လွန်းစ်နဲ့ရှုံးပွဲအပြီး ပြစ်တင်ဝေဖန်ရမယ့် ဂန်းနားကြယ်ပွင့်ကို သတ်မှတ်လိုက်တဲ့ အွန်နရီ 1024 504 coyg

လွန်းစ်နဲ့ရှုံးပွဲအပြီး ပြစ်တင်ဝေဖန်ရမယ့် ဂန်းနားကြယ်ပွင့်ကို သတ်မှတ်လိုက်တဲ့ အွန်နရီ

သီယာရီ အွန်ရီက အင်္ဂါနေ့ညက အာစီ လွန်းစ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်က ဝီလီယံ ဆာလီဘာရဲ့ ခံစစ်ကစားပုံကို မေးခွန်းထုတ်ခဲ့ပါတယ်။

ဂန်းနားတွေဟာ ဂါဘရီယဲလ် ဂျေးဇုရဲ့ အစောပိုင်းဦးဆောင်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အက်ဒရီယန် သော်မတ်ဆန်နဲ့ အယ်လီ ဝါဟီတို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပြီးနောက် ယခုရာသီ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

နောက်ထပ်ထိုးနှက်ချက်အနေနဲ့ အာတီတာဟာ ဘူကာယို ဆာကာကို တနင်္ဂနွေနေ့ အမ်းမရိတ်စ်မှာ မန်ချက်စတာစီးတီးနဲ့ ကစားရမယ့်ပွဲစဉ်မတိုင်ခင် ဒဏ်ရာရရှိသွားတာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဝါဟီက အင်္ဂါနေ့ညနေမှာ ဂန်းနားနောက်တန်းကို ပြဿနာဖြစ်စေခဲ့တာဖြစ်ပါတယ်။

အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ သော်မတ်ဆန်ရဲ့ ချေပဂိုးကို ဖန်တီးပေးခဲ့သလို ပွဲကစားချိန်ပြည့်ဖို့ မိနစ် ၂၀ အလိုမှာ အနိုင်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အွန်နရီက လွန်းစ်တိုက်စစ်မှူးရဲ့ လှုပ်ရှားမှုကို ချီးကျူးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်ဂန္တဝင်တိုက်စစ်မှူးက ဆာလီဘာရဲ့ ကစားပုံကို သဘောမကျဖြစ်ခဲ့တာဖြစ်ပြီး အာဆင်နယ်နောက်ခံလူဟာ လွန်းစ်တိုက်စစ်မှူးကို ပင်နယ်တီဧရိယာထဲ ပြန်လိုက်နိုင်ခြင်းမရှိခဲ့ဘူးလို့ စွပ်စွဲခဲ့ပါတယ်။

“အယ်လီက အဲဒီအဆုံးသတ်မှာတော့ အရမ်းကို ထူးခြားခဲ့တယ်။ ပထမဆုံးနဲ့ အရင်ဆုံး သူ ဆာလီဘာနဲ့ ဝေးဝေးနေတဲ့ပုံစံကိုစပြောကြတာပေါ့။ ခင်ဗျား မြင်တဲ့အတိုင်းပဲ သူ ဆာလီဘာနဲ့ သွားပြီး ဘောလုံးယှဉ်လုစရာမလိုပါဘူး။ ဆာလီဘာက ခင်ဗျား ဘောလုံး ပထမတစ်ချက်ထိတာနဲ့ အလဲထိုးပါလိမ့်မယ်။ ကွင်းလယ်နဲ့ ခံစစ်မျဉ်း ၂ ခုကြားမှာ ခင်ဗျား နေရာကောင်းကောင်းယူပြီး နေရုံပဲ။ ဝါဟီက အဲဒါကို လုပ်ခဲ့တယ်။ သူ အရမ်းကောင်းကောင်းလည်း အဆုံးသတ်နိုင်ပါတယ်။ ကျွန်တော်တို့ ဆာလီဘာအကြောင်း ပြောလို့ရမလား။ နေရာလွတ်တွေက ဘယ်တုန်းကမှ ဂိုးမသွင်းနိုင်ပါဘူး။ ခင်ဗျားရဲ့ တိုက်စစ်မှူးက ဘယ်နေရာမှာ ရှိနေလဲဆိုတာကိုရော ခင်ဗျား ကြည့်ရဲ့လား။ သူ ဘယ်တုန်းကမှ သူ့ရဲ့ ကျောနံပါတ် ၉ က ဘယ်မှာရှိနေလဲဆိုတာ မကြည့်ခဲ့ဘူး။ ကျောနံပါတ် ၉ ကပဲ အဲဒီမှာ ဂိုးသွင်းယူနိုင်ပါတယ်။ သူ ဘယ်တုန်းကမှ ဝါဟီ ဘာလုပ်နေလဲဆိုတာကို မကြည့်ခဲ့ဘူး။ သူ လုံးဝကို မကြည့်ခဲ့တာနော်။ သူ ဘယ်တော့မှ မကြည့်ဘူး။ ခင်ဗျားရဲ့ ပုခုံးပေါ်ကနေ လှမ်းအကဲခတ်နေရမယ်။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: သီယာရီ အြန္ရီက အဂၤါေန႔ညက အာစီ လြန္းစ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္က ဝီလီယံ ဆာလီဘာရဲ႕ ခံစစ္ကစားပုံကို ေမးခြန္းထုတ္ခဲ့ပါတယ္။

