ဒီနှစ်မှာ ပိုပြီးတော့ ကောင်းမွန်လာပါလိမ့်မယ်။ ကိုင်ဆေဒိုကလည်း ထိပ်တန်းကစားသမားပါ။ အားကောင်းပြီး ရောဘတ်တို ဒီဇာဘီလိုမျိုး အရမ်းတော်တဲ့ နည်းပြရဲ့ လက်အောက်မှာ လေ့ကျင့်ခဲ့တဲ့ အရည်အသွေးတွေရှိတဲ့ကစားသမားပါ။ အဲဒီတော့ ချဲလ်ဆီးလူစာရင်းထဲမှာ အပေါင်းလက္ခဏာတွေအများကြီးရှိနေပြီး ဒီနှစ်မှာတော့ ဆုဖလားအတွက် မယှဉ်ပြိုင်နိုင်သေးတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လာမယ့်နှစ်မှာတော့ သူတို့တွေ ပရီးမီးယားလိဂ်အတွက် နောက်ထပ်တစ်ကြိမ် စတင်ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း ဆက္စ္ ဖာဘရီဂတ္စ္က အာဆင္နယ္ရဲ႕ ယခုေႏြရာသီ ကစားသမားသစ္ေတြဟာ အသင္းကို ပိုမိုအားေကာင္းေစခဲ့ၿပီး ေနာက္ထပ္ ဆုဖလားစိန္ေခၚမႈ ျပဳလုပ္ႏိုင္ေစလိမ့္မယ္လို႔ ယုံၾကည္ေနေပမယ့္လည္း ခ်ဲလ္ဆီးကေတာ့ ဂန္းနားေတြ အဆင့္အတန္းကို ေရာက္ဖို႔ အခ်ိန္အနည္းငယ္ ယူရဦးမယ္လို႔ သံသယရွိေနပါတယ္။
ဂန္းနားေတြဟာ ယခုေႏြရာသီမွာ ဒီကလန္ ႐ိုက္၊ ကိုင္ ဟာဗတ္ဇ္၊ ယူရီယန္ တင္းဘားနဲ႔ ေဒးဗစ္ ရာယာတို႔ကို ေပါင္သန္း ၂၃၀ ဝန္းက်င္ သုံးစြဲၿပီး ေခၚယူခဲ့ၿပီးေနာက္ ရာသီသစ္မွာ ပထမဆုံး ၂ ပြဲဆက္တိုက္ ႏိုင္ပြဲရခဲ့ေပမယ့္ ၿပီးခဲ့တဲ့ စေနေန႔မွာ ဖူလ္ဟမ္ကို အိမ္ကြင္းမွာ သေရက်ခဲ့တာျဖစ္ပါတယ္။
ဖာဘရီဂတ္စ္က အသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ ဒီကလန္ ႐ိုက္က အာဆင္နယ္အတြက္ ပြဲအေျဖေျပာင္းလဲေပးႏိုင္တဲ့ ကစားသမားျဖစ္ၿပီး ၎ရဲ႕ အသင္းေဟာင္းက ေနာက္ထပ္တစ္ႀကိမ္ မန္စီးတီးကို စိန္ေခၚႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိေနတာျဖစ္ပါတယ္။
“အာဆင္နယ္က ေနာက္ထပ္တစ္ႀကိမ္ ဆုဖလားအတြက္ ယွဥ္ၿပိဳင္ႏိုင္မယ္ဆိုတာ ၁၀၀ ရာခိုင္ႏႈန္း ေသခ်ာပါတယ္။ အာဆင္နယ္က ၿပီးခဲ့တဲ့ႏွစ္ကထက္ ပိုအားေကာင္းလာတာကို ကြၽန္ေတာ္ ျမင္ေနရပါတယ္။ အဲဒီေတာ့ သူတို႔ေတြ မန္စီးတီးကို ပိုလို႔ေတာင္မွ တြန္းအားေပးႏိုင္လိမ့္မယ္လို႔ ထင္ပါတယ္။ သူတို႔ေတြ ဆုဖလားအႏိုင္ရရွိခ်င္တယ္ဆိုရင္ မႏွစ္ကထက္ေတာ့ ပိုၿပီးေတာ့ ျပင္းျပင္းထန္ထန္ အလုပ္ပိုလုပ္ရမယ္လို႔ ထင္ပါတယ္။ သူတို႔ေတြ မႏွစ္ကလုပ္ခဲ့တာကလည္း တကယ္ကို ေကာင္းမြန္ခဲ့တာပါ”
“ခ်ဲလ္ဆီးကလည္း ဘာလုပ္ဖို႔ ႀကိဳးစားေနလဲဆိုတာ ကြၽန္ေတာ္ က်ိန္းေသေပါက္ျမင္ေနရပါတယ္။ အရမ္းကို ငယ္႐ြယ္ၿပီး လႈပ္ရွားတက္ႂကြေနတဲ့၊ အားေကာင္းတဲ့၊ အင္အားအျပည့္နဲ႔ ပရီးမီးယားလိဂ္ဖလားကို ႏွစ္အေတာ္ၾကာ ယွဥ္ၿပိဳင္ႏိုင္ဖို႔ အဆင္သင့္ျဖစ္ေနမယ့္ လူစာရင္းကို တည္ေဆာက္ေနတာပါ။ သူတို႔ေခၚယူခဲ့တဲ့ ကစာသးမားေတြက ထိပ္တန္းအရည္အေသြးရွိတဲ့သူေတြပါ။ အခု သူတို႔ကို အတူတူ ေပါင္းစည္းကစားေစၿပီး ႀကီးထြားခြင့္ေပးဖို႔နဲ႔ လိဂ္အသစ္မွာ အသားက်ေအာင္ လုပ္ခိုင္းဖို႔ပဲ က်န္ပါေတာ့တယ္”
“ဥပမာအေနနဲ႔ အန္ဇို ဖာနန္ဒက္ဇ္က ၿပီးခဲ့တဲ့ႏွစ္မွာ ရာသီတဝက္ေလာက္ ကစားခဲ့ၿပီးၿပီ။ သူ ဒီႏွစ္မွာ ပိုၿပီးေတာ့ ေကာင္းမြန္လာပါလိမ့္မယ္။ ကိုင္ေဆဒိုကလည္း ထိပ္တန္းကစားသမားပါ။ အားေကာင္းၿပီး ေရာဘတ္တို ဒီဇာဘီလိုမ်ိဳး အရမ္းေတာ္တဲ့ နည္းျပရဲ႕ လက္ေအာက္မွာ ေလ့က်င့္ခဲ့တဲ့ အရည္အေသြးေတြရွိတဲ့ကစားသမားပါ။ အဲဒီေတာ့ ခ်ဲလ္ဆီးလူစာရင္းထဲမွာ အေပါင္းလကၡဏာေတြအမ်ားႀကီးရွိေနၿပီး ဒီႏွစ္မွာေတာ့ ဆုဖလားအတြက္ မယွဥ္ၿပိဳင္ႏိုင္ေသးတာျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ လာမယ့္ႏွစ္မွာေတာ့ သူတို႔ေတြ ပရီးမီးယားလိဂ္အတြက္ ေနာက္ထပ္တစ္ႀကိမ္ စတင္ယွဥ္ၿပိဳင္ဖို႔ အဆင္သင့္ျဖစ္ေနလိမ့္မယ္လို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Legends' Talk
- Team News