ဂန္းနားေတြဟာ ဂါဘရီယဲလ္ ေဂ်းဇုရဲ႕ အေစာပိုင္းဦးေဆာင္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း အက္ဒရီယန္ ေသာ္မတ္ဆန္နဲ႔ အယ္လီ ဝါဟီတို႔ရဲ႕ သြင္းဂိုးေတြကို ခြင့္ျပဳခဲ့ရၿပီးေနာက္ ယခုရာသီ ပထမဆုံးရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။

ေနာက္ထပ္ထိုးႏွက္ခ်က္အေနနဲ႔ အာတီတာဟာ ဘူကာယို ဆာကာကို တနဂၤေႏြေန႔ အမ္းမရိတ္စ္မွာ မန္ခ်က္စတာစီးတီးနဲ႔ ကစားရမယ့္ပြဲစဥ္မတိုင္ခင္ ဒဏ္ရာရရွိသြားတာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး ဝါဟီက အဂၤါေန႔ညေနမွာ ဂန္းနားေနာက္တန္းကို ျပႆနာျဖစ္ေစခဲ့တာျဖစ္ပါတယ္။

အသက္ ၂၀ အ႐ြယ္ တိုက္စစ္မႉးဟာ ေသာ္မတ္ဆန္ရဲ႕ ေခ်ပဂိုးကို ဖန္တီးေပးခဲ့သလို ပြဲကစားခ်ိန္ျပည့္ဖို႔ မိနစ္ ၂၀ အလိုမွာ အႏိုင္ဂိုးကိုလည္း သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အြန္နရီက လြန္းစ္တိုက္စစ္မႉးရဲ႕ လႈပ္ရွားမႈကို ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ျပင္သစ္ဂႏၲဝင္တိုက္စစ္မႉးက ဆာလီဘာရဲ႕ ကစားပုံကို သေဘာမက်ျဖစ္ခဲ့တာျဖစ္ၿပီး အာဆင္နယ္ေနာက္ခံလူဟာ လြန္းစ္တိုက္စစ္မႉးကို ပင္နယ္တီဧရိယာထဲ ျပန္လိုက္ႏိုင္ျခင္းမရွိခဲ့ဘူးလို႔ စြပ္စြဲခဲ့ပါတယ္။

“အယ္လီက အဲဒီအဆုံးသတ္မွာေတာ့ အရမ္းကို ထူးျခားခဲ့တယ္။ ပထမဆုံးနဲ႔ အရင္ဆုံး သူ ဆာလီဘာနဲ႔ ေဝးေဝးေနတဲ့ပုံစံကိုစေျပာၾကတာေပါ့။ ခင္ဗ်ား ျမင္တဲ့အတိုင္းပဲ သူ ဆာလီဘာနဲ႔ သြားၿပီး ေဘာလုံးယွဥ္လုစရာမလိုပါဘူး။ ဆာလီဘာက ခင္ဗ်ား ေဘာလုံး ပထမတစ္ခ်က္ထိတာနဲ႔ အလဲထိုးပါလိမ့္မယ္။ ကြင္းလယ္နဲ႔ ခံစစ္မ်ဥ္း ၂ ခုၾကားမွာ ခင္ဗ်ား ေနရာေကာင္းေကာင္းယူၿပီး ေန႐ုံပဲ။ ဝါဟီက အဲဒါကို လုပ္ခဲ့တယ္။ သူ အရမ္းေကာင္းေကာင္းလည္း အဆုံးသတ္ႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ ဆာလီဘာအေၾကာင္း ေျပာလို႔ရမလား။ ေနရာလြတ္ေတြက ဘယ္တုန္းကမွ ဂိုးမသြင္းႏိုင္ပါဘူး။ ခင္ဗ်ားရဲ႕ တိုက္စစ္မႉးက ဘယ္ေနရာမွာ ရွိေနလဲဆိုတာကိုေရာ ခင္ဗ်ား ၾကည့္ရဲ႕လား။ သူ ဘယ္တုန္းကမွ သူ႔ရဲ႕ ေက်ာနံပါတ္ ၉ က ဘယ္မွာရွိေနလဲဆိုတာ မၾကည့္ခဲ့ဘူး။ ေက်ာနံပါတ္ ၉ ကပဲ အဲဒီမွာ ဂိုးသြင္းယူႏိုင္ပါတယ္။ သူ ဘယ္တုန္းကမွ ဝါဟီ ဘာလုပ္ေနလဲဆိုတာကို မၾကည့္ခဲ့ဘူး။ သူ လုံးဝကို မၾကည့္ခဲ့တာေနာ္။ သူ ဘယ္ေတာ့မွ မၾကည့္ဘူး။ ခင္ဗ်ားရဲ႕ ပုခုံးေပၚကေန လွမ္းအကဲခတ္ေနရမယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet